ရန်ကုန်တွင် အထပ်မြင့်၊အထပ်နိမ့်ဆောက်လုပ်ရေးလုပ် ငန်းအများစုကို ခွင့်ပြုလိုက်ပြီဖြစ် သော်လည်း ပြန်လည်စတင်ရန် အလုပ်သမား ရှားပါးမှုနှင့် ကြုံ တွေ့နေရကြောင်း သတင်းရရှိ သည်။
‘‘ကုမ္ပဏီကြီးတွေမှာတော့ ပြဿနာ မရှိဘူး။ ကုမ္ပဏီငယ် လေးတွေက အလုပ်သမားပြန်ရှာ နေရတယ်’’ဟု MKT ဆောက်လုပ် ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက် တာ ဦးမျိုးမြင့်က ပြောသည်။
ဆောက်လုပ်ရေး လုပ်ငန်း များရပ်နားထားစဉ်က အများစုကို လုပ်ငန်းခွင်မှ ပြန်လွှတ်လိုက်သ ဖြင့် ယခုအခါ ပြန်လည်စုဆောင်း ရန် အခက်အခဲအချို့ဖြစ်ပေါ်နေ ကြောင်း ၎င်းက ရှင်းပြသည်။
အစိုးရသစ် တက်လာပြီး နောက် ခြောက်လခန့် ခေတ္တရပ်ဆိုင်းခြင်းခံရသည့် ရန်ကုန်မြို့ရှိ အထပ်မြင့်၊ အထပ်နိမ့်ဆောက် လုပ်ရေးလုပ်ငန်းများအားလုံးကို နိုဝင်ဘာဒုတိယပတ်တွင် စတင်နိုင်ရန် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ခွင့်ပြု လိုက်သည်။
ရန်ကုန်မြို့မှ ဆောက်လုပ် ရေးလုပ်ငန်းအများစု ပြန်လည် လုပ်ကိုင်ရန် တာစူနေသော်လည်း ဆောက်လုပ်ရေးလောက ခေတ်ကောင်းချိန်ကကဲ့သို့ အရေအတွက်အမြောက် အမြား တည်ဆောက်နိုင်ဦးမည် မဟုတ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက သုံးသပ်သည်။
ယခင်က ရန်ကုန်မြို့မှ ဆောက်လုပ်ရေးလုပ်ငန်းများကို အသစ် တည်ဆောက်ရန် လာ ရောက်တင်ပြသည့်အဆောက်အ အုံများနှင့်ဆောက်လုပ်ဆဲများကို မူအသစ်ဖြင့်သာ ခွင့်ပြုမည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
ယခု ခွင့်ပြုပေးလိုက်သည့် စီမံကိန်းများကို လက်ရှိကျင့်သုံး နေသည့်မူအတိုင်း စစ်ဆေးပြီး ဆက်လက်ဆောင်ရွက်ခွင့်ပြုမည် ဟု သိရသည်။
ရန်ကုန်မြို့တွင် အသစ်ထပ် မံတည်ဆောက်မည့် ဆောက်လုပ် ရေးလုပ်ငန်းရှင်များသည် ဌာန၌ အမှုတွဲအသစ်(ဆောက်လုပ်ခွင့် လျှောက်ထားခြင်း)တင်ပြခြင်းကို နိုဝင်ဘာ ဒုတိယပတ်တွင် ပြန် လည်တင်ပြနိုင်ပြီဖြစ်သည်။
တည်ဆောက်ရေးလုပ်ငန်း များတွင် အင်ဂျင်နီယာနှင့် အခြား အတတ်ပညာပိုင်းဆိုင်ရာ ပညာ ရှင်များလည်း နိုင်ငံခြားသို့ ပြန်သွားကြောင်း၊ ပြန်လည်ငှားရမ်းရန် လုပ်ခလစာတွင် စာချုပ်များ ပြန်လည် ချုပ်ဆိုနေရသည့် အခြေအနေများလည်း ဖြစ်ပေါ်နေကြောင်း Resources Group ဆောက်လုပ်ရေးကုမ္ပဏီ ဒါရိုက်တာ ကိုအန်ဒရူးက ပြောသည်။
‘‘ခြောက်လလောက် နား လိုက်တော့ အလုပ်သမား တော် တော်များများက နယ်ပြန်သွားကြ တယ်။ တချို့က အလုပ်ပြောင်း သွားကြတယ်။ ဒါကြောင့် ပြန်စု နေရတာ။ စီမံကိန်းအသစ်တွေ တော့ ဘယ်သူမှ ထပ်မဆောက်ရဲ ကြသေးဘူး။ ဆောက်လက်စတွေ ကိုပဲ အပြီးသတ်နိုင်အောင်ပဲ လုပ် ကြရမှာ’’ ဟု ကိုအန်ဒရူးက ဆို သည်။
အချို့ဆောက်လုပ်ရေးလုပ် ငန်းများမှာ စတင်ခွင့်ပေးလိုက်ပြီ ဖြစ်သော်လည်း ငွေကြေးလည် ပတ်မှု နည်းပါးနေသဖြင့် ဆက် လက်ဆောက်လုပ်နိုင်ရေး ဘဏ် ချေးငွေ ရရှိရန် ပြင်ဆင်နေရ ကြောင်း Aung Myay ဆောက် လုပ်ရေးကုမ္ပဏီ ဒါရိုက်တာ ဦး ဝင်းထွေးက ပြောသည်။
Credit:7DayDaily