တရုတ်မြေရောင်းလိုအား ၂၀၁၀ နောက်ပိုင်း အနိမ့်ဆုံးနှုန်းဖြင့် ကျဆင်း

တရုတ်မြေရောင်းလိုအား ၂၀၁၀ နောက်ပိုင်း အနိမ့်ဆုံးနှုန်းဖြင့် ကျဆင်း - Property News in Myanmar from iMyanmarHouse.com
10 Nov 2016 9:54 am တွင် တင်ခဲ့သည်
1165 ကြိမ် ကြည့်ရှု့ပြီး
တရုတ်တွင် မြေရောင်းလိုအားသည် ယခုနှစ် ပထမ ၉ လအတွင်း ၇၁,၀၀၀ ဟက်တာ ရှိခဲ့ပြီး
၂၀၁၅ ခုနှစ် ပထမ ၉ လအောက် ၇ ဒသမ ၈ ရာခိုင်နှုန်း လျော့နည်းကျဆင်းခဲ့ကြောင်း
တရုတ်မြေယာနှင့် ရင်းမြစ်ဝန်ကြီးဌာနက နိုဝင်ဘာလ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းနှုန်းသည် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း အနိမ့်ဆုံးနှုန်းဖြစ်နိုင်ကြောင်းနှင့် ယင်းသည် လာ
မည့် ၂ နှစ်အတွင်း အိမ်ရာရောင်းလိုအားကို သက်ရောက်မည်ဖြစ်ကြောင်း ၀န်ကြီးဌာနဒေ
တာများကို ကိုးကား၍ Yicai ဘဏ္ဍာရေးမဂ္ဂဇင်းက ဖော်ပြခဲ့သည်။

ထိုမြေရောင်းလိုအားအနက် လူနေအိမ်များအတွက် မြေရောင်းလိုအားသည် ယခုနှစ်
ပထမ ၉ လအတွင်း ၂၀၁၅ ခုနှစ်အောက် ၈ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၄၇,၉၀၀
ဟက်တာရှိခဲ့သည်။ မြေရောင်းလိုအားသည် ၂၀၁၃ ခုနှစ်က ၂၀၃,၂၀၀ ဟက်တာရှိခဲ့ပြီး
အမြင့်ဆုံးနှုန်းဖြစ်ခဲ့သည်။

မြေရောင်းလိုအား ကျဆင်းမှုကြောင့် မြေဈေးများ မြင့်တက်လာသည်။ တရုတ်အဓိကမြို့ကြီး
၁၀၀ ကျော်တွင် ပျမ်းမျှလူနေမြေဈေးသည် ယခုနှစ် တတိယသုံးလပတ်(ဇူလိုင်၊ သြဂုတ်၊
စက်တင်ဘာ)တွင် ၁ စတုရန်းမီတာလျှင် ယွမ် ၅,၇၈၁ (အမေရိကန်ဒေါ်လာ ၈၅၂) ရှိခဲ့
သည်။ ယင်းသည် ၂၀၁၅ ခုနှစ်တတိယသုံးလပတ်ထက် ၆ ဒသမ ၇၇ ရာခိုင်နှုန်းမြင့်တက်
ခဲ့ခြင်းဖြစ်သည်။

ယင်းဈေးနှုန်းများသည် ပေကျင်းကဲ့သို့သော အဓိကပထမတန်းမြို့ကြီးများတွင် မြေရောင်း
လိုအားကျဆင်းခြင်းကြောင့် ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။ ပေ
ကျင်းတွင် အစိုးရက မြေရောင်းချမှုကို သိသိသာသာလျှော့ချလာခဲ့သည်။

သက်ဆိုင်ရာဒေသဆိုင်ရာအစိုးရများက ပြီးခဲ့သည့်သီတင်းပတ်များအတွင်း အိမ်ခြံမြေထိန်း
ချုပ်မှုများပြုလုပ်လာသော်လည်း ဈေးကွက်ကို ထိန်းညှိနိုင်ရန် ခဲယဉ်းနေကြောင်း ၀န်ကြီး
ဌာနသုတေသီ ၀မ်ကျန်းဝူက ပြောကြားခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး

လှေကား ကို "မ" ဂဏန်းထားရခြင်း အကြောင်းအရင်း

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမ

Villa Shukhinthar
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service