တရားမ၀င် နိုင်ငံခြားသား အိမ်ခြံမြေ ၀န်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နေသည်ကို တွေ့ရှိပါက တိုင် ကြားနိုင်ကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသ ကြီး အိမ်ခြံမြေလုပ်ငန်းရှင်များအ သင်းမှ ဇွန်လ ၂၀ ရက်အထိ စာရင်း ကောက်ယူ ထားမှုအရ ရာဂဏန်း ခန့်ရှိနေပြီး အများစုသည်သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပစသည့် မြို့နယ် များ တွင် မည်သည့်ဝန်ကြီးဌာန၏ ခွင့်ပြုချက်ကုမ္ပဏီလိုင်စင်မရှိဘဲ လုပ်ကိုင်နေသော နိုင်ငံခြားသား အိမ်ခြံ မြေအကျိုးဆောင်များဖြစ်ကြောင်း စာရင်းကောက်ယူရာ၌ ပါဝင်သည့် အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
စာရင်းကောက်ယူမှုကို ယခု လအပြီးပြုလုပ်မည်ဖြစ်ပြီး အရေ အတွက် အတိအကျကို မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ သတင်းပေး တိုင်ကြားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းအိမ်ခြံမြေ လုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်က ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားသားသည်ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်မည်ဆိုပါက ပြည်တွင်းလုပ်ငန်း ရှင်များနှင့်သာ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတွင် ဖော်ပြထား သည်။
လုပ်ကိုင်လိုပါက တရားဝင် လိုင်စင်ရရှိရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန သို့ တင် ပြ၍ တရားဝင်လိုင်စင် လျှောက်ထားကာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း အတည်ပြုပြဋ္ဌာန်းထားသည်။
နိုင်ငံခြားသားလုပ်ငန်းရှင်များ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံထားမှုသည် မေလအထိ စာရင်းများ အရ ၃၅ ခုရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com