ပေါ်တူဂီ ကမ္ဘာ့ဂေါက်သီးဆုပေးပွဲတွင် ဗီယက်နမ်ရှိ ဂေါက်ကွင်းကိုကမ္ဘာ့အကောင်းဆုံးအဖြစ် သတ်မှတ်လိုက်ကြောင်း ဗီယက်နမ်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ကွင်းအမည်မှာ ဘာနတောင်ကုန်းဂေါက်ကလပ်ဖြစ်ပြီး နိုင်ငံအလယ်ပိုင်းကမ်းရိုးတန်းမြို့
ကလေး ဒါနန်မှမော်တော်ကားဖြင့် နာရီဝက်ခရီးကွာဝေးသောအရပ်တွင် တည်ရှိသည်။
ဒါနန်သည် ဗီယက်နမ်တွင် စတုတ္ထမြောက် အကြီးမားဆုံးမြို့တစ်မြို့
ဖြစ်သည်။လာမည့်နှစ် အာရှဂေါက်ရိုက်ခရီးသွားလုပ်ငန်းညီလာခံ ကျင်းပမည့်နေရာ ဖြစ်သည်။
ကမ္ဘာ့ကောင်းဆုံး ဂေါက်ကွင်းဆုကို အင်တာနက်တွင် အများ၏ဆန္ဒမဲကောက်ယူကာ ဆုံးဖြတ်လေ့ရှိသည်။
နှစ်စဉ် ဧပြီလမှ အောက်တိုဘာလအကြား ဆန္ဒမဲကောက်ခံလေ့ရှိပြီး နိုင်ငံပေါင်း ၂၁၆ နိုင်ငံမှ မဲဆန္ဒရှင်ပေါင်း ၁ ဒသမ ၁သန်းကျော် ပါဝင်မဲပေးလေ့ရှိကြသည်။
ဘာနဂေါက်ကွင်းကို IMG ကုမ္ပဏီမှ တည်ဆောက်ခဲ့ပြီး ဒီဇိုင်းရေးဆွဲခဲ့သည့် ဗိသုကာပညာရှင်မှာ လုခ်ဒေါ်နယ် ဖြစ်သည်။
“ဘာနတောင်ကုန်း ဂေါက်ကလပ် ကမ္ဘာ့အကောင်းဆုံးဆုရတာဟာ ဗီယက်နမ်ဂေါက်လောကအတွက် သတင်းကောင်းကြီးပဲ” ဟု လုခ်ဒေါ်နယ်က
ပြောကြားသည်။အဆိုပါဂေါက်ကွင်း၏ ၀က်ဘ်ဆိုက်မှာ banahillsgolf.com ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)