မြေယာအရှုပ်အရှင်းများဖြင့် ဇုန် B အကောင်အထည်ဖော်ရန် အခက်တွေ့နေသည့် သီလ၀ါအထူးစီးပွားရေးဇုန်

မြေယာအရှုပ်အရှင်းများဖြင့် ဇုန် B အကောင်အထည်ဖော်ရန် အခက်တွေ့နေသည့် သီလ၀ါအထူးစီးပွားရေးဇုန် - Property News in Myanmar from iMyanmarHouse.com
14 Nov 2016 11:00 am တွင် တင်ခဲ့သည်
1281 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၁ တွင် စစ်တပ်မှ တိုက်ရိုက်အုပ်ချုပ်မှုကို ရုပ်သိမ်းခဲ့ပြီးနောက် တိုင်းပြည်စီးပွားရေးပြန်လည် ဦးမော့လာနိုင်ရေး နည်းလမ်းများကိုလည်း စဉ်းစားခဲ့ကြရာနည်းလမ်းတရပ်မှာ အထူးစီးပွားရေးဇုန်များတည် ဆောက်ခြင်းဖြစ်သည်။ ဤသို့ဖြင့် ကျောက်ဖြူ-ထားဝယ်နှင့်သီလ၀ါစသည့် အထူးစီးပွားရေးဇုန် ၃ ခုကို အကောင်အထည်ဖော်ရန် ၂၀၁၀ရွေးကောက်ပွဲအလွန် ၅ နှစ်သက်တမ်း အစိုးရတာဝန်ယူခဲ့သည့် သမ္မတ ဦးသိန်းစိန်အစိုးရက ပြင်ဆင်ခဲ့သည်။ သို့သော်ကျောက်ဖြူနှင့် ထားဝယ်အထူးဇုန်တို့မှာ အကောင်အထည် ပေါ်ရန်နှောင့်နှေးကြန့်ကြာလျက်ရှိသည်။ သီလ၀ါမှာ မြန်မာနိုင်ငံ၏ ပထမဦးဆုံးပေါ်ထွက်လာသော အထူးစီးပွားရေးဇုန် ဖြစ်သည်။

၂၀၁၂ ခုနှစ် ဧပြီ ၂၁ ရက် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးတွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် သမ္မတဦးသိန်းစိန်နှင့်ဂျပန်ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးမှုမှ သီလ၀ါအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန် အစပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ တွင် သီလ၀ါအထူးစီးပွားရေးဇုန် ရင်းနှီးတည်ထောင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းလွှာကို မြန်မာ-ဂျပန် နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ကြသည်။

၂၀၁၃ခုနှစ် မေ၂၅ ရက်တွင် သီလ၀ါအထူးစီးပွားရေးဇုန်အကောင်အထည်ဖော်ရန်နားလည်မှု စာချွန်လွှာ (MOU) ကို မြန်မာ-ဂျပန် လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် မြန်မာ-ဂျပန်ဖက်စပ်ကုမ္ပဏီဖွဲ့စည်းပြီး စီမံကိန်းအကောင်အထည်ဖော်ရန် သဘောတူစာချုပ်ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃၀ တွင် သီလ၀ါအထူးစီးပွားရေးဇုန် ပထမအဆင့်(ဇုန်A)ကိုစတင်ခြင်း အခန်း အနားကိုကျင်းပခဲ့ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် သီလ၀ါအထူး စီးပွားရေးဇုန်သို့ လာရောက်ရင်းနှီးမြှုပ်နှံမည့်သူများအား လုပ်ငန်းခွင့်ပြုမိန့်ပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။

