ရန်ကုန်မြို့ကို ရှေးဟောင်းအမွေအနှစ်များဖြင့် စိမ်းလန်းပြီးနေချင်စဖွယ်ဖြစ်သည့် စီးပွားရေးမြို့တော်ကြီးအဖြစ် တည်ဆောက်ရန် စီမံကိန်းသစ်ရေးဆွဲနေ

ရန်ကုန်မြို့ကို ရှေးဟောင်းအမွေအနှစ်များဖြင့် စိမ်းလန်းပြီးနေချင်စဖွယ်ဖြစ်သည့် စီးပွားရေးမြို့တော်ကြီးအဖြစ် တည်ဆောက်ရန် စီမံကိန်းသစ်ရေးဆွဲနေ - Property News in Myanmar from iMyanmarHouse.com
23 Nov 2016 10:14 am တွင် တင်ခဲ့သည်
1071 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ကို ရှေးဟောင်းအမွေအနှစ် များဖြင့် စိမ်းလန်းပြီး နေချင်စဖွယ် ဖြစ်သည့် စီးပွားရေးမြို့တော်ကြီးအဖြစ် တည်ဆောက်သွားရန်ရှိပြီး အဆိုပါ တည်ဆောက်မှု စီမံကိန်းများအတွက် တိုင်းဒေသကြီးလွှတ်တော်တွင် အတည် ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ၂ဝ၄ဝ ခုနှစ်အထိ စီမံကိန်း ရေးဆွဲထားကာ နောင်အနှစ် ငါးဆယ်ခန့် အထိ Master Plan တစ်ခုကို စနစ်တကျပြန်ဖြစ်စေရေးအတွက် ရေးဆွဲ ဆောင်ရွက်နေကြောင်း ယနေ့နံနက်ပိုင်း က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၌ ပြုလုပ်သော ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအပြီးတွင် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ပြောကြားသည်။

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ဦးစားပေးလုပ်ဆောင် သွားမည့် အစီအစဉ်များတွင် Public Transportကို ဦးစားပေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် Public Transportဆောင်ရွက်ရာ တွင် ရေကြောင်းမှWater Taxi များ ပြေးဆွဲနိုင်ရေးအတွက် မကြာမီတင်ဒါ ခေါ်သွားမည်ဖြစ်ကြောင်းလည်း သိရ သည်။

''ရန်ကုန်မြို့ရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးက တော်တော်လေး အခက်အခဲမျိုးစုံ ကြုံနေပါတယ်။ ဘာလို့လဲဆိုတော့ ယာဉ်လိုင်းတွေဟာ တစ်ဦးချင်းပိုင်တွေဖြစ်တဲ့အတွက် ဒီမှာ ပြေးဆွဲနေကြတဲ့ယာဉ်တွေမှာ အခက်အခဲ တော်တော်လေး ရှိနေပါတယ်။ ဒါကြောင့် အများပြည်သူဝန်ဆောင်မှု ပုံစံမျိုးဖြစ်ဖို့ အတွက် အများပိုင်ကုမ္ပဏီ ရှစ်ခုလောက် ထူထောင်ပြီး ဘတ်စ်ကားလိုင်းတွေ ပြေးဆွဲနိုင်ဖို့ ပထမဦးစားပေးအနေနဲ့ ကြိုးစားပါမယ်။ ဒါနဲ့အတူ ရန်ကုန်မြို့မှာ Public Transport Control Centre တစ်ခုလုပ်မယ်။ နောက်တစ်ခုကTraffic Control Centre တစ်ခုဖွင့်လှစ်ပြီး ဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်။ ကားလမ်းမှာတော့ ဘတ်စ်ကားယာဉ် လိုင်းတွေ စနစ်တကျဖြစ်ဖို့ လုပ်မှာပါ။ တစ်ဖက်ကနေပြီးတော့ မြို့ပတ်ရထား လမ်းကိုလည်း အဆင့်မြှင့်တင်ဖို့အတွက် ကြိုးပမ်းသွားဖို့ရှိပါတယ်။ လက်ရှိမြေပြင် မှာ အဆင့်မြှင့်တင်ဖို့အတွက် မြန်မာ့ မီးရထားကနေပြီး ဆောင်ရွက်နေပါ ပြီ''ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ပြောကြားသည်။

သယ်ယူပို့ဆောင်ရေးစနစ် ဖော် ဆောင်ရန်အတွက် ပထမဦးဆုံးအနေ ဖြင့် ရန်ကုန်မြို့ပေါ် လမ်းမဘေး၌ ရောင်းချနေသည့် ဈေးသည်များကို စနစ်တကျ နေရာချထားရန် ပြင်ဆင် ထားပြီး နိုဝင်ဘာလကုန်ပိုင်းတွင် ရန်ကုန် ကမ်းနားလမ်းတစ်လျှောက်လုံး၌ ညဈေး တန်းတစ်ခုတည်ဆောက်ပြီး ရန်ကုန် မြို့လယ်ကောင်တွင်ရှိသည့် လမ်းဘေး ဈေးသည်များအား စနစ်တကျ နေရာ ပြောင်းပေးရန် ဆောင်ရွက်နေကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောသည်။

