လက်ရှိရန်ကုန်မြို့မှာ ဆောက်လုပ်အကောင်အထည်ဖော်နေတဲ့ အဆင့်မြင့် အိမ်ရာစီမံကိန်းတွေရဲ့ ပြီးစီးမှုအခြေအနေကို ဖော်ပြပေးလိုက်ပါတယ်။
မင်းဓမ္မအိမ်ရာစီမံကိန်း
လက်ရှိ မင်းဓမ္မအိမ်ရာစီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ပထမမြန်မာဆောက် လုပ်ရေးကုမ္ပဏီတို့က အကျိုးတူဆောက်လုပ် အကောင်အထည်ဖော်နေပါတယ်။ စီမံကိန်းအတွင်းမှာ အဆင့် မြင့်အိမ်ရာတွေ၊ ဟိုတယ်၊ ရုံးခန်း၊ အဆောက်အအုံ၊ ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်၊ ဈေးဝယ်စင်တာနဲ့ စီးပွား ရေး အဆောက်အအုံတွေ ပါဝင်ပါတယ်။
လက်ရှိမှာတော့ အဆောက်အအုံဆောက်လုပ်အကောင်အထည်ဖော်မှုအတွက် မြေသားစမ်းသပ်တာနဲ့ မြေ သားတူးဖော်တဲ့ လုပ်ငန်းတွေ ဆောက်လုပ်အကောင်အထည်ဖော်လျှက် ရှိပါတယ်။ အဆိုပါစီမံကိန်းမှာတော့ မြေဧက ၃၀ ကျော်ပေါ်မှာ ဆောက်လုပ်အကောင်အထည်ဖော်မှာဖြစ်ပြီး နှစ် ၇၀ ဘီအိုတီစီမံကိန်းနဲ့ ဆောက် လုပ်အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။
ဟောင်အင်းဂရီလာ
အဆိုပါစီမံကိန်းမှာ စီးပွားရေးလုပ်ငန်းရှင်များ ငှားရမ်းနိုင်တဲ့ နေရာများ၊ ရုပ်ရှင်ရုံ၊ ရှော့ပင်းစင်တာ၊ ဖျော်ဖြေ ရေးစင်တာ၊ အခန်းပေါင်း ၃၆၀ ပါဝင်တဲ့ လူနေတာဝါ နှစ်လုံး၊ အခန်းပေါင်း ၆၇၄ ခန်း ပါဝင်တဲ့ လူနေတာဝါ သုံးလုံးတို့ ဆောက်လုပ်အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။
ဟောင်အင်းဂရီလာဂရု(ပ်)အနေနဲ့ မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ သိန်း ၄၄၀ လာရောက် ရင်းနှီးမြှုပ်နှံ ဆောက်လုပ် အကောင်အထည်ဖော်နေတာဖြစ်ပြီး လက်ရှိမှာတော့ မြန်မာပလာဇာနဲ့ လူနေအိမ်ခန်းတွေကို စတင်ငှားရမ်း အသုံးပြုခွင့်ပေးထားပြီး ဖြစ်ပါတယ်။
Credit: Kumudra