ကော့မှူးမြို့နယ်အတွင်းရှိ မြေကွက်ဈေးနှုန်းများ ပိုမိုမြင့်တက်လျက်ရှိ

ကော့မှူးမြို့နယ်အတွင်းရှိ မြေကွက်ဈေးနှုန်းများ ပိုမိုမြင့်တက်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
10 Nov 2016 10:09 am တွင် တင်ခဲ့သည်
1224 ကြိမ် ကြည့်ရှု့ပြီး
ကော့မှူးမြို့နယ်ရှိ မြေကွက်များကို ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားသူ များပြားလာပြီးမြေဈေးနှုန်းများ လည်း တစ်နေ့တခြား မြင့်တက်လျက်ရှိကြောင်း ဒေသခံ အိမ်ခြံမြေအကျိုးဆောင်များကပြောသည်။

ရွှေ့ဆိုင်းထားသော ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်းကို၂၀၁၈ခုနှစ်မှစတင်ကာအကောင်အထည် ဖော်ရန်ကြေညာပြီးချိန်မှစ၍ရန်ကုန်မြို့တစ်ဖက်ကမ်းရှိမြေကွက်များကိုဝယ်ယူလိုသူများပြားလာခဲ့ ကြောင်း ဒေသခံ အိမ်ခြံမြေအကျိုးဆောင် ကိုကျော်အောင်က ပြောသည်။

"ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်တော့မယ်လို့ သတင်းတွေထွက်ပြီးတဲ့အချိန်ကစပြီး ရန် ကုန်မြို့လယ်ကောင်နဲ့နီးပြီး မြစ်ခြားနေလို့ သွားလာရေးခက်ခဲတဲ့ရန်ကုန် မြို့တစ်ဖက်ကမ်း ကမြေ ကွက်တွေကို ရင်းနှီး မြှုပ်နှံဖို့ ၀ယ်ယူလိုသူတွေ များပြားလာခဲ့ပါတယ်။ တံတားစီမံကိန်းကိုဒုတိယအ ကြိမ် ထပ်မံရွှေ့ဆိုင်းခဲ့တဲ့ပြီးခဲ့တဲ့နှစ်ကတည်းက ဒလမြို့နယ်က မြေဈေးတွေက အမြင့်ပိုင်းမှာရှိနေ ဆဲဖြစ်လို့ ရင်းနှီးမြှုပ်နှံသူတွေက ဒလမြို့နယ်ထက် အိမ်ခြံမြေ ဈေးသက်သာ နေသေးတဲ့ဒလမြို့နယ် နဲ့ ကပ်လျက်ရှိနေတဲ့ ကော့မှူးမြို့နယ်က မြေကွက်တွေကို ရင်းနှီး မြှုပ်နှံဖို့ တခြားမြို့နယ်တွေထက်
ပိုသဘောကျ ကြပါတယ်"ဟု ၎င်းက ပြောသည်။

ကော့မှူးမြို့နယ်ကိုဖြတ်ကာ ဒလမြို့နယ်နှင့် တွံတေးမြို့နယ်ကို ဆက်စပ်ပေးမည့် လမ်းမကြီးတစ်ခု ကို ယခုနှစ်ကုန်တွင် စတင် ဖောက်လုပ်မည်ဖြစ်ပြီး ထိုလမ်းမကြီး တစ်လျှောက်ရှိ မြေကွက်များ ကို ၀ယ်ယူလိုသူများပြားလာပြီး ထိုလမ်းမကြီးပေါ်ရှိမြေဈေး များလည်း နှစ်ဆကျော်အထိ သိသိသာသာ ဈေးမြင့် တက်လာကြောင်းကိုကျော်အောင် က ပြောသည်။

