မန္တလေးမြို့တွင် အ ဆောက်အအုံဆောက်လုပ်ရာ၌ ခွင့်ပြုပုံစံထက် ကျော်လွန်ပြီး ဆောက်လုပ်မှုများကို ဒဏ်ကြေး ကောက်ခံရာတွင် ၂၀၁၇ ဇန်နဝါ ရီ ၁ ရက်မှစ၍ အဆ ၇၀ ကျော် တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီက သတင်းထုတ် ပြန်သည်။
အာစီအဆောက်အအုံ တစ် စတုရန်းပေလျှင် ၂၀၀ ကျပ်မှ ၁၅,၀၀၀ ကျပ်၊ နံကပ်အဆောက် အအုံ တစ်စတုရန်းပေ ၁၅၀ ကျပ် မှ ၁၀,၀၀၀ ကျပ်နှင့် ကျန်အ ဆောက်အအုံ တစ်စတုရန်းပေ လျှင် ၁၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်တိုးမြှင့် ကောက်ခံမည်ဖြစ် ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက နိုဝင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်သည်။
‘‘ခွင့်ပြုထားတာထက် ကျော်လွန်ပြီး ဆောက်တဲ့သူတွေကို ရည်ရွယ်တာ။ မဟုတ်ရင် လူတွေက မကြောက်ဘူးလေ။ အရင်တုန်း က နှုန်းထားနဲ့ဆိုရင် ဆောက်တာ ပဲ။ ပြင်းထန်တဲ့ အရေးယူမှုတစ်ခု ကို ရန်ကုန်မှာလုပ်ပြီး ဆောင် ခိုင်းနေပြီ။ အဲဒါကို ရည်ညွှန်းပြီး လုပ်လိုက်တာ’’ဟု အဆောက်အ အုံနှင့် ကုန်ရုံဌာနမှူး ဦးဇော်ဝင်း က ပြောသည်။
ခွင့်ပြုမိန့်မရရှိမီ ကြိုတင် ဆောက်လုပ်ထားခြင်းများကို လည်း ဒဏ်ကြေးတိုးမြှင့်လိုက်ပြီး မိသားစုနေအိမ် အာစီအဆောက် အအုံ တစ်စတုရန်းပေလျှင် ၂၀၀ကျပ်မှ ၅၀၀ ကျပ်၊ နံကပ်အ ဆောက်အအုံ တစ်စတုရန်းပေ ၁၅၀ ကျပ်မှ ၅၀၀ ကျပ်၊ ကျန်အဆာက်အအုံ တစ်စတုရန်းပေ ၁၀၀ ကျပ်မှ ၅၀၀ ကျပ်၊ စီးပွားရေးကန်ထရိုက် အဆောက်အအုံများ အတွက် တစ်စတုရန်းပေ ၄၀၀ကျပ်မှ ၂,၅၀၀ ကျပ် တိုးမြှင့် ကောက်ခံမည်ဖြစ်ကြောင်း မန္တ လေးမြို့တော် စည်ပင်သာယာ ရေးကော်မတက အသိပေးထား သည်။
ယခုကောက်ခံလျက်ရှိသော ဒဏ်ကြေးများသည် ၂၀၁၆ ဒီဇင် ဘာ ၃၁ ရက်အထိသာ ပေးသွင်း ခွင့်ပြုမည်ဖြစ်ပြီး ထိုရက်အတွင်း ပေးသွင်းခြင်းမရှိဘဲ ကျန်ရှိနေ သည့် ဒဏ်ကြေးများကို နှုန်းထား အသစ်ဖြင့် ကောက်ခံမည်ဖြစ် ကြောင်း သတင်းရရှိသည်။
Credit: 7DayDaily