တန်ဖိုးနည်းအိမ်ရာများအတွက် နိုင်ငံတော်ထံမှ ကျပ်ဘီလျံ ၃၀ ချေးငွေရရန် တောင်းဆိုထား

တန်ဖိုးနည်းအိမ်ရာများအတွက် နိုင်ငံတော်ထံမှ ကျပ်ဘီလျံ ၃၀ ချေးငွေရရန် တောင်းဆိုထား - Property News in Myanmar from iMyanmarHouse.com
10 Nov 2016 9:54 am တွင် တင်ခဲ့သည်
1039 ကြိမ် ကြည့်ရှု့ပြီး
တန်ဖိုးနည်းအိမ်ရာများကို အများအပြား ဆောက်လုပ်နိုင်ရန်နှင့် အရစ်ကျစနစ်ဖြင့် ၀ယ်ယူသူများ လစဉ်သွင်းငွေကို နှစ်ရှည် ပေးဆပ်နိုင်ရေးအတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က
အိုးအိမ်ဦးစီးဌာန မှတစ်ဆင့် ငွေကျပ် ဘီလျံ ၃၀ ကို နိုင်ငံတော်ထံမှ ချေးငွေအဖြစ် ရယူနိုင်ရန်
တင်ပြထားကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် ဒါရိုက်တာ ဦးတင်အောင်မြင့်က
နိုဝင်ဘာ ၈ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။

"အဓိကကတော့ ကျွန်တော်တို့လိုအပ်တဲ့ ငွေကြေးတွေအတွက် အိုးအိမ်ကနေတစ်ဆင့်
ဝန်ကြီးဆီတင်ပြတယ်။ အစိုးရဆီကနေ ဘီလျံ ၃၀ လောက် ချေးပေးဖို့ ပြောထားတယ်။
ပေးမယ်လို့တော့ နှုတ်ကတိ ရထားပေမဲ့ လက်တွေ့တော့ မရသေးဘူး၊ တင်ပြထားတာ
ကတော့ သုံးလလောက်တော့ရှိပါပြီ။ ဘဏ်မှာ ငွေပိုလည်သွားအောင်လို့ အစိုးရဘက်က
ပံ့ပိုးဖို့ လိုအပ်တယ်"ဟု ၎င်းက ပြောသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကို ၂၀၁၄ ခုနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ စီးပွားရေး
လုပ်ငန်းရှင်များ ပူးပေါင်း ဖွင့်လှစ်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံ တွင်ရှိသည့် ဘဏ်များအနက်
တစ်ခုတည်း သော ဖွံ့ဖြိုးရေးဘဏ်လည်း ဖြစ်သည်။

စတင်ဖွဲ့စည်းခဲ့စဉ်က ကျပ်ဘီလျံ ၁၀၀ ဖြင့် မတည်ရင်းနှီးခဲ့ခြင်းဖြစ်သည်။ ဆောက်လုပ်ရေး
ကုမ္ပဏီများ လိုအပ်သည့် ငွေကြေးအရင်းအနှီးများကို ပိုမိုထုတ်ချေးနိုင်ရန်နှင့် တိုက်ခန်းဝယ်ယူ
သူများကို နှစ်ရှည်စနစ်ဖြင့် ထုတ်ချေးပေးနိုင်ရန် အတွက် တန်ဖိုးနည်းအိမ်ရာများကို အများ
အပြားဆောက်လုပ်နေသည့် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ဆောက်လုပ်ရေးနှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းကာ ဘဏ်တွင် လိုအပ်သည့် ငွေကြေးအရင်း အနှီး
ခိုင်မာတောင့်တင်းမှုရှိစေရန် ယခု ကဲ့သို့ နိုင်ငံတော်ထံမှ နှစ်ရှည်စနစ်ဖြင့် ကျပ်ဘီလျံ
၃၀ ချေးငှားပေးရန် တင်ပြခဲ့ ခြင်းဖြစ်သည်။

