ဆောက်လုပ်ရေး အများပိုင်ကုမ္ပဏီက ငွေကြေးစိုက်ထုတ်ပြီး တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်မည်

ဆောက်လုပ်ရေး အများပိုင်ကုမ္ပဏီက ငွေကြေးစိုက်ထုတ်ပြီး တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
18 Nov 2016 10:06 am တွင် တင်ခဲ့သည်
2030 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံအတွင်း လိုအပ်နေသည့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းများကို မြန်မာ့ဆောက်လုပ်ရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ ၏ ငွေကြေးစိုက်ထုတ်မှုဖြင့် ဦးစွာဆောက်လုပ်ပြီး
ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ အခန်းအပ်ပြီးမှ ငွေပြန်ထုတ်ယူသောစနစ်တင်ရန်
မူအားဖြင့် သဘောတူညီမှုရယူထားကြောင်း ကုမ္ပဏီဥက္ကဋ္ဌ ဦးသာဌေးက ပြောသည်။

"မြန်မာ့ဆောက်လုပ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက် ရေး အများပိုင်ကုမ္ပဏီ (MCD) ရဲ့ငွေနဲ့ ဆောက်ဖို့
ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ သဘောတူထားပြီးပြီ။ ကျွန်တော်တို့ဘက်က အစိုးရအတွက်
တန်ဖိုးနည်းအိမ်ရာတွေကို ဆောက်ပေးမယ်။ ငွေလည်း ကျွန်တော်တို့ စိုက်ထားပေးမယ်။
တိုက်ပြီသွားလို့ ရောင်းပြီး မှ အစိုးရဆီက စိုက်ဆောက်ထားတဲ့ ပိုက်ဆံ ပြန်ယူမယ်။ ပြီးရင်
ကျွန်တော်တို့ဆက် ဆောက်မယ်။ တန်ဖိုးနည်းအိမ်ရာကို အရည် အသွေးကောင်းကောင်းနဲ့
တန်ဖိုးနည်းအောင် ၀ိုင်းဆောက်ပေးတဲ့သဘောပါ။ လူကြီးတွေ ဘက်ကလည်း မူအရ
သဘောတူထားပြီးပါပြီ။ ဆောက်မယ့် အခန်းပုံစံကလည်း သုံးလေးမျိုး လောက်
ရှိတယ်။ ငါးထပ်ခြောက်ထပ် လောက်ပဲ ဆောက်မှာပါ။ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ညှိပြီး
မြေကလည်း အဆင်သင့် ရှိနေပါပြီ"ဟု ၎င်းက ပြောသည်။

မြန်မာ ဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေး အများပိုင်ကုမ္ပဏီကို မြန်မာနိုင်ငံ
ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ အမှုဆောင်များ၊ ဗဟို
အလုပ်အမှု ဆောင်ကော်မတီဝင်များ အများအပြားဖြင့် ၂၀၁၄ ခုနှစ်မှ စတင်ခါ
ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။

MCD (Myanmar Construction Developnment) အနေဖြင့် လာမည့်ပွင်းလင်းရာသီ ၌
တန်ဖိုးနည်းအိမ်ရာများကို ဒဂုံအရှေ့နှင့် သန်လျင်မြို့နယ်အတွင်းရှိ နိုင်ငံပိုင်မြေနေရာ ပေါ်တွင်
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မှ သတ်မှတ်ထားသည့် အခန်းအကျယ်အ၀န်း နှင့်
အရည်အသွေးအတိုင်း ဆောက်လုပ်ပေး သွားမည်ဖြစ်သည်။

တည်ဆောက်ပြီး အခန်း များကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန သို့လွှဲအပ်ကာ စိုက်ထုတ်ကျခံထားသည့် ငွေကြေးများကို ပြန်လည်တောင်းခံရယူမည့် စနစ်ဖြစ်သည်။

သိန်း ၁၀၀၊ သိန်း ၁၂၀၊ သိန်း ၁၄၀ နှင့် သိန်း ၂၀၀ တန် တန်ဖိုးနည်း တိုက်ခန်းများကို
ဆောက်လုပ်သွားမည်ဖြစ် သည်။ အခန်းအကျယ်အ၀န်းပေါ် မူတည်ကာ တိုက်ခန်းတန်ဖိုးများ
အနည်းငယ် အပြောင်းအလဲရှိနိုင်မည်ဖြစ်သည်။

