အင်္ဂလန်နိုင်ငံ၊ ကန့်မြို့အရှေ့ဘက်၊ ဘရော့စတဲယားမြို့ကလေးတွင် တည်ရှိသော ကမ္ဘာကျော်စာရေးဆရာကြီး ချားလ်စ်ဒစ်ကင်း၏ ၁၉ ရာစု နွေရာသီစံအိမ်ကြီးကို ပေါင် ၃ ဒသမ ၁ သန်း(ကန်ဒေါ်လာ ၃ ဒသမ ၈၅ သန်း) ဖြင့် ရောင်းတော့မည်ဖြစ်ကြောင်း လန်ဒန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဘရော့စတဲယားသည် လန်ဒန်အရှေ့ဘက် မိုင် ၈၀ အကွာတွင် တည်ရှိသည်။
နေအိမ်ကြီးကို “လေထန်အိမ်” Bleak House ဟု အမည်ပေးထားပြီး သူ၏ ၀တ္ထုတစ်ပုဒ်ကိုလည်း Bleak House ဟု အမည်ပေးဖူးသည်။
သူ၏ နာမည်အကြီးဆုံး ၀တ္ထုကြီးဖြစ်သော ဒေးဗစ်ကော့ပါးဖီး ၀တ္ထုကို ယင်းနေအိမ်ကြီးတွင် ၁၈၅၁ ၌ ရေးသားခဲ့ခြင်း ဖြစ်သည်။
နေအိမ်ကို နပိုလီယံနှင့် စစ်ဖြစ်နေသည့် ကာလများအတွင်း တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
၂၀၀၆ ခုနှစ်အတွင်း မီးသင့်ခဲ့သော်လည်း ချက်ချင်းပင် ပြန်လည်ပြုပြင်ခဲ့သည်။
ပထမထပ်တွင် ဒေးဗစ်ကော့ပါးဖီး ၀တ္ထုအတွက် စိတ်ကူးစိတ်သန်း ထုတ်ခဲ့ဖူးသည့် ခန်းမတည်ရှိသည်ဟု ဆိုသည်။
စာဖတ်ခန်းကို ရှေးခေတ်လူကုံထံတို့၏ အဆင်တန်ဆာတို့ဖြင့် မွမ်းမံထားသည်။
ချားဒစ်ကင်း စာရေးခဲ့သည့် စာရေးစားပွဲတစ်လုံးလည်း စာဖတ်ခန်းအတွင်း ပါဝင်သည်။
အခန်း၏ ပြတင်းကျယ်မှတဆင့် ပင်လယ်အလှကို ရှုမျှော်ခံစားနိုင်သည်။
ယခုခေါ်ဈေးတါင် ပရိဘောဂများ၊ အလှဆင်ပစ္စည်းများ မပါဝင်သော်လည်း နှစ်သက်ပါက ၀ယ်ယူနိုင်သည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)