အမေရိကန်ပြည်ထောင်စုတွင် ၃၄ နှစ်တာကာလအတွင်း နေအိမ်ဆောက်လုပ်မှု အမြင့်ဆုံး ပမာဏအထိ မြင့်တက်ခဲ့ကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အောက်တိုဘာလအတွင်း နေအိမ်ဆောက်လုပ်မှု ၂၅ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ပမာဏာအားဖြင့် ၁ ဒသမ ၃ သန်းဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထိုပမာဏမှာ ၁၉၈၂ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးပမာဏလည်း ဖြစ်သည်။
လက်ရှိတွင် အမေရိကန်လူမျိုးတို့သည် နေအိမ်ဝယ်ယူရန် များစွာစိတ်အားထက်သန်လျက်ရှိကြသော်လည်း ဈေးကွက်အတွင်းတွင်
ရောင်းချမည့်နေအိမ် ရှားပါးနေခြင်း ဖြစ်သည်။
အမေရိကန်လူငယ်များသည် ကိုယ်ပိုင်နေအိမ်တွင် နေထိုင်ရန် ဆုံးဖြတ်လာကြရာ နေအိမ်ငှားရမ်းမှုများ၊ ၀ယ်ယူခြင်းများ မြင့်တက်လာလျက်ရှိခြင်း ဖြစ်သည်။
အလုပ်အကိုင်ရရှိမှု မြင့်တက်လာခြင်းနှင့် ၀င်ငွေကောင်းမွန်လာခြင်းတို့ကြောင့် မိဘအိမ်မှ ထွက်ခွာလာသော လူငယ်တို့အကြား နေအိမ်ဝယ်လိုအားမြင့်တက်ခဲ့သည်ဟု စီးပွားရေးပညာရှင် ဒေးဗစ်ဘာဆန်က ပြောကြားသည်။
မိသားတစ်စုစာ ကျယ်ဝန်းသည့် နေအိမ်ဆောက်လုပ်မှုမှာ ၁၀ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
လက်ရှိဈေးကွက်တွင် ရောင်းချရန်နေအိမ် ၂ သန်းကျော်သာရှိရာ ယခင်နှစ်အောက် ၆ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းလျက်ရှိသည်။
ထို့ကြောင့် နေအိမ်သစ်ဆောက်လုပ်မှုများ များပြားလာခြင်းလည်း ဖြစ်သည်။
အလုပ်ရှင်တို့သည် ပျှမ်းမျှအားဖြင့် တစ်လလျှင် အလုပ်အကိုင်နေရာပေါင်း ၁၇၅၀၀၀ခန့် ဖော်ဆောင်ပေးလျက်ရှိရာ ပြီးခဲ့သော အောက်တိုဘာလအတွင်း အလုပ်လက်မဲ့ရာခိုင်နှုန်း ၄ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)