ကနဦး စတင်ရင်းနှီးမြှုပ်နှံမည့် ပမာဏ ကိုမူ အတိအကျပြောဆိုခဲ့ခြင်းမရှိသော်လည်း
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ပေးအပ်လာသည်နှင့်အမျှ တန်ဖိုးနည်းအိမ်ရာ
များကို စဉ်ဆက်မပြတ် နိုင်ငံအနှံ့တွင် ဆောက်လုပ်သွားရန် ရည်ရွယ်ထားကြောင်း
ဦးသာဌေးက ပြောသည်။

နိုဝင်ဘာ ၁၂ ရက်က ( MCEA) မြန်မာ နိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်
များအသင်း ရုံးခန်းအဆောက်အအုံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၄၂) ကြိမ်မြောက်အာဆီယံ
ဆောက်လုပ်ရေးဆိုင်ရာ ဖက်ဒရေးရှင်း စာနယ်ဇင်းရှင်းလင်းပွဲအပြီး မီဒီယာများနှင့်
တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ "ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ပူးပေါင်း ဆောက်ဖို့
အစီအစဉ်ရှိပါတယ်။

သဘောတူ ညီချက်ကတော့ ဆောက်လုပ်ရေးဘက်က လိုအပ်ချက်
အပေါ်မူတည်ပြီး ဆောက်ပေး မှာပါ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိုက်ဆောက်ပေး ထားတဲ့သဘောပါ။
အခန်းအပ်ပြီး ရောင်းပြီး ရင်တော့ အိုးအိမ်က ငွေပြန်ပေးပေါ့။ အစိုးရ ကို ၀င်ကူညီပေးတဲ့
သဘောပါ။ တင်ဒါပုံစံနဲ့ မတူပါဘူး။ တခြားအဖွဲ့တွေလည်း လာပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနကို
အခုလို ကြို ဆောက်ပေးချင်ပါတယ်ဆိုရင်လည်း ရနိုင် လိမ့်မယ်လို့ ယူဆပါတယ်"ဟု
မြန်မာဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီမှ တာဝန်ရှိသူ ဦးရှိန်ဝင်းကပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌
ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်း တိုက်ခန်းပေါင်း ၈,၀၀၀ ကို ဒဂုံမြို့သစ်၊ သန်လျင်နှင့်
မင်္ဂလာဒုံမြို့နယ်များ တွင် ဆောက်လုပ်သွားရန် ရည်ရွယ်ထားပြီး ယခု MCD မှ ဆောက်လုပ်မည့်
တန်ဖိုးနည်း အိမ်ရာစီမံကိန်းများမှာလည်း တိုက်ခန်း ပေါင်း ၈,၀၀၀ စီမံကိန်း၏ ယူနစ်အစိတ်အပိုင်း
တစ်ခုအဖြစ် ပါဝင်ဆောက်လုပ်စေမည်ဖြစ် ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မှ
သတင်းရရှိသည်။

"မြေက အန်ကယ်တို့ပေးမှာပါ။ ယူနစ် ရှစ်ထောင်ထဲမှာ သူတို့ ၀င်ဆောက်ရမှာပါ။ သူတို့
ငွေခဏစိုက်ဆောက်ထားပြီး နောက် ပိုင်းမှာ အန်ကယ်တို့က ငွေပြန်ပေးမဲ့ပုံစံပါ။ တခြား
ကုမ္ပဏီတွေ အဲဒီလိုလုပ်ချင်တယ် ဆိုရင်လည်း အသေအချာစိစစ်ပြီး နည်းလမ်း တွေရှိရင်တော့
ပြန်စဉ်းစားပေးမှာပါ။ လာ ရောက်အဆိုပြုတဲ့သူတွေရဲ့ ခိုင်မာမှုကိုတော့ ကြည့်ရမှာပေါ့။
MCD ဆိုတာ MCEA ဆီက ဖွဲ့စည်းထားတာဖြစ်လို့ ခိုင်မာတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်"ဟု
ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးမင်းထိန်က
ပြောသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ
ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်
လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ
အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ
CarsDB
Maha Nadi Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service