ဝင်ငွေနည်းပြည်သူတွေ၊ တန်ဖိုးနည်းတိုက်ခန်း လက်လှမ်းမမီသူ
တွေအတွက် အဌားအိမ်ရာတွေအကောင်အထည်ဖော်ဖို့
ရှိနေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦး
စီးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။
မကြာခင်ရောင်းချတော့မယ့် သိန်း ၁၀၀ ၀န်းကျင်
တန်ဖိုးနည်းတိုက်ခန်းတွေကို ၀ယ်ယူနိုင်ခြင်းမရှိတဲ့ ပြည်သူတွေ အတွက် အဌားအိမ်ရာတွေကို အကောင်အထည်ဖော်ဖို့ရှိနေပြီး
ဝန်ကြီးဌာနပိုင်းက လေ့လာမှုတွေနဲ့
စီမံကိန်းရေး ဆွဲထားမှုတွေရှိတယ်
လို့ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေး
မှုး ဦးဝင်းနိုင်ကပြောပါ တယ်။
“ အခုလမှာဒီသိန်း ၁၀၀ တန် တိုက်ခန်းတွေကိုရောင်းချဖို့ရှိပါတယ်၊
ဒါကိုလည်းဘဏ်စနစ်နဲ့ ပြည်သူအများဝယ်
နိုင်အောင်ဆောင်ရွက်နေပါတယ်၊ ဒါကိုမှမ၀ယ်နိုင်သေးတဲ့သူတွေအတွက်ကတော့ အဌား
အိမ်ရာဖြစ်တဲ့ Public Housing ကိုအကောင်အထည်ဖော်ဖို့ရှိပါ
သေးတယ်”သူကပြောပါတယ်။
ယင်းဝန်ကြီးဌာနအနေနဲ့ အဌားအိမ်ရာစနစ်ကို ၁၉၆၀ ခုနှစ်ဝန်းကျင်မှာအကောင်အထည်ဖော်ခဲ့ပြီး တိုက်ခန်း တည်ဆောက်စရိတ်မြင့်မားခြင်းနဲ့ အဌားအိမ်ရာဖြစ်တာကြောင့် ဘဏ္ဍာငွေကြေး
စိုက်ထုတ်ရမှုများတာကြောင့် တန်ဖိုးနည်းအိမ်ရာစနစ်ကို အရင်အကောင်အထည်ဖော်ရခြင်းဖြစ်တယ်လို့လည်း သူကပြောပါတယ်။
အဌားအိမ်ရာစနစ်အကောင်အထည်ဖော်မှုကို
လည်း ၀န်ကြီးဌာနက
စီမံခန့်ခွဲခွင့်ရှိတဲ့ မြို့ပြမြေနေရာတွေမှာသာ တည်ဆောက်အကောင်
အထည်ဖော်မှာဖြစ်ပြီး ဌားရမ်းခကိုလည်း အောက်ခြေပြည်သူလူထု
လက်လှမ်းမီအောင် ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့လည်း ၀န်ကြီးဌာနတာဝန်ရှိသူကပြောပါတယ်။
ဝန်ကြီးဌာနအနေနဲ့ လက်ရှိဆောက်လုပ်ပြီးစီးသွားပြီဖြစ်
တဲ့ တန်ဖိုးနည်းတိုက်ခန်း ၂၂၀၈ ခန်းကို အနည်းဆုံး ကျပ်သိန်း၉၀မှကျပ်သိန်း၁၃၀၀န်းကျင်ဖြင့်
ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်နဲ့ ချိပ်
ဆက်ရောင်းချ ပေးဖို့လုပ်ဆောင်နေတာဖြစ်ပါတယ်။
Credit: SFJ Strategy First Journal