ခွင့်ပြုချက်မဲ့ အဆောက်အအုံ တရားစွဲဆိုမှု ၂၄၀ဝ နီးပါး ရှိလာ

ခွင့်ပြုချက်မဲ့ အဆောက်အအုံ တရားစွဲဆိုမှု ၂၄၀ဝ နီးပါး ရှိလာ - Property News in Myanmar from iMyanmarHouse.com
18 Nov 2016 10:22 am တွင် တင်ခဲ့သည်
1273 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီကရန်ကုန်မြို့တွင်း ဆောက်လုပ်အကောင်အထည်ဖော်လျက်ရှိတဲ့ ခွင့်ပြုချက်မဲ့ အဆောက်အအုံ ၂၄၀ဝ ဝန်းကျင် တရားစွဲဆိုထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

‘အများစုကတော့ အရင်တုန်း ကလိုပဲ ကန်ထရိုက်တိုက်တွေ အများဆုံးဆောက်လုပ်လာကြတဲ့ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ ဒေါပုံ၊ သာကေတ အဲဒီမြို့နယ်တွေ များတယ်၊ အရင်က ဖြေလျှော့ပေးတာတွေရှိပေမဲ့ အခုက သတ်မှတ် ချက်ထက် အရမ်းကွဲလွဲနေရင် ပြန်ဖြိုခိုင်းတာ”လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အ အုံ) က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အထပ်မြင့်တိုက်ဆောက်လုပ်မှုက ရန်ကုန်မြို့တွင်းမှာ ၂၀၁၂ ခုနှစ်က စတင်ပြီး များပြားလာတာ ဖြစ်ပါတယ်။ အများစုကတော့ မြေပိုင်ဆိုင်မှုမမှန်တဲ့ ပြဿနာနဲ့ လိုင်စင်မဲ့ ကန်ထရိုက်တာတွေကြောင့် တရားမဝင်ခွင့်ပြုချက်မဲ့ အ ဆောက်အအုံတွေ များပြားလာတာဖြစ်ပါတယ်။ ဆောက်လုပ်မှုတွေကတော့ သတ်မှတ်ချက်ထက် ပိုဆောက်လုပ်တဲ့ အဆောက်အအုံတွေနဲ့ အသုံးပြုရမယ့် ဆောက်လုပ်ရေးဒီဇိုင်းအချိုးမပြည့်မီတဲ့ ပြဿနာတွေ အဓိက များပြားပါတယ်။

အရင်က အထပ်မြင့်တိုက်နဲ့ ပတ်သက်ပြီး မြေရှင်ဘက်က နားမလည်မှုတွေကြောင့် တရားမဝင် တိုက်တွေ များပြားလာတာဖြစ်ပေ မဲ့ အခုနောက်ပိုင်း ပြဿနာတွေမှာတော့ ကန်ထရိုက်တိုက်ဆောက် လုပ်သူရှားပါးမှုတွေကြောင့် တရား မဝင်ကန်ထရိုက်က လာရောက် ကမ်းလှမ်းတာကို လက်ခံပြီး ဆောက်လုပ်လို့ ပြဿနာဖြစ်ပေါ်တာတွေလည်း ရှိနေပါတယ်။

တရားစွဲဆိုအရေးယူမှုကို ဒဏ်ငွေရိုက်တာတွေရှိသလို တရားမဝင် ကန်ထရိုက်တိုက်ဆောက် လုပ်တဲ့ ကန်ထရိုက်တာနဲ့ အင်ဂျင် နီယာတွေကို တရားစွဲဆိုပြီး လိုင် စင်ပိတ်သိမ်းတာတွေလည်း ရှိပါတယ်။ ၂၀၁၆ ခုနှစ်ဧပြီလအထိ တရားစွဲဆိုအရေးယူမှုနဲ့ လိုင်စင် ပိတ်သိမ်းမှုတွေကတော့ တရားစွဲဆိုထားတဲ့ အထပ်မြင့်ပေါင်း ၂၄၀ဝ ဝန်းကျင်နဲ့ သတိပေး လက် မှတ်ထိုးထားရတဲ့ ကန်ထရိုက်တာ ၁၇၅ ဦး၊ လိုင်စင်အကန့်အသတ်နဲ့ ပိတ်သိမ်းခံရသူ ၁၂၀ ဦး နဲ့ ရာသက် ပန်လိုင်စင်ပိတ်သိမ်းခံရသူ လေးဦးရှိတယ်လို့ စာရင်းများအရ သိရပါတယ်။

Credit: Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေး

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

CarsDB
Maha Nadi Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service