အမေရိကန်ရွေးကောက်ပွဲပြီး မြန်မာ့ရွေဈေးဟာ ကျပ် ၃၀,၀၀၀ ကျပ်ဝန်းကျင်ဈေးပြန်လည်ကျဆင်းလာပြီး ကျပ် ၈၅၀,၀၀၀ ပတ်ချာလည်မှာ ရှိနေနိင်တယ်လို့ ရွေဈေးကွက်အတွင်းက သိရပါတယ်။
‘ ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာ ရွှေဈေးက ထိုးကျသွားတယ် ၊ ခုလက်ရှိဈေးက ၈၆၂,၀၀၀ ဝန်းကျင်မှာ ၇ှိနေပါတယ်။ ရွေးကောက်ပွဲက ပွဲလုပ်တဲ့ရက်ကနေ နိုဝင်ဘာ ၁၂ရက်နေ့အထိ လေးရက်မှာ ကျပ် ၃၀,၀၀၀ ဝန်းကျင် ကျဆင်းသွားတယ် ‘ လို့ ရွှေဈေးကွက် လေ့လာသုံးသပ်သူကို
အောင်ဆန်းက ပြောပါတယ်။
အမေရိကန် ရွှေးကောက်ပွဲပြီးနောက်ပိုင်းမှာ ကမ္ဘာမှာ ဒေါ်လာအညွန်းကိန်းအားကောင်းလာပြီး ကမ္ဘာ့ရွှေဈေးအားပျော့လာခဲ့ပါတယ်။ အမေရိကန်ရွေးကောက်ပွဲနေ့ ဖြစ်တဲ့ နိုဝင်ဘာ ၈ရက်နေ့ ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို အမေရိကန် ဒေါ်လာ ၁၃၂၃ အထိ မြင့်တက်ခဲ့ပြီး မြန်မာ့ရွှေဈေးဟာလည်း ကျပ် ၈၉၀,၀၀၀ ကျော်အထိဈေးတက်ခဲ့ပါတယ်။
လက်ရှိမှာတော့ ကမ္ဘာ့ရွှေဈေးတစ်အောင်စ အမေရိကန် ဒေါ်လာ ၁၂၂၅ ၀န်းကျင်မှာရှိပြီး မြန်မာ့ရွှေဈေးဟာ ကျပ် ၈၆၀,၀၀၀ ဝန်းကျင်မှာ ရှိနေပါတယ်။
ကမ္ဘာမှာ ဒေါ်လာအညွန်းကိန်းမြင့်တက်လာတာကြောင့် အမေရိကန်ဒေါ်လာလဲနှုန်းတွေလည်း မြင့်တက်လာပြီးလက်ရှိမှာ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၁၃၀၀ ကျော်နေပြီး ဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေးကျပေမဲ့ အမေရိကန်ငွေလဲနှုန်းမြင့်တက်နေတာကြောင့် မြန်မာ့ရွှေဈေးဟာ ထင်သလောက် ကျဆင်းမှာ မဟုတ်ဘူးလို့ ခန့်မှန်းကြပါတယ်။
Credit: The Kumudar