ရန်ကုန်မြို့အတွက် စီမံကိန်းသုံးခု ဂျပန်အထောက်အပံ့ အမေရိကန်ဒေါ်လာ ရှစ်ဘီလျံထဲမှ စတင်သုံးမည်

ရန်ကုန်မြို့အတွက် စီမံကိန်းသုံးခု ဂျပန်အထောက်အပံ့ အမေရိကန်ဒေါ်လာ ရှစ်ဘီလျံထဲမှ စတင်သုံးမည် - Property News in Myanmar from iMyanmarHouse.com
24 Nov 2016 10:58 am တွင် တင်ခဲ့သည်
3202 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် သွားရောက်ခဲ့သည့် ဂျပန်ခရီး
စဉ်တွင် ရရှိခဲ့သော ဖွံ့ဖြိုးရေးအထောက်အပံ့ ငွေကြေး အမေရိကန်ဒေါ်လာ ရှစ်ဘီလျံ
အတွင်းမှ အချို့ကိုအသုံးပြု၍ စီမံကိန်းသုံးခု ကို စတင်နေပြီဖြစ်ကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ထံမှသိရသည်။

အဆိုပါ ကူညီထောက်ပံ့မှုအတွင်းမှ ယခုနှစ်တွင် စတင်နေသည့် စီမံကိန်းများမှာ ရန်ကုန်မြို့၌
သန်လျင်တံတားသစ် တည်ဆောက်ရေးနှင့် ရန်ကုန်မြို့ ရေပေးဝေရေးစီမံကိန်းနှစ်ခုတို့ဖြစ်သည့်
တောင်ဒဂုံမြို့ နယ်ရှိ လဂွမ်းပြင် ရေပေးဝေရေးနှင့် လှိုင်မြစ် တစ်ဖက်ကမ်းရှိ ကုက္ကိုဝ
ရေပေးဝေရေးစီမံကိန်းတို့ဖြစ်ကာ (JICA) ၏ စီမံခန့်ခွဲမှုများနှင့်ပင် လုပ်ဆောင်သွားမည်ဖြစ်သည်။

"ဒီဂျပန်အစိုးရရဲ့ထောက်ပံ့မှုက ငါးနှစ် အကူအညီဖြစ်ပါတယ်။ ချေးငွေအားလုံးကို ဘယ်စီမံကိန်းမှာ ဘယ်လောက် ငွေကြေး ချေးသွားမယ်ဆိုတာတော့ အတိအကျ မသတ်မှတ်ရသေးပါဘူး။
ဒါပေမဲ့ ဒီနှစ်က တော့ ပထမနှစ်ဖြစ်တဲ့အတွက် အဲဒီထဲက တချို့စီမံကိန်းတွေကတော့ စနေပါပြီ"ဟု
JICA ၏ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံကိုယ်စားလှယ် မစ္စတာ ကိုင်အိချီယို နာကာဆာဝါက ပြောသည်။

ဂျပန်၏ ကူညီထောက်ပံ့မှုတွင် အတိုး နှုန်းသက်သာသည့် ရေရှည်အထောက်အပံ့ (ODA Loan)နှင့်
ပြန်လည်ပေးဆပ်ရန် မလို သည့်ချေးငွေ (Grant Aid) တို့ ပါဝင်သည်။ ထို့ပြင် ယင်း ဒေါ်လာရှစ်
ဘီလျံအကူ အညီတွင် ပါဝင်သည့် အတိုးနှုန်းသက်သာ သည့် နှစ်ရှည်ချေးငွေ (ODA Loan) များကို
JICA က အများဆုံး စီမံခန့်ခွဲသွားမည်ဖြစ် ကာ ချေးငွေရရှိမည့် စီမံကိန်းများကိုလည်း JICA ကပင်
စီမံကိန်းပြီးဆုံးသည်အထိ ပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံဆိုင်ရာ
တာဝန်ခံကိုယ်စားလှယ် မစ္စတာ ကိုင်အိချီယို နာကာဆာဝါက ပြောသည်။

