အင်္ဂလန်နိုင်ငံ၊ နော်သမ်တန်ရှိုင်းယားတွင် ဘက်ကင်ဟမ်နန်းတော်ပုံတူဆောက်လုပ်ထားသည့် အဆောက်အအုံကြီးကိုကန်ဒေါ်လာ ၁၇ သန်းကျော်ဖြင့် ရောင်းချရန် အရောင်းဈေးကွက်တင်လာကြောင်းလန်ဒန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါအဆောက်အအုံကြီးကိုလွန်ခဲ့သော နှစ်ပေါင်း ၃၀၀ ခန့်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး၁၇၁၀ ပြည့်နှစ်မှ ၁၇၁၄ ခုနှစ်အကြားဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ချမ်းသာကြွယ်ဝသော ဇနီးမောင်နှံဖြစ်သည့် ရစ်ချတ်နှင့် ဒိုင်ယာနာအော်လီဗာတို့ကဆောက်လုပ်ခဲ့ကြခြင်းဖြစ်ပြီးနောက်ပိုင်းတွင် ဘက်ကင်ဟမ်အိမ်တော် (ယခုဘက်ကင်ဟမ်နန်းတော်) ကြီး၏ ပုံစံပြောင်းလဲတည်ဆောက်ခဲ့ကြသည်။
ဆမ်ဆင်းနှင့် နီနာဆင်းတို့က ၂၀၁၄ ခုနှစ်တွင် ၀ယ်ယူလိုက်ချိန်တွင်ကား နေအိမ်ကြီးမှာများစွာယိုယွင်းလျက်ရှိပြီဖြစ်ကာ ပြန်လည်မွမ်းမံမှု များစွာ ပြုလုပ်ရန် လိုနေပြီ ဖြစ်သည်။
ဆမ်တို့ကယင်းနေအိမ်ကိုပေါင် ၄ ဒသမ ၅ သန်းပေးကာ ၀ယ်ယူလိုက်ခြင်းဖြစ်ပြီး ပြန်လည်မွမ်းမံမှုအတွက် ကန်ဒေါ်လာ ၄ ဒသမ ၈၇ သန်းခန့် ကုန်ကျခဲ့သည်။
မစ္စတာဆမ်ဆင်းသည် အိမ်ခြံမြေနှင့် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်သောNoble House Group of companiesကိုတည်ထောင်သူဖြစ်ပြီး ၎င်းတို့မိသားစုနေထိုင်သည်မှာလန်ဒန်မြောက်ဘက် မိုင် ၂၀ ခန့်အကွာတွင်ရှိသောဂျာရက် ခရော့စ်မြို့တွင် ဖြစ်သည်။
ယင်းနေအိမ်၏ နှစ်ပေါင်း ၃၀၀ သက်တမ်းတစ်လျှောက် လက်ပြောင်းလက်လွှဲနည်းပါးပြီးဆင်းမှာစတုတ္ထမြောက် ပိုင်ရှင်ဖြစ်သည်။
မူရင်းဆောက်လုပ်ခဲ့သူရစ်ချတ်အိုလီဗာကယင်းနေအိမ်ဆောက်လုပ်ရာတွင် ၃၈၄၈ ပေါင်ခန့် (ယနေ့တန်ဖိုးအားဖြင့် ၃၆၅၀၀၀ ပေါင်ခန့်) သာကုန်ကျခဲ့ပြီးဇနီးဖြစ်သူ၏ လက်ဖွဲ့ငွေဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ဒိုင်ယာနာအိုလီဗာသည် ၁၇၁၆ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီးခင်ပွန်းဖြစ်သူရစ်ချတ်မှာ ၁၇၃၃ တွင် ကွယ်လွန်ခဲ့သည်။
၎င်းတို့ဇနီးမောင်နှံတွင် သားသမီးမရှိသောကြောင့် နေအိမ်ကို အစ်ကိုဝမ်းကွဲဖြစ်သူ ဂျွန် အော်လီဗာကရရှိခဲ့သည်။
ဂျွန်၏ သားစဉ်မြေးဆက်များကအစဉ်အဆက်လက်ခံရရှိခဲ့ကြပြီး ၁၉၉၀ ပြည့်နှစ်အထိ ဖြစ်သည်။
ယင်းနောက် မလေးရှားမိသားစုတစ်စုထံရောင်းချခဲ့ပြီးထပ်မံ၍ ဒေသတွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးလက်သို့ ရောက်ရှိခဲ့ပြန်သည်။
အဆိုပါ လုပ်ငန်းရှင်ကယင်းနေအိမ်ကြီးတွင် ၁၁ နှစ်ကြာနေထိုင်သွားခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)