ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ထန်းတပင်မြို့မှ လမုတန်း-လှည်းဆိပ် လမ်းသို့ ကုက္ကိုဝ မြစ်ကိုဖြတ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည် ဆောက်ရေးအဖွဲ့(၂)က တာဝန်ယူတည်ဆောက်ခဲ့သည့် ကုက္ကိုဝ တံတားကြီး သည် ယခုအခါ တည်ဆောက်မှု ရာနှုန်းပြည့်ပြီး စီးပြီဖြစ်၍ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလအတွင်း အများပြည်သူတို့ အသုံးပြုသွား လာနိုင်ရန်အတွက် ဖွင့်လှစ်ပေးတော့ မည်ဟု သိရ သည်။
တံတားအမျိုးအစားမှာ အပေါ်ထည်သံမဏိသံပေါင်နှင့် အောက်ထည်သံကူ ကွန်ကရစ်ကြမ်းခင်းဖြစ်သည်။ တံတားအရှည် ၆၉၄ ဒသမ ၅ မီတာရှည်ပြီး တံတားကြီး ပေါ်၌ ယာဉ်သွားလမ်းအကျယ် ၈ ဒသမ ၅ မီတာနှင့် လူသွားလမ်း အကျယ် တစ်ဖက် လျှင် တစ်မီတာပါရှိသည်။ ရေလမ်းကင်းလွတ်အကျယ်မှာ ၁၁ဝ မီတာရှိပြီး ရေလမ်း ကင်းလွတ်အမြင့် ၁၂ မီတာရှိသည်။
အဆိုပါတံတားကြီးကို တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၂)က ၁-၄-၂ဝ၁၄ ရက်က စတင်တည်ဆောက်ခဲ့ရာ ယခုအခြေအနေတွင် ရာနှုန်းပြည့်ပြီး စီးနေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတားကြီးပြီးစီးသွားပြီဖြစ်၍ ထန်းတပင်မြို့နယ်အတွင်းရှိ ဘောလယ် ကျွန်းကျေးရွာ ၂၆ ရွာတို့မှ ပြည်သူများ ရန်ကုန်နှင့် မြစ်ကြီးခြားနေ ၍ နှစ်ပေါင်း များစွာ ကွေ့ပတ်သွားလာရသည့်ဒုက္ခမှ ကင်းဝေးကာ မဝေးလှသောကာလ၌ အဆိုပါ တံတားကြီးပေါ်မှ မဟာရန်ကုန်သို့ အချိန်တို အတွင်း ရောက်ရှိနိုင် မည်ဖြစ်သည်။
Credit: MOI Webportal Myanmar