ဂျပန်အကူအညီငွေကြေးဖြင့် စတင်မည် ဖြစ်သည့် စီမံကိန်းများနှင့်ပတ်သက်၍ မစ္စတာ ကိုင်အိချီယို
နာကာဆာဝါက "သန်လျင်တံတားသစ်တစ်စင်းကို ထိုးဖို့ အတွက် အစီအစဉ်ရှိပါတယ်။ နောက်တစ်ခါ
ရန်ကုန်မြို့ရဲ့ ရေပေးဝေတဲ့ စီမံကိန်းကို အဆင့်မြှင့်တင်တဲ့ စီမံကိန်းတွေလည်း အဲဒီ ထဲမှာ ပါဝင်ပါတယ်။
လဂွမ်းပြင်ဆိုတဲ့နေရာ ကနေ ရန်ကုန်မြို့ကိုရေပေးဝေတဲ့ စီမံကိန်း၊ ကုက္ကိုဝကနေ လှိုင်မြစ်ကိုဖြတ်ပြီးတော့
ရန်ကုန်မြို့ရဲ့ အလယ်ပိုင်းကို ရေပေးဝေဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာ ရှစ်ဘီလျံထဲမှာပါတဲ့
စီမံကိန်း တွေ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

သန်လျင်တံတားသစ်စီမံကိန်းသည် အတိုးနှုန်းသက်သာသည့် ချေးငွေထောက်ပံ့ သည့် အစီအစဉ်ဖြင့်
တည်ဆောက်သွားမည် ဖြစ်ပြီး အမေရိကန်ဒေါ်လာသန်း ၂၈၀ ကုန် ကျမည်ဖြစ်သည်။

အတိုးနှုန်းမှာ သုညဒသမ ၀၁ ရာခိုင်နှုန်းဖြစ်ပြီး နှစ်ပေါင်း ၄၀ နှစ်ရှည် ချေးငွေဖြစ်သည်။ JICA က
တံတားဆောက်လုပ်ရေးပိုင်း အတွက် ပုဂ္ဂလိကဆောက်လုပ်ရေးကုမ္ပဏီ များကို တင်ဒါခေါ်
သွားမည်ဖြစ်ကာ လက်ရှိအချိန်တွင် တံတားဒီဇိုင်း၏ အသေးစိတ် တွက်ချက်မှု ပြီးစီးနေပြီဖြစ်ပြီး
လာမည့် ၂၀၁၇ တွင် စတင်ဆောက်လုပ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

"ပထမဆုံးအနေနဲ့ တည်ဆောက်မယ့် ကုမ္ပဏီကို ရွေးချယ်ပြီးတဲ့အခါ ဆောက်လုပ်ရေးအနေနဲ့
စာချုပ်ချုပ်ရပါတယ်။ ကုမ္ပဏီ က တံတားကို စပြီးဆောက်ဖို့အတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေ
တင်သွင်းဖို့ ၁၅ ရာခိုင်နှုန်းငွေပမာဏကို စာချုပ်ထဲမှာ ထည့် ချုပ်ရပါတယ်။ အဲဒီငွေကို ပေးတဲ့အခါမှာ
ဆောက်လုပ်ရေးဝန်ကြီးဌာနက ကုမ္ပဏီကို ပေးတာမျိုးမဟုတ်ဘဲ JICA က တိုက်ရိုက်
ပေးမှာဖြစ်ပါတယ်"ဟု မစ္စတာ နာကာဆာဝါက မြန်မာတိုင်း(မ်)ကို ပြောသည်။

ထို့ပြင် ရန်ကုန်မြို့၏ ရေပေးဝေရေး အဆင့်မြှင့်တင်သည့် စီမံကိန်းများဖြစ်သည့် တောင်ဒဂုံမြို့နယ်တွင်
လဂွမ်းပြင် ရေပေးဝေ ရေးစီမံကိန်းမှာလည်း အတိုးနှုန်းနည်း ချေးငွေအစီအစဉ်ဖြင့် လုပ်ဆောင်သွားမည်
ဖြစ်ပြီး လာမည့် ၂၀၁၇ ဇွန်လတွင် ဆောက် လုပ်ရေးလုပ်ငန်းများ စတင်နိုင်မည်ဖြစ်သည်။

ရန်ကုန်မြို့ တစ်ဖက်ကမ်းရှိ ကုက္ကိုဝမှ လှိုင်မြစ်ကိုဖြတ်၍ ရန်ကုန်မြို့၏ အလယ်ပိုင်း မြို့နယ်များကို
ရေပေးဝေမည့်စီမံကိန်းမှာ ၂၀၁၇ ခုနှစ်တွင် ချေးငွေပေးရေး သဘောတူ ညီမှုလက်မှတ် ရေးထိုးမည်ဟု
သိရသည်။

Credit:Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က
အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က
ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ
ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ
လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်
လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်
Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ
Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ
Villa Shukhinthar
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service