နာမည်ကျော် ဦးပိန်တံ တားအနီး တောင်သမန်အင်း အတွင်းတည်ဆောက်နေသည့် တောင်သမန်သစ္စာစီမံကိန်းအပါ အ၀င် မန္တလေးမြို့ရှိ ရပ်ဆိုင်းထား သော စီမံကိန်းလုပ်ငန်းများကိုအ ချက်သုံးချက်ဖြင့် ပြန်လည်စိစစ် နေပြီး ကိုက်ညီပါက ပြန်လည် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သ တင်းရရှိသည်။
စီမံကိန်းလုပ်ငန်းများသည် နိုင်ငံသူ၊ နိုင်ငံသားများအပေါ် အ ကျိုးပြုနိုင်မှုရှိ၊မရှိ၊စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမည့် ငွေကြေးများ သည် ၀င်ငွေခွန်ဆောင်ထားခြင်း ရှိ၊မရှိနှင့် စီမံကိန်းလုပ်ငန်းများ ကြောင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာထိခိုက်ပျက်စီးမှုများမဖြစ် ပေါ်စေရန် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အစီအစဉ်ရှိ၊မရှိဆိုသော အချက်သုံးချက်ဖြင့် ပြန်လည်စိစစ်နေပြီး ကိုက်ညီပါက ပြန်လည်လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီးဦးဇာနည်အောင်က ပြောသည်။
‘‘ပြန်စစ်ရာမှာ ချစ်ခြင်း၊မုန်း ခြင်းမရှိ၊ ရစ်တာ၊ ညစ်တာမရှိ။ အဲဒီသုံးချက်နဲ့ညီညွတ်ပြီဆိုရင် တိုင်းအစိုးရအဖွဲ့က ပြန်လည် လုပ်ကိုင်ခွင့်ပြုမှာဖြစ်ပါတယ်’’ဟု ဦးဇာနည်အောင်ကဆိုသည်။
မန္တလေးတိုင်းအစိုးရအဖွဲ့က လတ်တလောရပ်ဆိုင်းထားသည့် စီမံကိန်းများတွင် အမရပူရ တောင်သမန်အင်းနှင့် ဦးပိန်တံ တားအနီးတွင် တောင်သမန်သစ္စာ ကုမ္ပဏီက တည်ဆောက်နေသည့် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် တောင်သမန်ကျေးလက်Resort ဟု အမည်ပေးထားသည့်အပန်း ဖြေဟိုတယ်စီမံကိန်း၊ ဧရာဝတီ မြစ်နှင့် ဒုဋ္ဌ၀တီမြစ်ဆုံ၊ အိုးထုတ္တန်း တွင်တည်ဆောက်နေသည့် စက် သုံးဆီတင်ချဆိပ်ကမ်းစီမံကိန်း နှင့် Axiom ကုမ္ပဏီက အကောင် အထည်ဖော်ဖောက်လုပ်နေသည့် မန္တလေး-ပြင်ဦးလွင်လမ်းသစ်စီမံ ကိန်းတို့ပါဝင်သည်။
တောင်သမန်သစ္စာစီမံကိန်း နှင့်ပတ်သက်၍ တောင်သမန် အင်းနှင့် ဦးပိန်တံတား၏ သဘာဝ အလှအပေါ်ထိခိုက်မှုများရှိလာ မည်ကို လွှတ်တော်ကိုယ်စားလှယ် များအပါအ၀င် ဒေသခံများကစိုး ရိမ်နေပြီးမြန်မာနိုင်ငံစက်သုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချရေးအသင်းမှ ကုမ္ပဏီထောင်ကာအကောင်အထည်ဖော်တည် ဆောက်နေသည့် စက်သုံးဆီအ တင်အချဆိပ်ကမ်းနှင့်ပတ်သက် ၍ ဧရာဝတီမြစ်ရေကမ်းပြိုခြင်းနှင့်အင်းဝရှေးဟောင်းယဉ်ကျေးမှုနယ်မြေအပေါ် ထိခိုက်မှုများရှိလာမည်ကို မန္တလေးမြို့ခံအချို့က စိုးရိမ်နေသည်။
မန္တလေး-ပြင်ဦးလွင်လမ်း သစ်စီမံကိန်းနှင့်ပတ်သက်၍ တိုင်းအစိုးရအဖွဲ့က ပြန်လည်လုပ်ကိုင်ခွင့်ပြုပေးပြီး သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာနနှစ်ခု၏ ခွင့်ပြုချက်လိုအပ်နေသည်ဟု ဦးဇာနည်အောင်ကဆိုသည်။
တောင်သမန်အပန်းဖြေဟို တယ်စီမံကိန်းနှင့်ပတ်သက်၍ အင်ဂျင်နီယာပိုင်းဆိုင်ရာဖြစ် သည့် အဆောက်အအုံများ၏ ဒီ ဇိုင်းပုံစံများကို တိုင်းအစိုးရအဖွဲ့ နှင့် ပြန်လည်ညှိနှိုင်းနေပြီးမကြာမီ ပြန်လည်လုပ်ကိုင်နိုင်ဖွယ်ရှိသည် ဟု တောင်သမန်သစ္စာကုမ္ပဏီမှ ဦးခင်မောင်ထွန်းကပြောသည်။ တိုင်းအစိုးရအဖွဲ့နှင့် ပြန်လည်ညှိ နှိုင်းနေ၍ တည်ဆောက်ရေးလုပ်ငန်းများရပ်ဆိုင်းထားရသည်မှာ လေးလခန့်ကြာမြင့်နေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။
ပြီးခဲ့သည့်အစိုးရသက်တမ်း အတွင်း ခွင့်ပြုပေးသည့် စီမံကိန်းလုပ်ငန်းများသည် အများပြည်သူအတွက် အကျိုးရှိမှုနည်းပါးပြီး အစိုးရနှင့် ရင်းနှီးသည့် စီးပွားရေးလုပ်ငန်းရှင်များကို အခွင့်ထူးပေးထားခြင်းဖြစ်ကြောင်း ဝေဖန်မှုများရှိနေခဲ့ရာ တိုင်းအစိုးရအဖွဲ့သစ်က ပြန်လည်စိစစ်နေခြင်းဖြစ်သည်။
Credit: 7DayDaily