"အိမ်ရာတွေ အများကြီးဆောက်ဖို့ အစိုးရ ကလည်း ငွေထောက်ပံ့ရမှာဖြစ်သလို နိုင်ငံခြားချေးငွေတွေ
ရဖို့လည်း တစ်ဖက်ကနေ ကြိုးစားနေရတာတွေရှိတယ်။ တစ်ဖက်က လည်း အိမ်ဝယ်မယ့်
သူတွေဆီက ၃၀ ရာခိုင် နှုန်းငွေကို ကြိုယူထားတယ်။ ငွေရပေါက် သုံးနေရာလောက်ရမှ
တစ်ပြည်လုံးမှာ တန်ဖိုး နည်းတွေ လိုက်ဆောက်နိုင်မှာဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းနှင့် စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူ ၂၀၀ ကို ကျပ်ဘီလျံ ၉၀ ထုတ်
ချေးပေးထားပြီးဖြစ်သလို အိမ်ရာ ၀ယ်ယူလိုသူ ၅၀၀ အတွက် ကျပ် ခုနစ်ဘီလျံ ထုတ်ချေး
ထားခဲ့ပြီးဖြစ်ကြောင်း ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့သည့် တန်ဖိုးနည်း
အိမ်ရာနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်
တာဝန်ရှိသူများက ဖြေကြားထားပြီးဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ် ထားသည့်
တန်ဖိုးနည်းအိမ်ရာများကို ၀ယ်ယူ လိုသူများအတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဘဏ်မှတစ်ဆင့် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ကနဦးပေးငွေ အဖြစ် ပေးသွင်းစေကာ
ကျန်ရှိသည့် ၇၀ ရာခိုင်နှုန်းကို ၁၀ နှစ် အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေသည့်စနစ်ကို
ကျင့်သုံးလျက် ရှိသည်။ ထို့ပြင် တန်ဖိုးနည်းအိမ်ရာများနှင့် တန်ဖိုးမျှတအိမ်ရာစီမံကိန်းများကို
ဆောက်လုပ်နေသည့် ကန်ထရိုက်တာများ၊ ဆောက် လုပ်ရေးကုမ္ပဏီများကိုလည်း
ငွေထုတ်ချေး ပေးလျက်ရှိသည်။

"နိုင်ငံတော်ဆီကနေ အိမ်ရာချေးငွေတွေ အတွက် ကျပ် ဘီလျံ ၃၀ လောက် တင်ပြထားပါတယ်။
အဲဒီပိုက်ဆံ ရလာရင်တော့ သက်သာတဲ့ အတိုးနှုန်းလေးတွေနဲ့ အရစ်ကျ စနစ်နဲ့ ပြည်သူတွေကို
ပေးနိုင်အောင် လုပ်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီလိုဖြစ်လာ အောင်လို့လည်း စီစဉ်နေပါတယ်"ဟု
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။

တန်ဖိုးနည်းအိမ်ရာဝယ်ယူလိုသူများ သည် ပုံမှန်လစာဝင်ငွေ၏ ၃၀ ရာခိုင်နှုန်းကို လစဉ်ပေးဆပ်နိုင်ရန်
သတ်မှတ်ထားသည့် အတွက် အနည်းဆုံးလစာဝင်ငွေအဖြစ် တစ်လလျှင် ကျပ် လေးသိန်းကျော်
ရရှိထား ရန် လိုအပ်သည်။ ယုဇန၊ ကနောင်နှင့် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာတို့တွင်
ဆောက်လုပ်ထားသည့် တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၂,၂၀၈ ခန်းအနက် မြို့ပြနှင့်
အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အခန်းစုစု ပေါင်း၏ ၃၀ ရာခိုင်နှုန်းဖြစ်သည့် အခန်းပေါင်း ၆၅၀ ကျော်ကို နိုဝင်ဘာလအတွင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ
ဖွံ့ဖြိုးရေးဦးစီးဌာနက သတင်းရရှိသည်။

Credit: Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon
တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon
တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား
တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ
ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရ
အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရ
လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ
လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
Maha Nadi Condominium
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service