ဒေသဆိုင်ရာအစိုးရများချမှတ်ခဲ့သည့် မူဝါဒတင်းကျပ်မှုများက ၀ယ်လိုအားကို ကျဆင်းစေခဲ့
ခြင်းကြောင့် တရုတ်တွင် အိမ်သစ်ဝယ်ယူမှုများသည် ယခုနှစ် ပထမ ၁၀ လအတွင်း ပိုမိုနှေး
ကွေးစွာ ဖွံ့ဖြိုးခဲ့ကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရိုက နိုဝင်ဘာလ ၁၄ ရက်တွင်
ထုတ်ပြန်ခဲ့သည်။
နိုင်ငံတစ်ဝန်း ယခုနှစ် ဇန်န၀ါရီလမှ အောက်တိုဘာလအကြား အစိုးရမတည်သည့် တန်ဖိုး
နည်းအိမ်ရာများမှအပ အိမ်သစ် ယွမ် ၇ ဒသမ ၈ ထရီလျံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၁
ထရီလျံ) တန်ဖိုး ရောင်းထွက်ခဲ့သည်။ ယင်းသည် ယခင် ၂၀၁၅ ခုနှစ်ထိုကာလကထက် ၄၂
ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလကို ထည့်မတွက်ပဲ ပထမ ၉
လတာချင်း နှိုင်းယှဉ်ပါက ယခင်နှစ်ကထက် ယခုနှစ်တွင် ၄၃ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်
ခဲ့သည်ဖြစ်ရာ ထိုနှုန်းသည် နှေးကွေးကျဆင်းနေခဲ့သည်။
ဧရိယာအားဖြင့် ယခုနှစ် ပထမ ၁၀ လအတွင်း အိမ်သစ် စတုရန်းမီတာ ၁ ဒသမ ၀၆ ဘီလျံ
ခန့် ရောင်းချခဲ့ရသည်ဖြစ်ရာ ယခင်နှစ်ထက် ၂၇ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ယင်းမြင့်တက်
နှုန်းသည် ပထမ ၃ လပတ်မြင့်တက်နှုန်း ၂၇ ဒသမ ၁ ရာခိုင်နှုန်းနှင့်ယှဉ်ပါကလည်း ကျဆင်း
ခဲ့သည်။
"ဒီတစ်ခေါက် အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်မှုက စက်တင်ဘာလမှာ အမြင့်ဆုံးဖြစ်ခဲ့ပြီး ၀ယ်လို
အား အောက်တိုဘာမှစကျလာပုံရပါတယ်" ဟု ရှန်ဟိုင်းအခြေစိုက် Centaline အိမ်ခြံမြေ
အေဂျင်စီက ထုတ်ပြန်ခဲ့သည်။ "ရှေ့နှစ်လအတွင်း အိမ်သစ်ဝယ်လိုအား သိသိသာသာ
တစ်ဖန်ကျဆင်းမယ်လို့ ခန့်မှန်းရပါတယ်" ဟုလည်း ထုတ်ပြန်ခဲ့သည်။
ယခုနှစ် အောက်တိုဘာလတွင် နိုင်ငံတစ်ဝန်း အိမ်သစ် ၉၄၁ ဒသမ ၂ ဘီလျံယွမ် (အမေရိ
ကန်ဒေါ်လာ ၁၃၇ ဒသမ ၄၅ ဘီလျံ) တန်ဖိုး ရောင်းချခဲ့ရသည်။ စက်တင်ဘာလက ယွမ် ၁
ဒသမ ၁၅ ထရီလျံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၉ ထရီလျံ) တန်ဖိုး ရောင်းချခဲ့ရမှုမှ
ကျဆင်းခဲ့ခြင်းဖြစ်သည်။ ဧရိယာအားဖြင့်လည်း ၁၃၂ သန်း စတုရန်းမီတာ ရောင်းချခဲ့ရပြီး
စက်တင်ဘာလက ၁၅၅ သန်း စတုရန်းမီတာအောက် လျော့နည်းကျဆင်းခဲ့သည်။
မည်သို့ပင်ဖြစ်စေ ယခုနှစ် ပထမ ၁၀ လအတွင်း ရုံးခန်းနှင့် စီးပွားရေးအဆောက်အအုံများ
အပါအ၀င် အဆောက်အအုံစုစုပေါင်း ရောင်းချရမှုသည် ၂၀၁၅ တစ်နှစ်လုံးထက် သာလွန်
ခဲ့သည်။ နိုင်ငံတစ်ဝန်း ယခုနှစ် ဇန်န၀ါရီလမှ အောက်တိုဘာလအကြား ရောင်းချရမှု ယွမ် ၉
ဒသမ ၁၅ ထရီလျံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၄ ထရီလျံ) ရှိခဲ့ပြီး ယခင်နှစ်တစ်နှစ်လုံး
တွင် ယွမ် ၈ ဒသမ ၇၃ ထရီလျံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၇ ထရီလျံ) သာ ရှိခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)