''ဒီလို ညဈေးတန်းတည်ဆောက် ခြင်းအားဖြင့် ကားပိတ်ဆို့မှုတွေ ဖြေလျှော့မှု ဖြစ်လာနိုင်ပါတယ်။ ပလက် ဖောင်းတွေပေါ်မှာ လူတွေလမ်းလျှောက် ဖို့ အဆင်ပြေလာနိုင်ပါတယ်။ ဒါ့အပြင် ရန်ကုန်မှာရှိနေတဲ့ လမ်းဘေးမှာရပ်ထား တဲ့ ကားတွေကိုလည်း စနစ်တကျ ကားပါကင်တွေထဲ ရောက်သွားဖို့ ကြိုးစား ပါ့မယ်။ ပါကင်ကြေးတွေကို စနစ်တကျ ပြန်ကောက်ယူဖို့ ကြိုးစားပါ့မယ်။

ပါကင် ကြေးတွေ မကောက်တော့ဘူးဆိုရင် အခက်အခဲတွေကဘာလဲဆိုရင် တစ်နေ ကုန်ရပ်ထားသလိုဖြစ်ပြီး တချို့အိမ် တွေဆို ကိုယ့်အိမ်ရှေ့ကားတစ်စီး လာရပ် ထားတာ ဘယ်နှနာရီမှာမှ ထွက်မယ် မှန်းမသိ။ ဒီလို အခြေအနေမျိုးတွေ ကြုံနေရတဲ့ အခက်အခဲတွေရှိနေပါတယ်။ တစ်ဖက်မှာလည်း Public Transport ကို ပြင်ဆင်လိုက်ခြင်းအားဖြင့် ရန်ကုန်မှာ ယာဉ်တွေနဲ့ပတ်သက်ပြီး ဘတ်စ်ကား ယာဉ်လိုင်းတွေ စနစ်တကျဖြစ်သွားမယ်။

နောက်တစ်ချက်ကတော့ ကားတွေကို တင်သွင်းတဲ့အခါမှာလည်း စနစ်တကျ တင်သွင်းဖို့ ဆောင်ရွက်ပါမယ်။ ဒီလို ကားသစ်တွေကို တင်သွင်းနိုင်ဖို့နဲ့ မြန်မာ နိုင်ငံမှာ ထုတ်လုပ်တဲ့ကားတွေကို မြန်မာ နိုင်ငံတွင်းက လူတွေအသုံးပြုနိုင်ဖို့ ဆောင်ရွက်ဖို့ရှိပါတယ်။ ဒါတွေအားလုံး ကို ဖြေရှင်းဆောင်ရွက်ဖို့အတွက် တိုင်း ဒေသကြီးအစိုးရက ကြိုးစားဆောင်ရွက် သွားမှာ ဖြစ်ပါတယ်''ဟု ဆက်လက် ပြောကြားသည်။

အဆိုပါစီမံကိန်းများ ဆောင်ရွက် ခြင်းဖြင့် မြို့ပြဖွံ့ဖြိုးမှုကို ရန်ကုန်မြို့၏ အရှေ့ဘက်၊ အနောက်ဘက်နှင့် တောင်ဘက်အားလုံးသို့ မျှတအောင် တည်ဆောက်သွားမည်ဖြစ်ပြီး ရန်ကုန် မြစ်သည် မြို့၏အလယ်၌ရှိသည့် မြစ်ကြီးဖြစ်သည်အထိ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်က ''ရန်ကုန်စီးပွားရေးစကြံ င်္ နှစ်ခု ရှိပါတယ်။ သီလဝါ၊ ရန်ကုန်ကနေ ဟံသာဝတီ လေဆိပ်အသစ်တည်ဆောက်မယ့် စင်္ကြံ တစ်ခုနဲ့ တွံတေး-ကွမ်းခြံကုန်း-ကော့မှူး ဘက်ကနေ ဟံသာဝတီဘက်အထိ သွားမယ့် စီးပွားရေးစင်္ကြံရှိပါတယ်။ ဒီနှစ်ခုစလုံးကို ဟန်ချက်ညီညီဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ဟောင်းကို တကယ်ကို ရှေးမူမပျက်ဘဲ Tourist Attraction ရှိဖို့၊ ဆိပ်ကမ်းတွေကို စနစ်တကျဖြစ်စေဖို့၊ ဆိပ်ကမ်းတွေမှာ လည်း အများပြည်သူအတွက် အပန်းဖြေ နိုင်မယ့်နေရာတွေဖြစ်ဖို့ ကြိုးပမ်းပါမယ်။