"ကော့မှူးမြို့နယ်ကို ဖြတ်ပြီးဖောက်လုပ်မယ့် ဒလနဲ့ တွံတေးမြို့နယ်ကို ဆက်ပေးမယ့်လမ်းမအသစ် တစ်လျှောက်မှာရှိတဲ့ မြေကွက်တွေ ဒီလထဲ အရောင်းအ၀ယ်ဖြစ်နေပြီးနှစ်လအတွင်းမှာကို ဈေး လည်း နှစ်ဆကျော် လောက်မြင့်တက်နေပါတယ်။

လမ်းမကလာမယ့်ဒီဇင်ဘာလမှစတင်ဖောက်လုပ် မှာဖြစ် ပြီး လမ်းဖောက်ပြီးသွားရင် မြေဈေးတွေ ထပ်မြင့်တက်ဦးမှာပါ" ဟု ၎င်းက ပြောသည်။ထိုအ သစ်ဖောက်လုပ်မည့် လမ်းမကြီး တစ်လျှောက်ရှိ မြေကွက်များမှာ ယခုနှစ်ဆန်း ပိုင်းတွင်တစ်ဧက လျှင် ကျပ်သိန်း ၅၀ အောက်ခန့်သာရှိသော်လည်း ယခုအချိန်တွင် တစ်ဧက လျှင် ကျပ်သိန်း ၁၂၀ ကျော်ခန့် ဈေးရှိကြောင်း ၎င်းက ပြောသည်။

"အဲဒီ အသစ်ဖောက်လုပ်မယ့် လမ်းမတန်းတစ်လျှောက်ကမြေကွက်တွေကဥယျာဉ်ခြံမြေအမျိုး အစား ဖြစ်ပြီး စလစ်မြေတွေပါ။ ဂရန်ရရှိထားတဲ့ မြေက မရှိသလောက်ပါပဲ။ ဥယျာဉ်ခြံမြေတွေက တစ်ဧက ကို ကျပ်သိန်း ၁၂၀ ကျော်ကစပြီး ၁၅၀ ခန့်ထိ ဈေးခေါ်နေပါတယ်။ လယ်မြေဆိုရင်တော့ ဥယျာဉ်ခြံမြေထက် ၁၀ သိန်းလောက် သက်သာပါတယ်" ဟု ကိုကျော်အောင်က ပြောသည်။

ကော့မှူးမြို့နယ်တွင်းရှိ ကျေးရွာများမှ ဂရန် မရရှိသေးသော မြေကွက်များမှာလည်းဝယ်ရောင်း ပြုလုပ် ရန်နှင့် ရင်းနှီးမြှုပ်နှံရန် ၀ယ်ယူမှုနည်းသော်လည်း ဈေးနှုန်းများ သုံးဆကျော်ခန့် အထိ မြင့်တက်လျက်ရှိ ကြောင်း မြို့ခံ ဒေါ်သီတာအေးက ပြောသည်။

"လမ်းပန်းဆက်သွယ်ရေး မကောင်းသေးတဲ့၊ ကွန်ကရစ်လမ်း မဖောက်လုပ်ရသေးဘဲမြေနီလမ်း သာ ဖောက်လုပ်ထားတဲ့ ကျေးရွာ တွေမှာလည်းမြေဈေးတွေ သုံးဆကျော်ခန့် အထိ ဈေးမြင့်တက်နေပါ တယ်။ ကျေးရွာက ရွာမြေတွေက ဂရန်တွေ၊ စလစ်တွေ၊ ပါမစ်တွေဘာအာမခံချက် မှ မရှိသေးလို့ ၀ယ်ရောင်း လုပ်လိုသူတွေ ၀ယ်ယူမှု မရှိသလောက်ဖြစ်ပေမဲ့ဈေးတွေကတော့ တစ်နေ့တခြား ကို မြင့်တက်နေပါတယ်။ ဒေသခံတွေက ကော့မှူး မြို့နယ်ကဒေါ်အောင်ဆန်းစုကြည် ရဲ့မဲဆန္ဒနယ်ဖြစ် လို့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီးပိုဖွံ့ဖြိုး တိုးတက်လာ မယ်လို့အသေအချာယုံကြည် ပြီး မြေဈေး တွေကို အမြင့်ပိုင်းကနေပဲဈေးစခေါ်ကြပါတယ်"ဟု ၎င်းက ပြောသည်။

