နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် လာစေရန် အဓိကကျသည့် စီးပွားရေး အဆောက်အအုံများ အရှိန်အဟုန် မြှင့်တင် တည်ဆောက်လျက် ရှိရာ ဆောက် လုပ်ရေး ကဏ္ဍသည် တစ်နှစ် ထက်တစ်နှစ် တိုးတက်လျက် ရှိကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဦးသာဌေး က ပြောသည်။
''ဆောက်လုပ်ရေးကဏ္ဍရဲ့ အရှိန် အဟုန်ဖြင့် တိုးတက်လာတဲ့ အခြေအနေ များကို စာရင်းဇယားများအပေါ် အခြေခံ ပြီး စိစစ်ကြည့်မည်ဆိုပါက တစ်နိုင်ငံလုံး ရဲ့ ဆောက်လုပ်ရေးကဏ္ဍတစ်ခု လုံးဟာ ဆောက်လုပ်ရေး တန်ဖိုးမှာ ၂ဝ၁ဝ/၁၁ ခုနှစ်က အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ဝ ဘီလီယံခန့် ရှိခဲ့ရာမှ ၂ဝ၁၄/၁၅ ခုနှစ် မှာ အမေရိကန်ဒေါ်လာ၈ ဒသမ ၄ ဘီလီယံ အထိ နှစ်ဆနီးပါး တိုးတက် လာတာတွေ့ရပါတယ်။ လက်ရှိ ၂ဝ၁၅-၁၆ ဘဏ္ဍာရေးနှစ်မှာလည်း ချမှတ်ထား သော စီမံကိန်းများအရ ဆောက်လုပ်ရေး ကဏ္ဍတစ်ခုလုံး အမေရိကန်ဒေါ်လာ ၉ ဒသမ ၈ ဘီလီယံကျော် တိုးတက်ဖို့ရှိ ပါတယ်'' ဟု ဦးသာဌေးက ပြောသည်။
အဆိုပါ တိုးတက်မှုများအနက် ၃ ဒသမ ၁ ဘီလီယံခန့်မှာ စက်မှုကဏ္ဍအတွက် အဆောက်အအုံများဖြစ်ပြီး ကျန်ဒေါ်လာ ၆ ဒသမ ၇ ဘီလီယံခန့်မှာ လူနေ အိမ်အဆောက်အအုံများနှင့် အခြား လူနေအိမ်မဟုတ်သော အဆောက်အအုံ များအတွက် ဖြစ် ကြောင်း၊ မြန်မာနိုင်ငံတွင် စီးပွားရေးဖွံ့ ဖြိုးတိုးတက်လာမှုနှင့် အညီ မြို့ပေါ်နေ လူဦးရေ တဖြည်းဖြည်း တိုးတက်လာ လျက်ရှိရာ တိုးပွား လာသော မြို့ပေါ်နေ ပြည်သူများအတွက် အထပ်မြင့် အဆောက်အအုံများ တိုးချဲ့တည်ဆောက် လျက်ရှိကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း နှစ်ခု ခွင့်ပြုပေးခဲ့ပြီး သယ်ယူပို့ ဆောင်ရေးလုပ်ငန်းတစ်ခုနှင့် အခြားဝန် ဆောင်မှုလုပ်ငန်း တစ်ခုဖြစ်ကြောင်း၊ အလုပ်အကိုင်အားဖြင့် အလုပ်အကိုင် နေရာပေါင်း ၁၃ဝဝ ကျော်ကို ဖန်တီးပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ခွင့်ပြုလာရာတွင် လုပ်ငန်း၏ စီးပွားရေး တွက်ခြေကိုက်မှု၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မှု၊ အမျိုးသားဝင်ငွေနှင့် အခွန်တိုးတက်ရရှိမှု၊ ပြည်တွင်းပြည်ပ ဈေးကွက်အခြေအနေ၊ ပြည်တွင်း စားသုံးရန် လိုအပ်ချက်၊ နည်းပညာ ဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်း ပညာလွှဲပြောင်းရရှိမှု၊ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုရေးထိခိုက်မှု၊ ထိန်းသိမ်း ကာကွယ်ရေး ဆောင်ရွက်မှုအစီအမံများ၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံ မှုဖြစ် ခြင်းနှင့် တည်ဆဲဥပဒေများကို လိုက်နာ ခြင်းစသည့်အချက်များကို အခြေခံ၍ စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း သိရ သည်။
Credit: MOI Webportal Myanmar