ဟိုတယ်နှင့် ခရီးသွားလာရေးအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံတကာနှင့် အာဆီယံဒေသတွင်းနိုင်ငံများ၏ စံချိန်စံညွှန်းများကို နမူနာယူ၍ စံသတ်မှတ်ချက်များဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
နိုဝင်ဘာ ၁၁ ရက်က
ရန်ကုန်မြို့ ပန်ဒါဟိုတယ်တွင် ကျင်းပပြုလုပ်သည့် အစိုးရ၊ ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင်
ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ် ကြောင်းသိရသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးတင့်သွင်က ''နိုင်ငံတကာရဲ့စံချိန် စံညွှန်းတွေနဲ့ ကိုက်ညီဖို့ဆိုတာက
တော့ကျွန်တော်တို့က အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တာကြောင့် အာဆီယံကသတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်တွေနဲ့ကိုက်ညီအောင် ကျွန်တော်တို့ လိုက်ပါဆောင်ရွက် နေပါတယ်။ ဟိုတယ်တွေမှာလည်း အာဆီယံရဲ့ ဟိုတယ် Standard တွေနဲ့ကိုက်ညီအောင် လုပ်ဆောင်နေပါတယ်''ဟု လုပ်ငန်း ညှိနှိုင်းအစည်း အဝေးတွင် ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် နိုင်ငံတကာ နှင့်အာဆီယံစံချိန်စံညွှန်းများနှင့် ကိုက်ညီအောင်လုပ်ဆောင်နေသော်လည်း စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့် ဟိုတယ်အများအပြား ရှိနေကြောင်းလည်းသိရသည်။ ဦးတင့် သွင်က ''ဒီလုပ်ငန်းတွေဟာ ဝန်ကြီးဌာနတစ်ခုတည်းအနေနဲ့ လုပ်လို့မရတာတွေရှိတဲ့အတွက် ခရီးသွားကဏ္ဍအတွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေပါ ပူးပေါင်းပါဝင်ကြဖို့လိုပါတယ်''ဟု
ဆက်လက်ပြောသည်။
ယခုကဲ့ သို့ နိုင်ငံတကာနှင့် အာဆီယံစံသတ်မှတ်ချက်များနှင့်ကိုက် ညီမှုရှိအောင် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ တန်ဖိုး
နှင့် ဓလေ့စရိုက်များကို ထိခိုက်မှုမရှိ စေရန်အတွက် ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ် သည်။
Credit: Democracytoday