မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေဈေးကွက်နှင့်ပတ်သက် ၍ စံနှုန်းသတ်မှတ်ချက်အသစ်များ ကို ယမန်နှစ်ကထက် ၁၀ ရာခိုင် နှုန်းခန့် လျှော့ချကာ သတ်မှတ် ခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန (မန္တလေး)မှ သတင်းရရှိ သည်။
‘‘စံနှုန်းသတ်မှတ်ချက်က ယခင်ကထက် ၁၀ ရာခိုင်နှုန်း လောက် လျော့သွားမှာ ဖြစ်တဲ့အ တွက် ဝယ်တဲ့လူတွေအနေနဲ့ အ ခွန်နည်းနည်းသက်သာသွားမှာ ဖြစ်ပါတယ်။ အဲဒီလို သက်သာ သွားတဲ့အတွက် စံနှုန်းအတိုင်း လိုက်နာတဲ့ လူတွေလည်း ပိုများ လာနိုင်ပါတယ်’’ဟု ပြည်တွင်းအ ခွန်များဦးစီးဌာန (မန္တလေး)မှ ညွှန်ကြားရေးမှူး ဦးတင်ထွေးက ပြော သည်။
ပြည်တွင်းအခွန်များဦးစီး ဌာနအနေဖြင့် အိမ်ခြံမြေစံနှုန်း သတ်မှတ်ချက်အသစ်ကို အောက်တိုဘာလကုန်ပိုင်းက အတည်ပြု ကာ ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး စံနှုန်းများ သတ်မှတ်ရာ၌ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးများ၏ အကူအညီကိုရယူပြီး ရပ်ကွက် ကျေးရွာအလိုက် အခြေခံဈေးနှုန်း များ ကောက်ယူကာ အစည်းအ ဝေးသုံးကြိမ်ပြုလုပ်၍ တိုင်းအစိုးရ အဖွဲ့သို့ တင်ပြခဲ့ကြောင်း သတင်း ရရှိသည်။
‘‘မနှစ်က သတ်မှတ်တဲ့ စံနှုန်းတွေကများတယ်။ လူတိုင်းမလိုက် နိုင်ကြဘူး။ တိုင်းအစိုးရအဖွဲ့က လည်း လိုက်နာတဲ့သူတွေ များ လာအောင် လုပ်ပေးဖို့လိုတယ်လို့ ပြောတဲ့အတွက် အခုလို လျှော့ ပေးလိုက်တာဖြစ်ပါတယ်’’ဟု ဦးတင်ထွေးက ပြောသည်။
‘‘ဖြတ်တဲ့နှုန်းကို ၁၀ ရာခိုင် နှုန်းလောက် လျှော့လိုက်တယ်ဆို ပေမယ့် ကောက်ခံတဲ့နှုန်းကိုတော့ မပြောင်းတာကြောင့် ကျပ်သိန်း တစ်ထောင်နဲ့အထက် အရောင်း အဝယ်တွေမှာတော့ သိပ်အ ပြောင်းအလဲမရှိနိုင်ပါဘူး။ အစိုးရ ရဲ့ ရည်ရွယ်ချက်က သိန်းတစ် ထောင်နဲ့အထက်ကို ဈေးကျ (သို့) ဈေးမကစားအောင် ထိန်းချုပ်ချင် တာလို့ ယူဆရပါတယ်။ သိန်းတစ်ထောင်အောက်ဆိုရင်တော့ အ ရင်ကထက် အနည်းငယ်သက် သာသွားနိုင်ပါတယ်’’ဟု ရွှေမန္တ လေး အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်း မန်နေဂျင်းဒါရိုက်တာ ဦးနေလင်းအောင်က သုံးသပ် သည်။
ပြီးခဲ့သည့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း မန္တလေးတိုင်းတွင် အိမ်ခြံမြေရောင်းဝယ်မှုမှ အ ခွန်ငွေကောက်ခံရရှိမှုသည် ကျပ် ၇၆ ဘီလီယံခန့်အထိရှိခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန (မန္တလေး)မှ သိရသည်။
၂၀၁၆ ပြည်ထောင်စုအခွန် အကောက်ဥပဒေအရ မြေကွက် ကဲ့သို့ အခြေခံပစ္စည်းများ ဝယ်ယူ ရာတွင် ဝင်ငွေရလမ်းဖော်ပြနိုင် ခြင်းမရှိပါက တန်ဖိုးတစ်ကျပ်မှ ကျပ်သိန်းသုံးရာအထိ ၁၅ ရာခိုင် နှုန်း၊ ကျပ်သိန်းသုံးရာနှင့်အထက် မှ ကျပ်သိန်းတစ်ထောင်အထိ ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင် နှင့်အထက်ကို ၃၀ ရာခိုင်နှုန်း ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ် ကြောင်း သတ်မှတ်ထားသည်။
Credit: 7Daydaily