သီလ၀ါအထူးစီးပွားရေးဇုန်ကို ဇုန် A နှင့် ဇုန် B ဟူ၍ နှစ်ပိုင်းခွဲကာ အကောင်အထည်ဖော်ခဲ့သည်။ ဇုန် A ဖော်ဆောင်မှုတွင် အဆင့် ၁၂ နှင့် လူမှုနေထိုင်ရာနှင့် စီးပွားရေးဆိုင်ရာ အစိတ်အပိုင်းဖော်ဆောင်မှု
မှာပြီးစီးခဲ့ပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၃ တွင် လုပ်ငန်းများ စတင်လည်ပတ်လျက်ရှိကြောင်း၊ ၂၀၁၆ ခုနှစ် မိုးရာသီ အကုန်တွင် အဆင့် ၂ ပြီးစီးရန် လုပ်ဆောင်လျက်ရှိကြောင်း၊ ဇုန် B ဖော်ဆောင်မှုအား ၂၀၁၆ ခုနှစ် နိုဝင်ဘာတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Myanmar Thilawa SEZ Holding Public Limited (MTSH)၏ ၂၀၁၅-၁၆ နှစ်ပတ်လည် အစီရင်ခံစာ (Annual Report 2015-16)ဖော်ပြထားသည်။ သို့သော် ဇုန် B ဖော်ဆောင်ရန်အတွက် ဒေသခံများနှင့် ပြေလည်မှုရရှိရေးမှာ လိုအပ်ချက်တရပ်အဖြစ် ရှိနေသည်။

''တိုင်းဒေသကြီး အစိုးရသတ်မှတ်တာ သိန်း ၁၀၀၊ developer တွေဘက်က တိုးပေးတာ ၁၅၀၊ သိန်း ၂၅၀ ပေါ့။ ဒါပေမဲ့ ဒေသခံတွေဘက်က တဦးစ၊ နှစ်ဦးစတော့ လက်ခံတယ်လို့ သိရတယ်။ တော်တော်များများကတော့ လက်မခံကြဘူး။ လက်မခံနိုင်ဘူးဖြစ်နေတဲ့အကြောင်းကလည်း အချက်အလက်တချို့ရှိတယ်ဗျ။ ဥပမာ တစ်ဧကပေါ်မှာ infrastructure တွေ၊ လမ်းတွေ၊ တံတားတွေ၊ အခြေခံအဆောက်အဦတွေ ထည့်မယ်။ ထည့်ပြီးဆောင်ရွက်လိုက်တဲ့အခါမှာ FDI နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကိုငှားမယ်။ ဘယ်လောက်ရမယ်၊ တဧကကို ဒေသခံတွေ ဘက်ကသိတယ်။ အဲဒီလို တဧကပေါ်မှာ infrastructure တွေထည့်ပြီးလို့ရှိရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကိုငှားတဲ့အခါ developer တွေအနေနဲ့ သိန်း ၃၅၀၀ ကနေ ၄၀၀၀ အထိရတယ်လို့ သူတို့ဒေသခံတွေဘက်က သိထားတာ။ သူတို့ကို မြေယာလျော်ကြေးပေးတဲ့အခါမှာတော့ သိန်း ၁၀၀၊ ၂၅၀ ပဲပေးတယ်။ ဒါမမျှတဘူးလို့ သူတို့ရင်ထဲမှာခံစားရတယ်''ဟု အမှတ်(၁)ကျောက်တန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင်က ဒေသခံများနှင့် developer များ အကြားဖြစ်ပေါ်နေသည့် အခြေအနေကို News Watch သို့ ရှင်းပြခဲ့သည်။
Myanmar-Japan Thilawa Development (MJTD) ၏ ဇူလိုင် ၁၈ ရက်နေ့ထုတ်ပြန်ခဲ့ချက်အရ ဇုန် A အတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၇၆၀ ရှိခဲ့ပြီး ဖြစ်သည်။