မြို့သစ်ရဲ့ ပုံသဏ္ဍန်တွေကို ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ပုံစံနဲ့ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတကာအနေနဲ့JICA၊ KOICA၊ ပြင်သစ်နဲ့ အင်္ဂလန်က ပညာရှင်တွေပူးပေါင်းပြီး တိုင်းဒေသကြီး အစိုးရက စီမံကိန်းရေးဆွဲသွားမှာဖြစ်ပါ တယ်။ ဒါကို မြို့တော်စည်ပင်က လွှတ်တော်မှာတင်ပြမှာပါ။ ပိုမိုကောင်း မွန်တဲ့ ရန်ကုန်မြို့ပြစီမံကိန်းအသစ် တစ်ခုဖြစ်အောင် ကျွန်တော်တို့ ကြိုးစား သွားဖို့ ရှိပါတယ်''ဟု ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်မြို့ပြ ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းနှင့် ပတ်သက်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရန်ကုန်မြို့၏ လူဦးရေသည် ၂ဝ၄ဝ တွင် ၁၂ သန်းခန့်အထိ တိုးတက်လာမည် ဖြစ်သည့်အတွက် ယခုကတည်းက ကြိုတင်၍ မြို့တိုးချဲ့မှုနှင့် မြို့သစ်တည်ရန် ကိစ္စများကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် တိုးချဲ့စီမံကိန်းများတွင် ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးကိစ္စများ အဆင်ပြေ စေရေး၊ လမ်းလူနေမှုစနစ်နှင့် အများ ပြည်သူ အလုပ်လုပ်သည့်နေရာများ သွားလာရေးအတိုဆုံးဖြစ်အောင် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ နောင်ငါးနှစ် ခန့်အတွင်း မြို့နေလူထု၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးဖွံ့ဖြိုးရန် ဟန်ချက် ညီ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယခုလက်ရှိတွင် ကျန်းမာရေးဝန်ကြီး ဌာနနှင့် ပူးပေါင်း၍ ဆေးရုံ ၅ဝဝ ခန့် တိုးချဲ့တည်ဆောက်နိုင်ရေး ဆောင်ရွက် လျက်ရှိပြီး ရန်ကုန်မြစ်၊ ပဲခူးမြစ်ဖြတ် တံတားများကိုလည်း ဖော်ဆောင်နေ ကြောင်း၊ သီလဝါမှတစ်ဆင့် တနင်္သာရီ- မွန်-သနပ်ပင်-သုံးခွမြို့များအထိ သွား ရောက်နိုင်ရေး ငါးနှစ်နှင့် ခုနစ်နှစ်ခန့် အတွင်း အကောင်အထည်ဖော် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း။

''ကျွန်တော်တို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေနဲ့ ပါဝင်တာကတော့ ပြည်သူ့အိမ်ရာတွေ တည်ဆောက်မှု ဖြစ်ပါတယ်။ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေး ဌာနက အိမ်ရာတွေကို အဓိကဖော်ထုတ် ဖို့ဖြစ်ပါတယ်။ အစိုးရရဲ့ သက်တမ်းနှစ်နှစ် အတွင်းမှာ အိမ်ခန်းရှစ်ထောင် ဖော်ထုတ် ပေးမယ်။ ဒီအိမ်ခန်းတွေကလည်း သိန်းတစ်ရာအောက်မှာပဲ ရှိရမယ်။ အဲဒီ အတွက် ဆောင်ရွက်တဲ့အခါမှာ ပြည်သူ လူထုအနေနဲ့ တစ်ဆင့်ပြီးတစ်ဆင့် အိမ်ရာ ပိုင်ဆိုင်တဲ့စနစ်ကို ရောက်သွားအောင် ပါ။ အဲဒီလိုဖြစ်ဖို့က အိမ်ရာဝယ်ယူတဲ့ အခါမှာ ရာခိုင်နှုန်းတစ်ခုကိုတော့ ပထမ ပေးရမှာပေါ့။ အိမ်ရာကို အရစ်ကျနဲ့ပေးရ မှာဖြစ်တဲ့အတွက် အနည်းဆုံးတော့ နေလို့ထိုင်လို့ သင့်တင့်လျောက်ပတ်တဲ့ အိမ်တစ်ခုဖြစ်သွားအောင်ပေါ့။

ရှေ့နှစ် လောက်ကစပြီး နောက် ၁၅ နှစ်လောက် အတွင်း အိမ်ဆိုပြီးရောမဟုတ်ဘဲ လူ တစ်ယောက်အတွက် လုံခြုံစိတ်ချရပြီး ဂုဏ်သိက္ခာရှိတဲ့ အခြေအနေမျိုးဖြစ် အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါ တယ်။ ပထမတော့ နှစ်နှစ်အတွင်း ရှစ်ထောင်၊ တခြားပုဂ္ဂလိကအဖွဲ့တွေနဲ့ ဆောင်ရွက်တာနဲ့ဆို ငါးနှစ်အတွင်း အိမ်ရာနှစ်သိန်း ဖော်ဆောင်ပေးမှာ ဖြစ်ပါ တယ်။ ၂ဝ၃ဝ စီမံချက်ကတော့ တစ်သန်း ရည်မှန်းထားပါတယ်။ ဒီတစ်သန်း ကတော့ ရန်ကုန်၊ မ္တလေးနဲ့ မြို့ကြီးတွေ အပါအဝင်ဖြစ်ပါတယ်''ဟု ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

Credit:MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ
အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ
Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ
Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
Villa Shukhinthar
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service