ဆူးလေစကွဲသည်စီမံကိန်းသည် YCDC ၏ ပါမစ်ကြီး (နောက်ဆုံးခွင့်ပြုချက်) နှင့် BCC နှစ်ခုလုံး ရရှိ ထားပြီး ဖြစ်သောကြောင့် ဒီဇင်ဘာ လဆန်းပိုင်းတွင် ဆိုင်ခန်းများစတင်ဖွင့်လှစ်ရောင်း ချနိုင်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ခွင့်ပြုချက်မဲ့ကျော်လွန်တည်ဆောက်သည်ဟုဆိုကာ ဒဏ်ကြေးငွေကျပ်သိန်း နှစ်သောင်းကျော် ဒဏ် ရိုက်ခံခဲ့ရသည့် ဆူလေးစကွဲ စီမံကိန်းအား လူနေထိုင်ခွင့် ထောက်ခံချက် BCC ထုတ်ပေးလိုက်ပြီဖြစ် သောကြောင့် ဖွင့်လှစ်ရန်စီစဉ်နေခြင်းဖြစ်သည်။
ဒဏ်ကြေးငွေကျပ်သိန်း နှစ်သောင်းကျော်ကို ဒဏ်ရိုက်ခံရသည့် ကုမ္ပဏီက အောက်တိုဘာလကုန်တွင် ပေးသွင်းလိုက်ပြီဖြစ်သောကြောင့် လူနေထိုင်ခွင့်ထောက်ခံချက်ကို ထုတ်ပေးလိုက်ခြင်းဖြစ်ကြောင်း အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ သတင်းရရှိသည်။
တစ်စတုရန်းပေလျှင် မြန်မာငွေကျပ်၁၅၀၀၀ ကျော် ဖြင့်တွက်ချက်ဒဏ်ရိုက်ခြင်းခံရသည့် ဆူးလေစကွဲ အထပ်မြင့်စီမံကိန်းသည် ရန်ကုန်ရှိ အထပ်မြင့်စီမံကိန်းများဒဏ်ရိုက်ခံရမှုတွင် ပမာဏ အများဆုံးဖြစ် နိုင်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များကသုံးသပ်သည်။
ဆူးလေစကွဲစီမံကိန်းတွင် နိုင်ငံတကာမှ နာမည်ကြီး အမှတ်တံဆိပ်များရောင်းချမည့် လူသုံးကုန် ပစ္စည်းများ ၊ ကုမ္ပဏီများ ရုံးခန်းများ ဖွင့်လှစ်ရန် အထူးစိတ်ဝင်စားနေသော နေရာ ဖြစ်ကြောင်း သိရသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com