နောင်နှစ်အနည်းငယ်အတွင်း ပိုမိုများပြားလာမည့် ရင်းနှီးမြှုပ်နှံသူများကြောင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာသန်း ၁၀၀၀ ရှိမည်ဟု မျှော်မှန်းထားပြီး ပြည်ပသို့တင်ပို့နိုင်မည့် ပမာဏသည် အမေရိကန် ဒေါ်လာသန်း ၃၅၀ ရှိမည်ဟု မျှော်မှန်း ထားကြောင်း၊ ခွင့်ပြုပြီးရင်းနှီးမြှုပ်နှံမှု အစီအစဉ်များကြောင့် အလုပ်အကိုင် ၁၅,၀၀၀ ခန့်နှင့် အနာဂတ်တွင် မျှော်မှန်းထားသည့် ရင်းနှီးမြှုပ်နှံမှုများကြောင့် အလုပ်အကိုင် ၂၈,၀၀၀ မှ ၃၀,၀၀၀ အထိ ဖန်တီးပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ဇုန် A Project ၌ အလုပ်အကိုင်အခွင့်အလမ်း အနည်းဆုံး ၄၀,၀၀၀ ပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း MTSH ၏ ၂၀၁၅-၁၆ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဇုန်A ကို အကျယ်အ၀န်း ဟက်တာ ၄၀၀ (ဧက ၉၆၀) တွင် အကောင်အထည်ဖော်ခဲ့သည်။ ဇုန် B ဖော်ဆောင်မည့် အကျယ်အ၀န်းမှာ ဟက်တာ ၇၀၀ (ဧက ၁၆၈၀) ဖြစ်သည်။ ဒေသခံပြည်သူများနှင့် ညှိနှိုင်းမှုအဆင်မပြေလျှင် စီမံကိန်းရပ်ဆိုင်းသည့် အနေအထားမျိုးရှိလာနိုင်သည်ဟု MJTD ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် မစ္စတာတကာရှီက အောက်တိုဘာ ၁၈ ရက်က မီဒီယာများနှင့်တွေ့ဆုံရာတွင် ပြောကြားထားခဲ့သည်။ ''ဒေသခံတွေအတွက် ပြန်လည်နေရာချထားရေးကိစ္စတွေဟာ အစိုးရက လုပ်ရမှာဖြစ်ပါတယ်။ အဆင်မပြေဘူးဆိုရင်တော့ စီမံကိန်း ရှေ့ဆက်မယ့်လုပ်ငန်းစဉ်တွေကို ရပ်ဆိုင်းတာမျိုးလည်း ရှိကောင်းရှိလာနိုင်ပါတယ်''ဟု ၎င်းက ပြောကြားခဲ့သည်။

သို့သော် MTSH, Thilawa SEZ Management Committee (TSMC)MMS Thilawa Development Co.Ltd (MMSTD) နှင့် Japan International Cooperation Agency (JICA) တို့အကြား ဇုန် B အတွက် “Joint Venture Agreementအားတတိယအကြိမ် ပြင်ဆင်ခြင်း”သဘောတူညီချက်ကို
အောက်တိုဘာ၂၁ရက်တွင် ရေးထိုးခဲ့ကြသည်။ မြေယာပြဿနာ ဖြေရှင်းပြီးသည့်နေရာများတွင် ဇုန် B စီမံကိန်းကို စတင်အကောင်အထည်ဖော်သွားမည်
ဟု TSMC ဥက္ကဋ္ဌ ဦးဆက်အောင်က မစ္စတာ တကာရှီ၏ ပြောကြားမှုနှင့်ပတ်သက်ပြီး မီဒီယာများ၏ မေးမြန်းမှုကို အဆိုပါ လက်မှတ်ရေးထိုးပွဲတွင် ပြောကြားထားခဲ့သည်။ ဤအချက်က အလုပ်ဖြစ်နိုင်ခြေနည်းသည်။ စုံစမ်း၍ရသမျှ အချက်အလက်များအရဆိုလျှင် developer များပေးသည့် တဧက သိန်း ၂၅၀ ကို လက်ခံသူမှာ အနည်းစု သာဖြစ်၍စီမံကိန်းအကောင်အထည်ဖော်နိုင်လောက်သည့်
မြေယာပြဿနာပြေလည်မှု ရှိ၊ မရှိ စဉ်းစားရန်ရှိသည်။

