အွန်လိုင်းကနေဟိုတယ်ဘွတ်ကင်လုပ်သူရာခိုင်းနှုန်း ၆၀ ကျော်မြင့်တက်လာတယ်လို့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်အချို့ဆီကသိရပါတယ်။
အစကတော့ အွန်လိုင်းကိုဈေးပိုကြီးမှာအလိမ်ခံရမှာစိုရိမ်းပြီးအွန်လိုင်းစနစ်ကိုလူတွေသိပ်မသုံးရဲဘူး၊ ခုနောက်ပိုင်းမှာဘွတ်ကင်တင်သူရဲ့ အခြေအနေကိုကြည့်ရင် တစ်ခါဘွတ်ကင်တင်ဖူးတဲ့ ခရီးသည်တွေကနောက်ခရီးစဉ်တွေရှိရင်လဲဘွတ်ကင်ပြန်လုပ်တာတွေကိုတွေ့ရတယ် ‘ လို့ အွန်လိုင်းကနေဟိုတယ်အခန်းငှါးဝန်ဆောင်မှုကိုလုပ်ဆောင်နေတဲ့ ဂျိုဗာဂို့ ပြန်ကြားရေးတာဝန်ခံ AdbesslamBenzitouniကပြောပါတယ်။
အွန်လိုင်းကနေဟိုတယ်ဘွတ်ကင်ပြုလုပ်သူဦးရေဟာပွင့်လင်းရာသီအစအောက်တိုဘာလမှာသိသိသာသာမြင့်တက်လာခဲ့ပါတယ်။ ယခင်လတွေနဲ့ယှဉ်ပါကအောက်တိုဘာလမှာအွန်လိုင်းဘွတ်ကင်ပြုလုပ်သူ ၆၀ ရာခိုင်နှုန်းတိုးတက်လာခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းခရီးသွားတွေအနေနဲ့ အွန်လိုင်းကနေတစ်ဆင့်ဝန်ဆောင်မှုရယူပြီးခရီးသွားလာမှုနှုန်းဟာအရင်ကထက်မြင့်တက်လာခဲ့တယ်လို့ဆိုပါတယ်။
ယခုနောက်ပိုင်းမီာအွန်လိုင်းကနေတစ်ဆင့် လေယာဉ်လက်မှတ်တွေ ၊ ကားလတ်မှတ်များကိုပါ တစ်ပါတည်းချိတ်ဆက်ရောင်းချမှုတွေရှိနေတာကြောင့် ကိုယ်တိုင်ခရီးစီစဉ်ပြီးခရီးသွားလာမှုနှုန်းကလည်းများပြားလာတယ်လို့ သိရပါတယ်။ ပြည်တွင်းခရီးသွားလာမှုပုံစံဟာ office ကနေ online စနစ်ကိုတဖြည်းဖြည်းကူးပြောင်းလာနေတဲ့ သဘောဖြစ်ပါတယ်။ အွန်လိုင်းအသုံးပြုရတာနဲ့ စီစဉ်နိုင်တဲ့ အနေအထားတွေကြောင့် လူကြိုက်များတဲ့ လုပ်ငန်းအဖြစ်ရပ်တည်လာခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်းပတ်ဖို့ ကောင်းမွန်တဲ့ ခရီးသွားဒေသအများအပြားရှိရာမှခရီးသွားအများစုဟာပုဂံ၊ အင်းလေး ၊ ရန်ကုန် ၊ မန္တလေး၊ ပြင်ဦးလွင် ၊ မြောက်ဦး ၊ မော်လမြိုင် ၊ ဘားအံ ၊ ချောင်းသာ၊ ငွေဆောင် ၊ တွေကိုသွားရောက်ဖို့ ဘွတ်ကင်လုပ်မှုပိုများပြားတယ်လို့ သိရပါတယ်။
ပြည်တွင်းကိုကိုယ့်အစီအစဉ်နဲက ၀င်ရောက်လာတဲ့ နိုင်ငံခြားသာခရီးသွားမြင့်တက်လာနိုင်တယ်လို့ သုံးသပ်မှုတွေ လည်းရှိနေပါတယ်။
အွန်လိုင်းဟိုတယ် အခန်းငှါးဝန်ဆောင်မှုတွေကြောင့် ပြည်တွင်းကိုတစ်ကိုယ်တော်ခရီးသွား (FIT) တွေ ဝင်ရောက်မှုများလာနိုင်တယ် ‘ လို့မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဠုဦးသက်လွင်တိုးက ပြောပါတယ်။
Credit : The Kumudra