ပြင်ပငွေကြေးဈေးကွက် တွင် ဈေးကစားမှုကြောင့် အမေရိ ကန်ဒေါ်လာဈေးနှုန်းသည် နိုဝင် ဘာ ၈ ရက်တွင် ၁ ဒေါ်လာလျှင် ၁,၂၉၄ ကျပ်အထိ ပြန်လည်မြင့် တက်လာကြောင်း သတင်းရရှိ သည်။
နိုဝင်ဘာလဆန်းပိုင်းတွင် ၁,၂၇၉ ကျပ်အထိ ကျဆင်းခဲ့ သော အမေရိကန်ဒေါ်လာဈေး နှုန်းသည် တစ်ပတ်ကျော်ကြာမြင့် ချိန်တွင် ပြန်လည်မြင့်တက်လာ သည်။ အောက်တိုဘာလကုန်ပိုင်း တွင်လည်း အမေရိကန်ဒေါ်လာ ဈေးသည် ၁ ဒေါ်လာလျှင် ၁,၂၉၄ ကျပ်ခန့်အထိ မြင့်တက်ပြီးနောက် ပြန်လည်ကျဆင်းခဲ့သည်။
ပြည်တွင်းနိုင်ငံခြားငွေလဲ နှုန်း အတက်အကျများနေရခြင်း သည် ကမ္ဘာ့ရွှေဈေး မတည်ငြိမ်မှု ကြောင့်လည်းပါဝင်သည်ဟု စီး ပွားရေးလုပ်ငန်းရှင်အချို့က သုံး သပ်သည်။ ကမ္ဘာ့ရွှေဈေးသည် အောက်တိုဘာအတွင်း၌ တစ် အောင်စလျှင် ဒေါ်လာ ၁,၃၀၀ အ ထက်သို့ မြင့်တက်ခဲ့ပြီး နိုဝင်ဘာ လဆန်းပိုင်းတွင် ၁ အောင်စလျှင် ဒေါ်လာ ၁,၂၈၀ ခန့်သို့ ပြန်လည် ကျဆင်းလာသည်။
ထို့အပြင် အစိုးရလက်ထက် ခုနစ်လကျော်အတွင်း သွင်းကုန် ပမာဏက ပို့ကုန်ထက် ပိုများနေ ပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂ ဘီလီယံကျော်အထိ မြင့်တက် လာခြင်းကလည်း နိုင်ငံခြားငွေလဲ နှုန်းမတည်မငြိမ်ဖြစ်စေသည်ဟု စီးပွားရေးပညာရှင်အချို့က ပြော သည်။
ကုန်သွယ်မှုလိုငွေများနေ ချိန်တွင် ဖြည့်စွက်ဘတ်ဂျက်တွင် ကျပ်ငွေ ၁,၃၄၅ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကျော်) ထပ်မံခွင့်ပြုထားခြင်း ကြောင့် ငွေကြေးဖောင်းပွပြီး ဒေါ် လာဈေးမြင့်တက်နိုင်သည်ဟု ၎င်းတို့က ဆိုသည်။
‘‘ငွေကြေးဖောင်းပွမှု မြင့် လာရင် ဒေါ်လာဈေးတွေတက် မယ်။ ကုန်ဈေးနှုန်းတွေလည်း တက်လာမယ်။ ဒါကြောင့် ရေ ရှည်စီမံကိန်းတွေအတွက် ဒီနှစ် မှာ အစိုးရအနေနဲ့ သိပ်မသုံးသင့် သေးဘူး’’ဟု အစိုးရ၏ ဖြည့်စွက် ဘတ်ဂျက်တွင် ခွင့်ပြုငွေကြေးများ ခြင်းနှင့်ပတ်သက်၍ စီးပွားရေး ပညာရှင် ဦးလှမောင်က ပြော သည်။
ဒေါ်လာဈေးဆက်တိုက် အ တက်အကျများခြင်းကြောင့် ပုဂ္ဂ လိကဘဏ်များ ဈေးကစားမှုမပြု လုပ်ရန် ဗဟိုဘဏ်က အောက် တိုဘာ ၄ ရက်တွင် ခေါ်ယူသတိ ပေးခဲ့ရသည်။
ဗဟိုဘဏ်အနေဖြင့် ငွေလဲ နှုန်းကို ဈေးနှုန်းဆက်လက်မြှင့် တင်ခြင်းမပြုဘဲ ထားရှိမည်ဟု ပုဂ္ဂလိကဘဏ်များသို့ အသိပေး ပြီး ဈေးကစားမှုများမပြုလုပ်ကြ ရန် သတိပေးထားကြောင်း ပုဂ္ဂလိ က ဘဏ်တစ်ခုမှ အကြီးတန်းအ ရာရှိတစ်ဦးက ပြောကြားသည်။
Credit: 7DayDaily