ရုံးခန်းအဆောက် အအုံ အရောင်းနှင့် အငှားဈေးကွက် ကောင်းနေဆဲဟုဆို

ရုံးခန်းအဆောက် အအုံ အရောင်းနှင့် အငှားဈေးကွက် ကောင်းနေဆဲဟုဆို - Property News in Myanmar from iMyanmarHouse.com
18 Nov 2016 9:28 am တွင် တင်ခဲ့သည်
551 ကြိမ် ကြည့်ရှု့ပြီး
ယခုနှစ်အတွင်း အသစ်ဆောက်လုပ်ပြီးစီးသော အဆင့်မြင့်ရုံးခန်းအဆောက်အအုံ အသစ်များ
များပြားလာသော်လည်း ယခင် ရှိနှင့်နေသော အဆောက်အအုံများ၏ ရုံးခန်း အရောင်းနှင့်
အငှားဈေးကွက်မှာ ကောင်းမွန် နေဆဲဖြစ်ကြောင်း Collier International အိမ်ခြံ မြေ
အကြံပေးလုပ်ငန်းက ထုတ်ပြန်ထားသည်။

ယခုနှစ်အတွင်း အသစ်ဆောက်လုပ်ပြီးစီး သော အဆင့်မြင့်ရုံးခန်းအဆောက်အအုံအသစ်
သုံးခုမှ စုစုပေါင်း အကျယ်အ၀န်း စတုရန်းမီတာ ၄၂,၀၀၀ ကျော် ရုံးခန်းများ အသစ်ဆောက်လုပ်ကာ ငှားရမ်းခဲ့သော် လည်း ယခုအချိန်အထိ ရုံးခန်းများမှာ ၀ယ်လိုအား ကောင်းမွန်နေဆဲဖြစ်ကြောင်းCollier International မန်နေဂျာ Mr. Karlo Pobre က ပြောသည်။

ဈေးကွက်လိုအပ်ချက်များပြားနေသည့် အတွက် ယခုနှစ်အတွင်း Myint & Associate ကုမ္ပဏီက
အကောင်အထည်ဖော်သော Vantage Tower၊ မြန်မာ့ဩဘာလုပ်ငန်းစုက အကောင်အထည်ဖော်သော
ရှစ်မိုင် စီးပွား ရေးစင်တာများမှ အရည်အသွေးမြင့်ရုံးခန်း များနှင့် မြို့လယ်ကောင်တွင် ဆောက်လုပ်
လျက်ရှိနေသော ဆူးလေစင်တာတို့မှ ရုံးခန်း အဆောက်အအုံများ များပြားလာမည်ဖြစ် ကြောင်း
၎င်းက ပြောသည်။

ပြည်တွင်း၌ ဈေးကွက်လိုအပ်ချက်အရ ရုံးခန်းအဆောက်အအုံများကို တည်ဆောက် အကောင်
အထည်ဖော်လာကြသော်လည်း ရုံးခန်းဈေးကွက်မှာ ယခုအချိန်အထိ လိုအပ် ဆဲဖြစ်ပြီး
သုတေသနပြုချက်များအရ ယခုနှစ် တွင် ရုံးခန်းအဆောက်အအုံ လိုအပ်ချက် စတုရန်းမီတာ
တစ်သိန်းခန့်ရှိကြောင်း ၎င်းက ပြောသည်။ မြို့လယ်ကောင်တွင် ယခုနှစ်အတွင်း ဆောက်လုပ်ပြီးစီးမည့်
ဆူးလေစကွဲ အဆောက်အအုံက မြို့လယ်ကောင် ရုံးခန်း လိုအပ်ချက်၏ ၄၅ ရာခိုင်နှုန်းခန့်ရှိသော
ရုံးခန်းလိုအပ်ချက်ကို ဖြည့်တင်းနိုင်မည် ဖြစ်ပြီး ရန်ကင်းမြို့နယ်ရှိ မြန်မာတာဝါကလည်း
ရုံးခန်းအရေအတွက် အများအပြား အကောင်အထည်ဖော် တည်ဆောက်နိုင် ခဲ့ကြောင်း
၎င်းက ပြောသည်။

"အရည်အသွေးမြင့် ရုံးခန်းအဆောက်အအုံတွေ လုံလောက်စွာရှိပြီး ဈေးနှုန်းလည်း
သင့်တင့်မယ်ဆိုရင် ကုမ္ပဏီတွေရဲ့ ရုံးခန်း တွေကို office tower တွေကို ပြောင်းရွှေ့ချင်တဲ့
ကုမ္ပဏီတွေ အများကြီးပဲ။ ရုံးခန်းအဆောက် အအုံတွေ မရှိလို့သာ မြို့လယ်ကောင်နဲ့ လူစည်ကားရာ
နေရာတွေက ရပ်ကွက်တွေ၊ လမ်းတွေထဲက တိုက်ခန်းတွေ၊ ကွန်ဒိုတွေမှာ ကုမ္ပဏီ ရုံးခန်းတွေ
ဖွင့်နေကြတာပေါ့''ဟု မြတ်မင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ဒါရိုက်တာ ဦးအောင်မင်းက
ပြောသည်။

အစိုးရသစ်၏ အထပ်မြင့်စိစစ်မှုနှင့် ခွင့်ပြု မိန့်ပေးခြင်း ကြန့်ကြာမှုများကြောင့် ယခုနှစ် အတွင်း
အသစ်ဆောက်လုပ်မည့် အဆောက်အအုံများ ယခင်နှစ်ထက် လျော့နည်းမည်ဖြစ်ရာ
ရုံးခန်းအဆောက်အအုံဝယ်လိုအားနှင့် အငှား ဈေးကွက်လည်း ပိုမိုကောင်းလာနိုင်ကြောင်း
၎င်းကပြောသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

CarsDB
Maha Nadi Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service