ဒဏ်ကြေးပေးဆောင်ပြီးဖြစ်၍ ဆူးလေ စကွဲအဆောက်အအုံ အဆုံးသတ် ပြီးစီးကြောင်း ထောက်ခံစာရမည်

ဒဏ်ကြေးပေးဆောင်ပြီးဖြစ်၍ ဆူးလေ စကွဲအဆောက်အအုံ အဆုံးသတ် ပြီးစီးကြောင်း ထောက်ခံစာရမည် - Property News in Myanmar from iMyanmarHouse.com
10 Nov 2016 9:48 am တွင် တင်ခဲ့သည်
3515 ကြိမ် ကြည့်ရှု့ပြီး
ခွင့်ပြုချက်မရဘဲ အထပ်ကျော်လွန် တည်ဆောက်မှုအတွက် ချမှတ်ခံခဲ့ရသည့် ဒဏ်ကြေးငွေကို
ဆူးလေစကွဲ အဆောက် အအုံ ရင်းနှီးမြှုပ်နှံသူများဘက်က ပေးဆောင် ခဲ့ပြီးဖြစ်သဖြင့် အဆိုပါ
အဆောက်အအုံ ဆောက်လုပ်မှု ပြီးဆုံးကြောင်း ထောက်ခံစာ (BCC) ကို ယခုရက်သတ္တပတ်တွင်
ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင် နီယာဌာန
(အဆောက်အအုံ)မှ သိရသည်။

"ဆူးလေစကွဲအဆောက်အအုံ ဒဏ်ငွေ ပေးဖို့ သတ်မှတ်ထားတာ သူတို့ ပေးဆောင်
ပြီးသွားပါပြီ။ အဲဒါကြောင့် ဆောက်လုပ်ခွင့် ပါမစ်လည်းပေးပြီး လာမယ့်ရက်သတ္တပတ်
ထဲမှာ အဆောက်အအုံပြီးဆုံးကြောင်း ထောက်ခံစာ (BCC) ပေးဖို့စီစဉ်ထားပါတယ်။
ရပြီးရင်တော့ သူတို့အဆောက်အအုံ လည်း ဖွင့်လို့ရပြီ" ဟု အဆိုပါဌာန၏ဌာနမှူး
ဦးသန်းဌေးက ပြောသည်။

ရှန်ဂရီလာအုပ်စုက တည်ဆောက်သည့် ဆူးလေစကွဲ ဈေးဝယ်စင်တာနှင့် ရုံးခန်းများ
ငှားရမ်းမည့် အဆိုပါ အထပ်မြင့်အဆောက် အအုံသည် ဆောက်လုပ်ခွင့်ပြုချက်မရရှိဘဲ
အထပ်ကျော်လွန် တည်ဆောက်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏
ဒဏ်ငွေ ကျပ် သိန်းနှစ်သောင်း ချမှတ်ခံခဲ့ရသည်။

ခွင့်ပြုချက်မရရှိဘဲ အထပ်ကျော်လွန် တည်ဆောက်သည်ဟု ပြောဆိုခြင်းတွင်
တည်ဆောက်သူများက အဆိုပါ အဆောက် အအုံ၏ ဒီဇိုင်းပြောင်းလဲရေးဆွဲမှုကို
ယခင်အစိုးရလက်ထက်တွင် စည်ပင်သာ ယာရေးကော်မတီထံ တင်ပြကာ အထပ်မြင့်
အဆောက်အအုံ တည်ဆောက်ရေးစီမံ ကိန်းများ ကြီးကြပ်စိစစ်ရေးပညာရှင် အဖွဲ့ (CQHP) ၏
ထောက်ခံချက်လည်း ရရှိထားပြီး ဖြစ်သော်လည်း လက်ရှိ အစိုးရလက်ထက် ကော်မတီက
တရားဝင်ခွင့်ပြုချက် မပေးခဲ့ ခြင်းကြောင့်ဖြစ်သည်။

သို့သော် ဆူးလေစကွဲအဆောက်အအုံ ၏ အထပ်တိုးမြင့်ထားသည့် ပြောင်းလဲပုံစံ ဒီဇိုင်းကို
(CQHP) အဖွဲ့ကို လွန်ခဲ့သည့် နှစ်နှစ်ခန့်ကတည်းကပင် စိစစ်ထားပြီး ဖြစ်သည့်အပြင် တည်ဆောက်နိုင်သည့် ထောက်ခံချက်လည်း ပေးခဲ့ပြီးဖြစ်သော်လည်း
စည်ပင်သာယာရေးကော်မတီက ဒီဇိုင်းသစ်အပေါ် ဆောက်လုပ်ခွင့်ပါမစ်ပေးမှုတွင်
အချိန်ကြာမြင့်နေခဲ့ခြင်းဖြစ်သည်။

ဆူးလေစကွဲအဆောက်အအုံ တည် ဆောက်သူများကလည်း ၂၀၁၆ ခုနှစ် အစောပိုင်းတွင်
ဈေးဝင်စင်တာနှင့် ရုံးခန်းများကို ငှားရမ်းဖွင့်လှစ်သွားမည်ဟု ၂၀၁၅ ခုနှစ် ဇွန်လကတည်းကပင်
မိတ်ဆက် ရောင်းချခဲ့ပြီး စည်ပင်၏ ဆောက်လုပ် ခွင့်ပြုချက်ကို မစောင့်နိုင်ဘဲ (CQHP)
ထောက်ခံချက်နှင့်ပင် အမီတည်ဆောက် သည့် အနေအထားမျိုး ဖြစ်ခဲ့သည်။

ထို့ကြောင့် ဆောက်လုပ်ပြီးစီးသည့်အချိန်တွင် အစိုးရသစ်လက်ထက်သို့ ရောက်ရှိနေပြီး
လက်ရှိအစိုးရအောက်ရှိ စည်ပင်သာယာရေကော်မတီ အင်ဂျင် နီယာဌာနကလည်း
ခွင့်ပြုချက်မပေး ရသည့်အချက်ကို ထောက်ကာ ဒဏ်ငွေ ပေးဆောင်ရန်ချမှတ်ခဲ့ပြီး
အဆောက်အအုံပြီးဆုံးကြောင်း ထောက်ခံစာ (BCC) မရသည့်အတွက် ဆူးလေစကွဲ
အဆောက် အအုံမှာ ယခုနှစ်အစောပိုင်းတွင် ဖွင့်လှစ်ခွင့်မရပေ။ ယင်းကဲ့သို့ ခွင့်ပြုချက်မရှိဘဲ
အထပ် ကျော်လွန်တည်ဆောက်မှုများအတွက် စည်ပင်သာယာရေးကော်မတီက ဒဏ်ငွေ
တစ်စတုရန်းပေလျှင် ကျပ် ၁၅,၀၀၀ နှုန်း သတ်မှတ်ထားပြီး ခွင့်ပြုချက်အတိုင်းမဟုတ်ဘဲ
ကျော်လွန်တည်ဆောက်မည့် မည်သည့်အဆောက်အအုံကိုမဆို ယင်းနူန်းတားအတိုင်း
ဒဏ်ငွေချမှတ်သွားမည် ဖြစ်သည်။

Credit: Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား

ဂျပန်တွင် ၆ ဒေါ်လာပေးလျှင် မိမိနှင့် မသိကျွမ်းသူများကို ဖက်ခွင့်ရသော ထူးဆန်းသည့် ကော်ဖီဆိုင်

Maha Nadi Condominium
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service