မကြာခင်ရောင်းချတော့မယ့် အိမ်ရာတွေကို ဝယ်ယူနိုင်ဖို့ အတွက် ဆောက်လုပ်ရေးနဲ့အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ သတ်မှတ်ထားတဲ့ အခန်းတန်ဖိုး ၃၀ ရာခိုင်နှုန်းပြည့်မီသူတွေကို မိသာစုဝင်ငွေနဲ့ ပတ်သတ်တဲ့ အထောက်အထားတွေ မိမိစာရင်းဖွင့်လှစ်ထားတဲ့ဘဏ်မှာ လာရောက်ပေးဖို့ ထုတ်ပြန်ထားတယ် လို့ သိရပါတယ်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံဖြိုးရေဘဏ်က တန်ဖိုးနည်းအိမ်ရာဝယ်ယူနိုင်ဖို့ထုတ်ချေးမယ့်ချေးငွေအတွက် သတ်မှတ်ထားတဲ့အရည်အချင်းပြည့်မီသူတွေကို သ်ရှိနိုင်ဖို့
အခုလို မိသာစုနဲ့ ပတ်သတ်တဲ့ ဝင်ငွေအထောက်အထားတွေလာရောက်ပေးပို့ခိုင်နေတာဖြစ်ပါတယ် ။
ဘဏ်ကိုလာရောက်ပေးပို့ရမယ် အထောက်အထားတွေကတော့ အစိုးရဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲတွေ ရဲ့ ထောက်ခံချက် ၊ ကုမ္ပဏီဝန်ထမ်းဖြစ်ပါက ကုမ္ပဏီရဲ့ ထောက်ခံချက်၊ အပြင်တခြားလူဖြစ်ပါက ဝင်ငွေရလမ်း သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး စတာတွေရု့ ထောကခံချက်တွေ ပါဝင်ရပါမယ်။
ဘဏ်မှာ လာရောက်စာရင်းပေးသွင်းပြီးဝယ်ယူချင်သူတွေကလည်း မိမိဝဎ်ယူချင်တဲ့အခန်းရဲ့ တန်ဖိုးငွေ ၃၀ ရာခုင်နှုန်းပြည့်မီအောင် စုဆောင်ငွေ လာရောက်ထည့်သွင်းရမှ ဖြစ်ပါတယ်။
ဘဏ်မှာလာရောက်စုဆောင်ငွေထည့်သွင်းသူပေါင်း ၅၀၀၀ ကျော်ရှိပြီး လက်ရှိမှာတော့ အခန်းတွေကို လက်ငင်းစနစ် ၊ အရစ်ကျစနစ်နဲ့ ဘဏ်ချေးငွေနဲ့ဝယ်ယူခြင်းစတဲ့ ပုံစံတွေနဲ့ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
Credit: The Kumudar