ဂရန်အမည်ပေါက် မြေကွက်နဲ့ လုံးချင်းအိမ်တွေပါ တစ်ခါတည်း ဝယ်ယူသူ စိတ်ကြိုက်ဆောက်လုပ်ပေးမယ့် ချယ်ရီမြိုင်အိမ်ရာ စီမံကိန်းက မြေကွက်တွေကို အရစ်ကျငွေချစနစ် နဲ့ ဝယ်ယူနိုင်ပြီ ဖြစ်တယ်လို့ Shining Myanmar Co.,Ltd က သိရပါတယ်။
‘ရှမ်းပြည်နယ် လားရှိုးက မြေဧက ၅၀ ကို အစိုးရဆီက ဝယ်ယူပြီး အကွက်ရိုက်ရောင်းချပေးနေတာ ပါ၊ ဝယ်ယူသူကို ဂရန်အမည် ပေါက်ရတဲ့အထိ လိုက်လုပ်ပေးသလို အိမ်ဆောက်လုပ်ချင်သူတွေကိုလဲ ကြိုက်နှစ်သက်တဲ့ ဒီဇိုင်း ပြပြီး အပ်နှံတာကို ဆောက်ပေးတယ်” လို့ Shining Myanmar Co., Ltd က တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။
ဝယ်ယူသူတွေကို အမည် ပေါက်နဲ့ မြေကွက် ဝယ်ယူသူတွေအတွက် ၁၀ နှစ် သက်တမ်းဂရန်နဲ့ အိမ်ပါတစ်ခါ တည်း ဆောက်လုပ် သူတွေကို တော့ နှစ် ၃၀ ဂရန် လျှောက်ထား ပေးမှာ ဖြစ်ပါတယ်။ ပေ ၄၀ x ပေ ၆၀၊ ပေ ၆၀ x ပေ ၈၀၊ ပေ ၆၀ x ပေ ၅၀၊ ပေ ၆၀ x ပေ ၁၀ဝ စတဲ့ အကျယ်အဝန်း မြေကွက်တွေကို ကျပ်သိန်း ၃၆၀ ဝန်း ကျင်ကနေ သိန်း ၁၀ဝ၀ ဝန်းကျင်အထိ ဈေးသတ်မှတ်ထားပါတယ်။
မြေကွက် အားလုံးကိုတော့ အာရ်စီအုတ်တံတိုင်း၊ ရေ၊မီးစတဲ့ ဝန်ဆောင်မှုတွေကို တစ်ခါတည်း လုပ် ဆောင်ပေးပါတယ်။ အိမ် ဆောက် လုပ်ချင်သူတွေအတွက် အဆောက်အအုံ ဒီဇိုင်းတွေကို ကုမ္ပဏီမှာ လာရောက်ကြည့်ရှု ဆောက် လုပ်နိုင်သလို မိမိကြိုက် နှစ်သက် တဲ့ ပုံစံကို ပြသပြီးတော့လည်း အင်ဂျင်နီယာတွေနဲ့ ညှိနှိုင်းဆောက်လုပ်နိုင်ပါတယ်။
လက် ငင်းပေးစနစ်၊ အရစ်ကျစနစ်နဲ့ ဘဏ်ချေးငွေစနစ်စတာတွေနဲ့ ဝယ်ယူနိုင်ပါတယ်။
လက်ငင်း ဝယ်ယူသူတွေကိုတော့ ရှစ်ရာခိုင်နှုန်း လျှော့ဈေးနဲ့ ရောင်းမှာ ဖြစ်ပါတယ်။
အဆိုပါ အိမ်ရာ စီမံကိန်း ကိုတော့ ရှမ်းပြည်နယ် လားရှိုးမြို့ လားရှိုး နားမခေါ် ကားကြီးဝင်း သစ် မှာ ဆောက်လုပ်အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။
Credit: Kumudra