ကော့မှူးမြို့နယ် ကျေးရွာများတွင်းမှ မြေဈေးများမှာ စတုရန်းပေ ၂,၄၀၀ မြေကွက် တစ်ကွက်လျှင် ကျပ် သိန်း ၃၀ ခန့်ရှိပြီး ပေ ၁၀၀ ပတ်လည် မြေကွက်တစ်ကွက်လျှင်ကျပ်သိန်း ၅၀ ကျော်ခန့်အထိ ဈေးရှိသည်။

"ရွေးကောက်ပွဲမတိုင်ခင်က ကျေးရွာတွင်း က မြေဈေးတွေက စတုရန်းပေ၂,၄၀၀ ရှိတဲ့မြေတစ်ကွက် ကို ငါးသိန်းလောက်ပဲ ရှိခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ ဈေးတွေ မြင့်တက်လာခဲ့တာ အခုဆို အဲဒီအကျယ် အ၀န်း ရှိတဲ့ မြေကွက် တစ်ကွက်ကို ကျပ်သိန်း ၃၀ လောက် ဈေးခေါ်နေကြတယ်။ ဘာဂ ရန်၊ပါမစ် မှ မရှိဘဲ အရပ်စာချုပ် တစ်ခုတည်းနဲ့သာ ၀ယ်ရောင်း ပြုလုပ်နိုင်လို့ ရွာကမြေကွက်တွေကို ရင်းနှီး မြှုပ်နှံသူတွေဝယ်ယူမှု မရှိပေမဲ့ ရွာကမြေ တွေက တစ်နေ့တခြားသိသိသာသာဈေးနှုန်းတွေမြင့်တက် လာနေပါတယ်"ဟု ကိုကျော် အောင်က ပြောသည်။

အခြေခံအဆောက်အအုံများ ဆောက်လုပ်ရန်သာ အကူအညီပေးသော ကမ္ဘာ့ဘဏ်နှင့်မြန်မာအစိုးရ တို့ပူးပေါင်းအကောင်အထည်ဖော်နေသည့်လူထုဗဟိုပြုစီမံကိန်းအကျိုးခံစားရာရန်ကုန်တိုင်းကိုယ်စားပြု မြို့နယ်အဖြစ်ကော့မှူးမြို့နယ် ရွေးချယ်ခံ ခဲ့ရသောကြောင့် ၂၀၁၅-၂၀၁၈ စီမံကိန်းကာလလေး နှစ်အတွင်းမှာ အခြေခံ အဆောက်အအုံများ တည်ဆောက်ခွင့်နှင့်ပြုပြင်ခွင့်များကိုကော့မှူးမြို့နယ် က ရရှိမည် ဖြစ်သည်။

"ကော့မှူးမြို့နယ်မှာ လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ချိန် တစ်နှစ်အတွင်း မှာကိုစီမံကိန်း ကနေ ဖောက်လုပ်တဲ့လမ်း တွေရှိပါတယ်။ အစိုးရစီမံကိန်းနဲ့ ဖောက်လုပ်တဲ့လမ်းတွေ လည်းရှိခဲ့ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ်ဖြစ်လို့ သူက မြို့နယ်ကိုလမ်းပန်းဆက်သွယ် ရေး ကောင်းမွန်ပြီး မြို့နယ် ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ပေးမယ်လို့ဒေသခံတွေက ယုံ ကြည်နေကြပါ တယ်။ မြေဈေးတွေလည်း ပိုမြင့် တက်လာနိုင်ပါတယ်"ဟုဒေါ်သီတာအေး က ပြောသည်။

Credit: Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော
အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ
ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်
ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်
တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား
တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ
ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ
အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ
အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service