ဒေါ်လာ ကြိုရောင်းကြိုဝယ် ခွင့်ပြုထားသော်လည်း ဘဏ်များ မလုပ်နိုင်သေးဟုဆို

ဒေါ်လာ ကြိုရောင်းကြိုဝယ် ခွင့်ပြုထားသော်လည်း ဘဏ်များ မလုပ်နိုင်သေးဟုဆို - Property News in Myanmar from iMyanmarHouse.com
21 Nov 2016 9:43 am တွင် တင်ခဲ့သည်
1435 ကြိမ် ကြည့်ရှု့ပြီး
ဘဏ်အချင်းချင်းအကြား အရောင်းအဝယ် ပြုလုပ်သည့် Interbank Market အတွင်း အမေရိကန်ဒေါ်လာ ကြိုရောင်းကြိုဝယ် စနစ်ဖြင့် အရောင်းအဝယ်လုပ်ခြင်းကို ဗဟိုဘဏ်က ခွင့်ပြုထားသော်လည်း နည်းပညာ လိုအပ်ချက်ကြောင့် မလုပ်ကိုင်နိုင်သေးကြောင်း ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများက ပြောကြားသည်။

ငွေကြေးများ အလဲအလှယ် လုပ်ရာတွင် ဒေါ်လာဈေး အတက်အကျ ကြမ်းသည့်အခါ ဘဏ်များအနေနှင့် ဆုံးရှုံးနစ်နာမှုကို ကာကွယ်နိုင်စေရန် ကြိုရောင်းကြိုဝယ် စနစ်ကို ခွင့်ပြုသော်လည်း ဘဏ်ကြီးအချို့သာ လုပ်ကိုင်နိုင်သေးကြောင်း မြန်မာအရှေ့တိုင်းဘဏ်၏ ဥက္ကဋ္ဌဟောင်း ဦးမြသန်းက ပြောဆိုသည်။

“ကြိုရောင်းကြိုဝယ်တယ် ဆိုတာ စာချုပ်တစ်ခုလိုပဲ။ တစ်ဘဏ်နဲ့တစ်ဘဏ် သုံးလအတွင်း ဒေါ်လာရောင်းပြီး ကျပ်ငွေဝယ်တဲ့အခါ သူ့သတ်မှတ်ချိန်ရောက်ရင် ဒေါ်လာဈေး ဘယ်လောက်တက်တက် ကျကျ စာချုပ်ပါ နှုန်းထားအတိုင်းပဲ ရောင်းဝယ်တာ။ လက်ရှိမှာ ဘဏ်အချင်းချင်း ရောင်းတဲ့ နိုင်ငံခြားငွေဈေးကွက်က မဖွံ့ဖြိုးသေးတော့ စနစ်စဖို့ မဖြစ်နိုင်တာ” ဟု ၎င်းက ရှင်းပြသည်။

ယခင်က ဘဏ်အချင်းချင်း ရောင်းဝယ်သည့် ဈေးကွက်တွင် ပေါက်ဈေးအတိုင်း ရောင်းဝယ်နေသောကြောင့် ငွေကြေးလည်ပတ်ရာတွင် အခက်အခဲ ဖြစ်လာ၍ ပြီးခဲ့သည့်လမှ စတင်ကာ ကြိုရောင်းကြိုဝယ် စနစ်ကို ဗဟိုဘဏ်က ခွင့်ပြုခဲ့ကြောင်း ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီစနစ်ကို လုပ်မယ်ဆိုရင် ဘဏ်တွေအားလုံး လုပ်မှဖြစ်မယ်။ တစ်ဘဏ်က လုပ်ပြီး တစ်ဘဏ်က မလုပ်ရင် စနစ်ကို သုံးလို့မရဘူး။ ဘဏ်ကြီးတွေက နည်းပညာ ကောင်းကောင်းနဲ့ စနိုင်ပေမယ့် ဘဏ်ငယ်တွေက မလိုက်နိုင်တော့ အခုချိန်အထိ ကြိုရောင်းကြိုဝယ် စနစ်ကို မသုံးကြဘူး” ဟု ၎င်းက ဆိုသည်။

လက်ရှိ ဒေါ်လာအတက်အကျ ကြမ်းနေစဉ်တွင် ကြိုရောင်းကြိုဝယ်စနစ်ကို ခွင့်ပြုပေးသည့်အပြင် ပုဂ္ဂလိကဘဏ် အချင်းချင်း နိုင်ငံခြားငွေ ရောင်းဝယ်သည့် ဈေးကွက် (Interbank Market) အတွင်းရှိ ရည်ညွှန်း နိုင်ငံခြားငွေ လဲလှယ်နှုန်း ဘောင်ပြင်ဆင်ရေးကို ဗဟိုဘဏ်က စဉ်းစားပေးသင့်ကြောင်း ဘဏ်လုပ်ငန်းရှင်များက ပြောဆိုသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်

CarsDB
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service