ဖော်ပြပါရဲတိုက်ကို လွန်ခဲ့သည့်နှစ်ရာစုနှစ်များစွာက တည်ဆောက်ခဲ့သည့်ရဲတိုက်ဟု
သင့်အနေဖြင့် ထင်မြင်ယူဆကောင်းယူဆပေမည်။ ထိုသို့ထင်မြင်ပါက သင့်မှန်းဆချက်က တက်တက်စင်အောင်လွဲပေသည်။ ၎င်းသည် ပြီးခဲ့သည့် ၂၂ နှစ်ကမှ ဆောက်လုပ်ခဲ့သည့် ခေတ်သစ်ရဲတိုက်ဖြစ်သည်။ တန်ကြေး ပေါင် ၂,၈၇၅,၀၀၀ (အမေရိကန်ဒေါ်လာ ၈၃,၅၇၁,၄၆၈) ရှိသည်။
ယူကေရှိ Wales (ဝေလ)နိုင်ငံတွင် တည်ရှိသည့် ၎င်းရဲတိုက်သည် Lot 11
အိမ်ခြံမြေအကျိုးဆောင်နှင့် ဈေးကွက်ထဲသို့ ရောက်ရှိလာခဲ့ပြီး လာမည့် ဒီဇင်ဘာတွင် လေလံတင်ရောင်းချမည်ဖြစ်သည်။
ထိုဈေးနှုန်းက ၎င်းရဲတိုက်အား ဝေလနိုင်ငံ မြောက်ပိုင်းဒေသဖြစ်သော North Walesဒေသတွင် ခေါ်ဈေးအမြင့်ဆုံးအဆောက်အအုံများအနက် ပါဝင်စေလိုက်သည်။
ယင်းဒေသတွင် အဆောက်အအုံတစ်ခု၏ ပျမ်းမျှတန်ဖိုးသည် ပေါင် ၁၈၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂၂၃၆၀၅) ဖြစ်ကြောင်း ယူကေအိမ်ခြံမြေ၀က်ဘ်ဆိုက်ဒ် Zoopla က
ထုတ်ပြန်ထားသည်။
ခေတ်သစ်ရဲတိုက်၏ မြေအကျယ်အ၀န်းမှာ ၄၆ ဧကရှိပြီး အဆောက်အအုံအတွင်း လျှို့
ဝှက်လှေကားများနှင့် မမြင်နိုင်သော နံရံဝှက်စပီကာများလည်း ရှိသည်။ ထို့အပြင် ဥယျာဉ်အတွင်း နှစ် ၂၀၀ သက်တမ်းရှိ သစ်ပင်အား ထွင်းထုထားသည့် နဂါးရုပ်တုတစ်ခု
လည်း ရှိသည်။ ယင်းရဲတိုက်သို့ သွားရောက်လည်ပတ်သူများသည် မီးတောက်များမှုတ်ထုတ်သည့် ၎င်းရုပ်တုကြောင့် ၀င်းထဲဝင်လျှင်ဝင်ချင်း ရပ်သပ်ရှုမောရမည်ဖြစ်သည်။
ဝင်း၏နောက်ဘက်တွင် သဘာဝရေကန်ငယ်တစ်ခု၊ ပန်းမွေ့ရာများနှင့် ရေပန်းတစ်ခု
တို့လည်း ရှိသည်။ အဆောက်အအုံအတွင်း ရုပ်ရှင်ကြည့်ခန်းတစ်ခန်း၊ အိပ်ခန်းခြောက်ခန်းနှင့် နံနက်စာဘား၊ အရက်ဘားတို့ပါဝင်
သည့် မီးဖိုချောင်တစ်ခုတို့ ပါဝင်သည်။
ဝင်းအတွင်း ဧရာမရေကူးကန်ကြီးတစ်ကန် ထည့်သွင်းဆောက်
လုပ်ရန်လည်း သက်ဆိုင်ရာမှ စီစဉ်နေကြသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com