''နောက်ဆုံး အခြေအနေဆိုရင်တော့ ခြံသမားကို သိန်း ၃၀၀ ပေးတယ်။ ခြံသမားကလည်း လက်မခံဘူး။ ခြံတဧကကို ထောင်ချီရှိတယ်။ ဘယ်လိုပဲဝယ်ဝယ် ဇုန်မှမဟုတ်ဘူး။ အပြင်မှာဝယ်လည်း ထောင်ချီရှိတယ်။ ငါတို့က ဘာနဲ့ပြန်သွားဝယ်မှာလဲ။ သူတို့ပေးတဲ့ ပိုက်ဆံက ၈၀ x ၆၀ တကွက်စာတောင်မရှိဘူး။ ပြောရမယ်ဆိုရင် ၆၀x၄၀ တကွက်စာလောက်ပဲ ရှိမယ်။ ၈၀ x ၆၀ တကွက်စာတောင် မရှိတဲ့ပိုက်ဆံနဲ့ ငါတို့က ဘာရင်းနှီးလုပ်ကိုင်စားသောက်မလဲ။ ပြန်ရင်းစားရအောင် ဟုတ်လား။ သုံးဧကပေးလိုက်ရလို့ သုံးဧက ပြန်ဝယ်မှာ ဘာပိုက်ဆံနဲ့ဝယ်မှာလဲ''ဟု ဒေသခံတဦးက News Watch သို့ ပြောသည်။

''အပေါ်မှာ စတင်ပြီး တောင်းတာက တဧကကို သိန်း ၁၅၀၀ တောင်းတာ။ သူတို့ပေးတာက ၂၅၀။ သူတို့ရောင်းနေတာစက ၄၅၀၀။ ၄၅၀၀ ကိုကျော်ဦးမယ်။
အခု ဒေါ်လာ ဈေးတက်နေတယ်နော်''ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဒေသခံ များ၏ လိုလားချက်၊ တောင်းဆိုချက်များအပေါ် တုံ့ပြန်ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက် MTSH သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။ ပြဿနာရပ်များ ပြေလည် ပြီး ဇုန် B စီမံကိန်း ဆက်လက်အကောင်အထည်ဖော်နိုင်ရေးနှင့်ပတ်သက်၍ ဦးဇော်မိုးလွင်က အောက်ပါအတိုင်း အကြံ ပြုပြောကြားခဲ့သည်။

Developer တွေနဲ့ လက်ရှိမြေယာပိုင်ရှင်တွေကြားထဲမှာ တူညီတဲ့ အချက်တခုရှိတယ်။ အဲဒါဘာလဲဆိုတော့ ကျွန်တော်နှစ်ဖက်စလုံးကိုမေးကြည့်တဲ့အခါမှာ အားလုံးသည် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု FDI တွေကို လာစေချင်တယ်။ တဖက်နဲ့တဖက် ပွင့်လင်းမြင်သာမှုမရှိတာရယ်၊ တဖက်က အများကြီးလိုချင်တယ်။ တဖက်က ပေးမယ့်သူကလည်း နည်းနည်းလေးပဲပေးချင်တယ်။ ဒီအစွန်းနှစ်ဖက်ထွက်နေတာတွေကြောင့် လက်ရှိမှာ ညှိနှိုင်းရခက်နေတယ်လို့ ကျွန်တော်ထင်တယ်။ လက်ရှိစီမံအုပ်ချုပ်ခွင့်ရထားတဲ့ အစိုးရအနေနဲ့ ဘယ်ဘက်ကိုမှ မကပ်ဘဲနဲ့ Developer တွေ ဘက်ကိုလည်း မကပ်နဲ့။ တောင်သူမြေယာပိုင်ရှင်တွေဘက်ကိုလည်း မကပ်နဲ့။
ကြားထဲက သမာသမတ်ကျကျရပ်ပြီးတော့ ပွင့်လင်းမြင်သာစွာနဲ့ ပူးပေါင်းဖြေရှင်းမယ်ဆိုရင် ပြေလည်နိုင်မယ်လို့ ထင်ပါတယ်'' ဟူ၍
ဖြစ်သည်။

Credit: News Watch

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ
အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ
လှေကား ကို "မ" ဂဏန်းထားရခြင်း အကြောင်းအရင်း
လှေကား ကို "မ" ဂဏန်းထားရခြင်း အကြောင်းအရင်း
ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ
ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ
ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်
ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်
ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ
ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရ
အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
Villa Shukhinthar
Maha Nadi Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service