ဒူဘိုင်းတွင် ကန်ဒေါ်လာ ၇၃၅ သန်း အကုန်အကျခံ၍ ဖောက်လုပ်ခဲ့သော Dubai Water Canal အမည်ရှိ အပန်းဖြေတူးမြောင်းကို နိုဝင်ဘာ ၉ ရက်က ဖွင့်လှစ်လိုက်ကြောင်း အရှေ့အလယ်ပိုင်း အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါတူးမြောင်းဖောက်လုပ်နေသည့်သတင်းကို iMyanmarHouse.com တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါသည်။
ပြန်လည်ဖတ်ရှုလိုပါကhttp://www.imyanmarhouse.com/news/read/522974လင့်ခ်နှင့် http://www.imyanmarhouse.com/news/read/482328လင့်ခ်များတွင် ဖတ်ရှုနိုင်ပါသည်။
ယင်းတူးမြောင်းသည် ၃ ဒသမ ၂ ကီလိုမီတာရှည်လျားပြီးဒူဘိုင်းမြို့လယ်ကို ဖြတ်သန်းဖောက်လုပ်ထားကာလူသွားလမ်းနှင့် စက်ဘီး၊ ဆိုင်ကယ်လမ်းများ ပါဝင်သည်။
တူးမြောင်းသည် ဆာဖာပန်းခြံ၊ အယ်လ်ဝါဆယ်လမ်း၊ ဂျူမေရာလမ်းတို့ကို ဖြတ်သန်းကာအာရေးဗီးယားပင်လယ်အော်တွင် အဆုံးသတ်သည်။
၃ ဒသမ ၂ ကီလိုမီတာရှည်လျားသောကြောင့် ကမ်းခြေအလျား ၆ ဒသမ ၂ ကီလိုမီတာကိုဒူဘိုင်းမြို့သားတို့ ပိုင်ဆိုင်ခွင့်ရမည် ဖြစ်သည်။
ယင်းတူးမြောင်းသည် ဒူဘိုင်း၏ အရေးအပါဆုံးစီမံကိန်းများတွင် တစ်ခုအပါအ၀င်ဖြစ်ပြီးဒူဘိုင်းလမ်းတံတားနှင့် ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (RTA) က ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
တူးမြောင်းဖွင့်ပွဲအခမ်းအနားတွင် အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒုတိယသမ္မတ/ဒူဘိုင်းအကြီးအကဲရှိတ်ခ် မိုဟာမက် ဘင်ရာရှစ် အယ်လ် မက်ခ်တိုအမ်ကမိန့်ခွန်းပြောကြားခဲ့သည်။
တူးမြောင်းတစ်လျှောက်တွင် တံတားငါးစင်းပါဝင်ပြီးပထမတံတားမှာအလျား ၁၂၀ မီတာ၊ အကျယ် ၆ မီတာရှိပြီးသတ္တုကြိုးများဖြင့် တံတားကြမ်းပြင်ကိုထိန်းမထားသည်။
ဒုတိယတံတားမှာအလျား ၂၀၅ မီတာ၊ အကျယ် ၃ ဒသမ ၅ မီတာရှိသည်။
တံတားအားလုံး၏ ဘေးနှစ်ဖက်တွင် ဓာတ်လှေကားများနှင့် စက်လှေကားများတပ်ဆင်ထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)