တရုတ်၏ အိမ်ခြံမြေဈေးနှုန်းစောင့်ကြည့်အဖွဲ့နှင့် အိမ်ခြံမြေဈေးကွက်စည်းမျဉ်းထိန်းသိမ်းရေး
အာဏာပိုင်အဖွဲ့တို့က developer (မြေယာဝယ်ယူအိမ်ခန်းဆောက်လုပ်ရောင်းချသောကုမ္ပ
ဏီ) များနှင့် အိမ်ခြံမြေအကျိုးဆောင်များ၏ ပြုမူလှုပ်ရှားနေပုံတို့အား စစ်ဆေးရန် အိမ်ခြံမြေ
ကဏ္ဌကို တစ်နိုင်ငံလုံးအတိုင်းအတာ လနှင့်ချီစစ်ဆေးမှုကို ယခုသီတင်းပတ်အတွင်း နိုဝင်
ဘာလ ၁၀ ရက်တွင် စတင်တော့မည်ဖြစ်သည်။
အိမ်ဈေးနှုန်းများသည် တိကျမှန်ကန်ရမည်ဖြစ်ပြီး အရောင်းပြခန်းများတွင် သိသာရှင်းလင်း
စွာ ဖော်ပြရမည်ဖြစ်ကာ အခြားကုန်ကျစရိတ်များကို ချန်လှပ်ထားခြင်းမျိုးလည်း မပြုမူရန်
တရုတ်အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်နှင့် အိုးအိမ်နှင့် ကျေးလက်၊
မြို့ပြဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့က နိုဝင်ဘာလ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
developer များနှင့် အကျိုးဆောင်များသည် ရောင်းမထွက်သည့် အိမ်အရေအတွက်ကို
သတ်မှတ်ချိန်အတွင်း တင်ပြရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။
ယင်းစုံစမ်းစစ်ဆေးမှုသည် နိုင်ငံတစ်ဝန်း အိမ်ခြံမြေဈေးကွက် ဈေးနှုန်းမြင့်တက်မှုနှုန်းမြင့်
မားမှုနှင့် ရင်ဆိုင်နေခဲ့ရသဖြင့် မူမမှန်မှုများ မျက်ဝါးထင်ထင်ပေါ်ပေါက်လာပြီးနောက်
အိမ်ခြံမြေဈေးကွက်တိုးတက်ကောင်းမွန်ရန် ဗဟိုအစိုးရက ပြုလုပ်သည့် ယခုနောက်ဆုံး
ကြိုးပမ်းချက်ဖြစ်သည်။
ဈေးနှုန်းမြင့်တက်မှုများကို လျှော့ချရန် ဗဟိုအစိုးရက စီမံချက်များချမှတ်လာသဖြင့် တရုတ်
တွင် အဓိကမြို့ကြီးများ၌ အိမ်ဈေးကွက်များ တည်ငြိမ်မှုလက္ခဏာများ ပြလာကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)