ကမ္ဘာကျော်ပန်းချီဆရာကြီး အင်ဒီဝါးဟိုး ပန်းချီဆွဲရာတွင် အသုံးပြုခဲ့သည့် နေအိမ်ကြီးကို ကန်ဒေါ်လာ ၁၀ သန်းခန့်ဖြင့်
ရောင်းထွက်သွားကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အင်ဒီဝါးဟိုးလ်သည် ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း အဆိုပါနေအိမ်ကြီးကို တစ်လလျှင်ကန်ဒေါ်လာ ၁၅၀ ဖြင့်ငှားရမ်းနေထိုင်ပြီး ကမ္ဘာကျော်ပန်းချီကားများကို ရေးဆွဲခဲ့သည်။
အင်ဒီဝါးဟိုးလ်၏ ထူးခြားချက်မှာ ပန်းချီနယ်ပယ်တစ်ခုတည်းတွင် အောင်မြင်ခြင်းမဟုတ်ဘဲ စာပေ၊ ရုပ်ရှင်၊ ပန်းပု၊ ဂီတ၊ ကွန်ပြူတာဒီဇိုင်းနယ်ပယ်တို့တွင်လည်း ထူးချွန်အောင်မြင်ခဲ့သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
အင်ဒီဝါးဟိုး၏ ပန်းချီလက်ရာတစ်ခုဖြစ်သော "Silver Car Crash (Double Disaster)" ပန်းချီကားကို ကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချရခဲ့ဖူးရာ ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးဖြစ်ခဲ့သည်။ The Economist မဂ္ဂဇင်းကြီးက အင်ဒီဝါးဟိုးလ်ကို အနုပညာဈေးကွက်၏ ဦးဆောင်ပုဂ္ဂိုလ်ဟု ရေးသားခဲ့သည်။
အဆိုပါပန်းချီကားကို ကင်းဗတ်စပေါ်တွင် ရေးဆွဲထားခြင်းဖြစ်ပြီး ၁၉၆၃ ခုနှစ်တွင် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။
အင်ဒီဝါးဟိုး ရိုက်ကူး (သို့မဟုတ်) ထုတ်လုပ်ခဲ့သည့် ရုပ်ရှင်ဇာတ်ကားပေါင်း ၁၄၇ ကားအထိ ရှိခဲ့သည်။
ရောင်းချခဲ့သည့်နေအိမ်တည်ရှိရာမှာ နယူးယောက်မြို့၊ မန်ဟက်တန်အရပ်၊ အရှေ့ ၈၇ လမ်း အမှတ် ၁၅၉ ရှိနေအိမ်ဖြစ်သည်။
ဝယ်ယူလိုက်သူများမှ ကန်ဒေါ်လာ ၉ ဒသမ ၉၇၅ သန်း ပေးခဲ့ရသည်ဟု ဆိုသည်။
နေအိမ်ကျယ်အ၀န်းမှာ စတုရန်းပေ ၅၀၀၀ ခန့်ကျယ်ဝန်းသည်။
အိမ်ခြံမြေမှတ်တမ်းများအရ ရောင်းချသူမှာ Wildenstein & Co
၏ ဥက္ကဌဖြစ်သူ ဂိုင်း ၀ါးဒန်စတိန်းဆိုသူဖြစ်သည်။
ဝါးဒန်စတိန်းသည် အခွန်ရှောင်လွှဲမှု ၊ ငွေကြေးခ၀ါချမှုတို့ဖြင့်
ပြင်သစ်နိုင်ငံတွင် အမှုရင်ဆိုင်ရလျက်ရှိသူ ဖြစ်သည်။
အင်ဒီဝါးဟိုးသည် ၁၉၆၂ ခုနှစ်မှ ၁၉၆၃ ခုနှစ်အကြား ငှားရမ်းနေထိုင်ကာ ပန်းချီဆွဲခဲ့ခြင်းဖြစ်ပြီး နေအိမ်ပြင်ပ ပထမဆုံး စတူဒီယိုဖြစ်ကြောင်း မှတ်တမ်းများတွင် ဖော်ပြသည်။အင်ဒီဝါးဟိုး၏ နေအိမ်မှာ
နယူးယောက်မြို့၊ လက်ဇင်တန် ရိပ်သာအရပ်တွင်တည်ရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)