အိမ်ခြံမြေ အကျိုးဆောင်တွေအနေနဲ့ ဥပဒေတစ်ရပ်ပေါ်ပေါက်လာရေး ကြိုးပမ်းလျက်ရှိရာ စတင်ရေးဆွဲထားတဲ့ ဥပဒေကြမ်းထဲမှာတော့ အိမ်ခြံမြေလုပ်ငန်းလိုင်စင်ရရှိသူသာ ဒီလုပ်ငန်းကို လုပ်ကိုင်ခွင့်ရဖို့ ထည့်သွင်းထားပါတယ်။
ဒီဥပဒေပေါ်ထွက်လာရင် မြန်မာနိုင်ငံကို လာပြီး ရင်းနှီးမြှုပ်နှံချင်တဲ့ နိုင်ငံခြားကကုမ္ပဏီတွေအနေနဲ့ တိကျတဲ့ ခိုင်မာတဲ့ အိမ်ခြံမြေ၀န်ဆောင်မှုတွေ ပေးနိုင်တဲ့ အတွက်မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုများလာမယ်ပြီးတော့ နိုင်ငံတော်အတွက်လဲ အကျိုးရှိမယ်၊အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်ချင်တဲ့ သူတွေအနေနဲ့ကလဲ အသင်းဝင်လိုင်စင်ကတ်ရဖို့ အိမ်ခြံမြေအကျိုးဆောင် သင်တန်းတွေတက်ဖို့လိုပါတယ် လို့မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်းရဲ့ ဥက္ကဌ ဦးခင်မောင်သန်းက ပြောပါတယ်။
သည်ဥပဒေကြမ်းမှာ အခန်း(၈)ခန်းနဲ့ ပြဌာန်းထားပြီး အခန်း(၇)မှာ ဆိုရင်မည်သူမဆို ပုဒ်မ ၁၁ အရ တားမြစ်ချက်ကိုဖောက်ဖျက်တယ်ဆိုရင် သည်ဥပဒေအရ ထုတ်ပေးထားတဲ့ လိုင်စင်မရှိဘဲ အိမ်ခြံမြေ လုပ်ငန်းကို လုပ်ကိုင်လျှင်ထိုသူကို ထောင်ဒဏ်နှစ် နှစ်အထိဖြစ်စေ၊ငွေဒဏ်ကျပ် ဆယ်သိန်း အထိဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ပါဝင်ပါတယ်။
ခုချိန်မှာ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေအကျိုးဆောင်လုပ်တဲ့သူတွေဟာ ဆိုရင်အသင်းဝင်လိုင်စင် မရှိတဲ့ သူတွေ အများကြီးပဲ ပါးစပ်ပါပွဲစားလုပ်တဲ့သူတွေ အများကြီးပဲဒီလို အရည်အချင်းမရှိတဲ့ ပွဲစားတွေရှိနေတဲ့ အတွက် အရောင်းအ၀ယ်လုပ်တဲ့သူတွေအနေနဲ့ အကျိုးဆောင်တွေ အပေါ်မှာ အယုံအကြည်မဲ့လာကြတယ်၊အကျိုးဆောင်ခဈေးတွေကလည်း မငြိမ်ဘဲဖြစ်နေတယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်းရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်တင့်ကပြောပါတယ်။
သည်ဥပဒေပေါ်ပေါက်ဖို့အတွက် မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်းကနေပြီး ၂၀၁၆ သြဂုတ်လ ၃၁ ရက်မှာအစိုးရထံ တင်ပြခဲ့ပြီး လက်ရှိဆောင်ရွက်နေတဲ့ ဥပဒေမူကြမ်းကိုတော့ ၂၀၁၇ ခုနှစ်မှာပေါ်ပေါက်လာနိုင်မယ်လို့ ခန့်မှန်းထားတယ်လို့လည်း သိရပါတယ်။
Credit : The Kumudra