ရန်ကုန်မြို့ မြို့သစ်စီမံ ကိန်းကို ဆက်လက်အကောင် အထည်ဖော်လုပ်ဆောင်မည်ဖြစ် ပြီး ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ Master Plan ကို အသေးစိတ်ရေးဆွဲနေကြောင်း မြို့ တော်ဝန် ဦးမောင်မောင်စိုးက နိုဝင်ဘာ ၄ ရက်တွင် ပြုလုပ်သောရန်ကုန်တိုင်းဒေသကြီး လွှတ် တော်၌ ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် တစ်ဖက် ကမ်းရှိ တွံတေး၊ ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်တို့ ၏ မြေဧရိယာပေါ်တွင် ရန်ကုန် မြို့သစ်စီမံကိန်းကို အစိုးရအဖွဲ့ က မည်ကဲ့သို့ အကောင်အထည် ဖော်လုပ်ဆောင်မည်ကို သိလို ကြောင်း တွံတေးမြို့နယ် မဲဆန္ဒ နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာကျော်ဇင်ဦးက လွှတ်တော်၌ မေးခွန်းမေးမြန်းရာ မြို့တော်ဝန် က ဖြေကြားခြင်းဖြစ်သည်။
‘‘ဒီမေးခွန်းက ရန်ကုန်ပြည် သူလူထုအတွက် အရေးပါပြီး သိ ထားသင့်တဲ့ မေးခွန်းလည်း ဖြစ်ပါ တယ်။ အဲဒီအတွက် မာစတာပ လန်ကိုလည်း အသေးစိတ် ဝန် ကြီးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့အညီ ကျွန်တော်တို့ ရေးဆွဲနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင် တိုင်မြို့နယ် တစ်ဖက်ကမ်းမှာရှိ တဲ့ တွံတေး၊ ကြည့်မြင်တိုင်၊ ဆိပ် ကြီးခနောင်တို မြို့နယ်သုံးမြို့နယ် မှာ အကောင်အထည်ဖော်ဆောင် ရွက်မယ့် ရန်ကုန်မြို့သစ်စီမံကိန်း ကို ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့အနေနဲ့ဆက်လက်အ ကောင်အထည်ဖော် ဆောင်ရွက် မှာ ဖြစ်ပါတယ်’’ဟု မြို့တော်ဝန် က ဆိုသည်။
သို့ရာတွင် လွှတ်တော်ကိုယ် စားလှယ်က မည်သည့်အချိန်တွင် စီစဉ်ဆောင်ရွက်ပေးမည်ကို သိ လိုကြောင်း ထည့်သွင်းမေးမြန်းရာ မြို့တော်ဝန်က စတင်မည့်အချိန် ကာလကို တိကျစွာ ထုတ်ဖော် မပြောကြားဘဲ နှစ်အလိုက် တစ် ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်မည် ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။
‘‘ရန်ကုန်မြို့သစ် စီမံကိန်း ဖော်ဆောင်ရာတွင် ပြည်သူများ အား အချိန်နှင့်တစ်ပြေးညီ ပွင့် လင်းမြင်သာစွာ ချပြဖို့ လိုအပ် သလို သက်ဆိုင်ရာဒေသခံ ပြည် သူများ၏ အနာဂတ်အကျိုးစီးပွား မထိခိုက်အောင်လည်း ထည့်သွင်း စဉ်းစားဖို့လိုအပ်မှာ ဖြစ်ပါတယ်’’ ဟု ဒေါက်တာ ကျော်ဇင်ဦးက ပြောကြားခဲ့သည်။
ယခင်အစိုးရ လက်ထက် တွင် ကြည့်မြင်တိုင်တစ်ဖက်ကမ်း ရှိ မြို့သစ်စီမံကိန်းကို တင်ဒါခေါ်ပြီး ကုမ္ပဏီသုံးခုအား လုပ်ကိုင်ခွင့်ပြုခဲ့သည်။ လက်ရှိမြို့တော်ဝန်က စီမံကိန်း၌လုပ်ကိုင်ခွင့်ရကုမ္ပဏီများထက် ရန်ကုန်မြို့နေ ပြည်သူလူထု၏ လူနေမှုဘဝတိုးတက်ရေးကိုသာ အဓိကထားသည်ဟုဆိုသည်။
‘‘စီမံကိန်းမှာ ပေးထားတဲ့ ကုမ္ပဏီတွေအနေနဲ့ ဒီကုမ္ပဏီတွေ ထက် ပိုအလေးထားတာက ရန် ကုန်မြို့တော်သူ၊ မြို့တော်သား များရဲ့ လူနေမှုဘဝတိုးတက်ရေး အတွက် အလေးထားပါတယ်။ အဲဒီတော့ သတ်မှတ်ထားတဲ့အ တိုင်း အကောင်အထည်မဖော်နိုင် ရင် သတ်မှတ်ထားတဲ့အတိုင်း အ ကောင်အထည်ဖော်နိုင်တဲ့ ကုမ္ပဏီများနဲ့ ကျွန်တော်တို့ လုပ်ရပါမယ်။အဓိကဦးစားပေးကတော့ ပြည် သူလူထုရဲ့ လူနေမှုဘဝ တိုးတက် ရေးပါ’’ဟု မြို့တော်ဝန်က ဆို သည်။
တင်ဒါ အောင်ထားသောကုမ္ပဏီသုံးခုမှာ အနောက်တောင် ဒေသဖွံ့ဖြိုးရေးအများနှင့်
သက်ဆိုင်သော ကုမ္ပဏီ၊ Business Capital Development Co.,Ltd၊ ရွှေပုပ္ပားအင်တာနေရှင်နယ် ဆောက်လုပ်ရေး
ကုမ္ပဏီတို့ ဖြစ် သည်။
Credit: 7Daydaily