ကမ္ဘာကျော် Fox News သတင်းဌာန၏ အမှုဆောင်အရာရှိချုပ်ဟောင်းရော်ဂျာအိုင်းလက်စ်သည်တာဝန်မှအနားယူလိုက်ပြီးဖလော်ရီဒါကမ်းခြေနေအိမ်တစ်လုံးကိုကန်ဒေါ်လာ ၃၇ သန်းပေးကာ ၀ယ်ယူလိုက်ကာ သူ၏ ရွှေအိုရောင်နေ့ရက်များကိုအဆိုပါနေအိမ်ကြီးတွင် ဖြတ်သန်းတော့မည်ဖြစ်ကြောင်းနယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
များစွာသောလူတို့သည် အလုပ်မှ နှုတ်ထွက်လိုက်ရလျှင် စိတ်ဓာတ်ရေးရာနှင့် စီးပွားရေးကျဆင်းသွားလေ့ရှိကြသည်။
Fox News သတင်းဌာန၏ CEO အဖြစ်မှ ဇူလိုင်လတွင် အနားယူခဲ့သောရော်ဂျာအိုင်းလက်စ်ကားထိုသို့မဟုတ်။
ဖလော်ရီဒါပြည်နယ် ၊ ပန်ဘိခ်ျရှိပင်လယ်ကမ်းခြေနေအိမ်ကြီးကို ၀ယ်ယူလိုက်ကာ ပျော်ရွှင်စွာခေါင်းချတော့မည့် လက္ခဏာများရှိနေသည်။
ယင်းနေအိမ်၏ မူလခေါ်ဈေးမှာကန်ဒေါ်လာ ၄၂ သန်း ဖြစ်သည်။
ယခုအရောင်းအ၀ယ်တွင် ရော်ဂျာကဒေါ်လာ ၅ သန်းခန့် ဈေးဆစ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ခြံဝန်းအကျယ်အ၀န်းမှာ ၁ ဒသမ ၃ ဧကရှိပြီးနေအိမ်မှာ ၁၂၇၄၇ စတုရန်းပေ ကျယ်ဝန်းကာ အိပ်ခန်း ၆ ခန်း ပါဝင်သည်။
၂၀၁၅ ခုနှစ်ကမှ ဆောက်လုပ်ခဲ့သည့် နေအိမ်သစ်ဖြစ်ပြီးရေချိုးခန်း ၁၀ ခန်းအထိ ပါဝင်သည်။
ဒုတိယထပ်သို့ တက်ရန်အတွက် ဓာတ်လှေကားတစ်စင်းပင် တပ်ဆင်ထားသည်။
ခြံဝန်းအတွင်းတွင် ရေကူးကန်နှင့် အားကစားလေ့ကျင့်ရေးနေရာ ပါဝင်သည်။
ရော်ဂျာသည် ယခင်ကလည်းဖလော်ရီဒါပြည်နယ် ၊ အဆိုတော်ကျွန်းတွင် ကွန်ဒိုခန်းတစ်ခန်းပိုင်ဆိုင်ခဲ့ဖူးပြီးယင်းအခန်းကိုFox News သတင်းဌာန၏ ၀န်ထမ်းတစ်ဦးဖြစ်သူ နီးလ်ကာဗူတိုအားကန်ဒေါ်လာ ၅၂၅၀၀၀ ဖြင့် ၂၀၁၃ ခုနှစ်အတွင်းက ပြန်လည်ရောင်းချခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)