Golden City ကွန်ဒိုရဲ့ ၄၈ လအတိုးမဲ့ အရစ်ကျ အိမ်ရာ ရောင်းချမှုကို လာမယ့် နို ဝင်ဘာ ၂၆ ရက်နေ့နဲ့ ၂၇ ရက်နေ့မှာ ရန်ကင်းမြို့နယ်အတွင်းရှိ အ ရောင်းပြခန်းမှာပြုလုပ်ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ပြပွဲအတွင်းမှာတော့ အိမ်ခန်းပေါင်း ၂၀ ကိုသာ ရောင်းချသွားမှာ ဖြစ်ပြီး ကျပ် ၁ဝ သိန်း ပေးသွင်းပြီး ဘွတ်ကင်တင်သွင်းနိုင်မှာဖြစ်ပါတယ်။ ၄၀ ရာခိုင်နှုန်းပေးသွင်းပြီး တာနဲ့ တစ်ခါတည်းနေထိုင်ခွင့်ပေးမှာဖြစ်ပြီး ၄၈ လအတွင်း အရစ်ကျ စနစ်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
အခုနောက်ပိုင်းအိမ်ရာပြပွဲတွေကို တစ်လကို နှစ်ကြိမ် လောက် ပြုလုပ်ကျင်းပလာကြပြီး ပုံစံစုံနဲ့ ဈေးကွက်ကို ဆွဲဆောင်လာကြပါတယ်။ တချို့အရောင်းပြပွဲတွေမှာတော့ အဆင့်မြင့်အိမ်ရာတွေ သီးသန့်နီးပါးလာရောက် ရောင်းချကြတာရှိပေမဲ့ နောက် ပိုင်းမှာတန်ဖိုးသင့်တိုက်ခန်းတွေပါ အရောင်းပြလာကြပါတယ်။
အိမ်ရာတွေကိုတော့ လအ လိုက် အရောင်းပြပွဲတွေနဲ့ ပြုလုပ်ကျင်းပကြပြီး ရောင်းချတဲ့ အ ရောင်းပြပွဲအတွင်းမှာ လျှော့ဈေးတွေကို သိန်း ၈၀ဝ လောက်အထိ လျှော့ချပေးတာတွေ ရှိနေပါတယ်။ ပြပွဲအများစုကတော့ အဆောက်အအုံအလုံး အထည်ပြီးစီး ချိန်မှာ ပြုလုပ်ကြတာဖြစ်လို့ ဝယ်ယူသူဘက်က သတ်မှတ်ငွေပေးသွင်းပြီးတာနဲ့ တစ်ခါတည်းနေထိုင်ခွင့်တွေပါ ရရှိနိုင်တာဖြစ်ပါတယ်။
Credit: Kumudra