မလေးရှားနိုင်ငံတွင် ကီလိုမီတာ ၆၂၀ ရှည်လျားမည့် East Coast Rail Line ရထားလမ်းတည်ဆောက်မှုကို ၂၀၁၇ ခုနှစ်အစောပိုင်းတွင် စတင်မည်ဟု ခန့်မှန်းရသည်။ ယင်းရထားလမ်းအတွက် ကုန်ကျစရိတ်နှင့် လုပ်အားကို တရုတ်အစိုးရနှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီ၂ ခုက ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပူထရာဂျာယာပြည်နယ်အကြီးတန်းတာဝန်ရှိသူတစ်ဦး၏ပြောကြားချက်ကို ကိုးကား၍ ဘလွန်းဘတ်သတင်း ၁ ရပ်တွင် ဖော်ပြထားသည်။
East Coast Rail Line (ECRL) သည် မြို့တော်ကွာလာလမ်ပူနှင့် အရှေ့ဘက်ကမ်းရိုးတန်းစီးပွားရေးဒေသ(Mentakab မြို့၊ Kuantan မြို့၊ Kuala Terengganu မြို့နှင့် Tumpat မြို့)အကြား ဆက်သွယ်ပေးမည်ဖြစ်သည်။
ယင်းစီမံကိန်းအတွက် ရန်ပုံငွေကို တရုတ်ပို့ကုန်သွင်းကုန်ဘဏ်နှင့် သဘောတူချုပ်ဆိုကာတည်ဆောက်မှုကန်ထရိုက်ကို တရုတ်ဆက်သွယ်ရေးတည်ဆောက်မှုကုမ္ပဏီ CCCC သို့မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်၏ ပြီးခဲ့သည့်သီတင်းပတ် တရုတ်ခရီးစဉ်အတွင်း ပေးအပ်ခဲ့ကြောင်း မလေးရှားဘဏ္ဍာရေးဝန်ကြီးဌာန အတွင်းရေးမှူးချုပ် မို့အီရာဝမ်ဆာရီဂါအဗ္ဗဒူလာက ပြောကြားခဲ့သည်။
တရုတ်ပို့ကုန်သွင်းကုန်ဘဏ်သည် တရုတ်အစိုးရမူဝါဒများအကောင်အထည်ဖော်ရေးအဖွဲ့အစည်းဆိုင်ရာဘဏ် ၃ ခုအနက် ၁ ခုဖြစ်သည်။ ဟောင်ကောင်စတော့ဈေးကွက်ဝင်
CCCC ကုမ္ပဏီ၏ရှယ်ယာအများစုကို တရုတ်အစိုးရက ပိုင်ဆိုင်သည်။
တရုတ်အစိုးရ၏ နှစ်သက်ဖွယ်ရာ ဖော်ပြချက်များကြောင့် ယင်းရထားလမ်းစီမံကိန်းကိုထောက်ပံ့ရန် တရုတ်အစိုးရ၏ ကမ်းလှမ်းချက်အား လက်ခံရန် မလေးရှားအစိုးရက ဆုံး
ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း အီရာဝမ်က ပြောကြားခဲ့သည်။ သဘောတူညီချက်အသေးစိတ်ကို ညှိနှိုင်းနေဆဲဖြစ်သော်လည်း တရုတ်မှ ချေးငွေသည် သက်သာသောအတိုးနှုန်း
ဖြင့် နှစ် ၂၀ ကြာချေးပေးမည့်အနေအထားဖြစ်လာမည်ဟု လေ့လာသူများက ခန့်မှန်းနေကြသည်။
မလေးရှားကျွန်းဆွယ်အရှေ့ဘက်ကမ်းရိုးတန်းကို ဖြတ်သန်းတည်ရှိမည့် ထိုရထားလမ်းကို တည်ဆောက်ရန် မလေးရှားရင်းဂစ် ၅၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၉ ဘီလျံ)
ဝန်းကျင် ကုန်ကျမည်ဟု ခန့်မှန်းရကြောင်း မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်က ယခုနှစ်အောက်တိုဘာလတွင် ပြောကြားခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)