အတိအကျမရှိတဲ့အိမ်ငှါးခအကျိုးဆောင်ဈေးနှုန်းအပြောင်း
အလဲနေတွေကြောင့် အိမ်ခန်းငှါးရမ်းသူနဲ့ အကျိုးဆောင်ကြားပြဿနာတွေဖြစ်ပွားမှုများနေတယ်လို့ အိမ်ငှါးရမ်းနေထိုင်သူတချို့ထံက သိရတယ်။
‘ ပွဲခကို အရင်က အကျိုးဆောင်ကိုပဲ ပေးရတာ၊ အခုကျတော့ တချို့အိမ်ရှင်တွေက ပွဲစားနဲ့ ပေါင်းပြီး တစ်ယောက်တစ်ဝက်ယူကြတာတွေ လုပ်တော့ သုံးလလောက်ချုပ်ရင်တောင်ပွဲခကို တစ်လခစာလောက်ပေးရတယ်၊ နားလည်မှုနဲ့လုပ်တာတွေတော့ရှိပေမဲ့ အားလုံးက ဘယ်လိုချုပ်ချုပ်တစ်လခစာ ယူကြတာတွေများလာတယ် ‘ လို့ တောင်ဥက္ကလာပမြ်ု့နယ်မှာ တိုက်ခန်းငှါးရမ်းနေထိုင်တဲ့ မသီတာက သူ့အမြင်ကို ပြောပါတယ်။
အငှါးစာချုပ်ချုပ်ဆိုတဲ့ ပွဲခဈေးနှုန်းတွေကတော့ နှစ်ချုပ်စာချုပ်နဲ့
ခြောက်လချုပ်စာချုပ်တွေမှာသာ အကျိုးဆောင်ခ တစ်လစာသတ်မှတ်ထားပါတယ် ။ စပေါ်ပေးစာချုပ်အများစုကတော့ စပေါ်ငွေရဲ့ လေးရာခိုင်နှုန်းသတ်မှတ်ယူကြတာတွေရှိသလို လခအနည်းအများနဲ့ စပေါ်အနည်းအများပေါ်မှုတည်ပြီး ပုံစံမျိုးစုံနဲ့ အကျိုးဆောင်ခယူကြတာရှိပါတယ်။
တချို့အိမ်ငှါးစာချုပ်တွေမှာတော့ ပွဲခကို အိမ်ရှင်ဘက်က ထုတ်ပေးတာတွေရှိသလို အိမ်ငှါဘက်က ထုတ်ရတာမျိုးတွေရှိတယ်။ တချို့ပွဲစားသုံးဦးလောက် စပ်တူလုပ်တဲ့ အိမ်ခန်းအငှါးတွေမှာတော့ အိမ်ရှင်ရောအိမ်ငှါးပါ တစ်လခစာစီထုတ်ရတဲ့ အခန်းတွေမှာပေးရတဲ့ အကျိုးဆောင်ခတွေနဲ့သုံးလပြတ်အငှားတွေမှာ ယူတဲ့အကျိုးဆောင်ခပြဿနာတွေ အဖြစ်များပါတယ်။
‘ အငှါးစာချုပ်ကတော့ အားလုံးက အခန်းရဲ့ ဈေးပေါ်မှုတည်သလို ငှါးတဲ့ သက်တမ်းကို ကြည့်ပြီးနားလည်မှုယူကြတယ်၊ တချို့ကြတော့ မတက်နိုင်လို့ လနည်းနည်းနဲ့ ငှါးတဲ့သူတွေကျတော့ ပွဲခမျိုးမယူကြတော့ဘဲ ဒီလိုလက်ဖက်ရည်ဖိုးပေးတာလောက်နဲ့ လုပ်တဲ့ပွဲတွေလဲ ရှိတယ်။ အားလုံးကတော့ညှိနှိုင်းပြီး လုပ်ကြတာ ‘ လို့ အိမ်ခြံမြေ အကျိုးဆောင်ကိုဝဏ္ဏက ပြောပါတယ်။
အခုနောက်ပိုင်း အကျိုးဆောင်ခဈေးနှုန်းမြင့်တက်မှုတွေကြောင့် အွန်လိုင်းကနေအိမ်ရှင်အိမ်ငှါးတိုက်ရိုက်တွေ့ဆုံငှါးရမ်း
တာတွေရှိနေကြပြီး တချို့အိမ်ရှင်တွေကျတော့လည်း အကျိုးဆောင်မပါဝင်ပေမဲ့ အိမ်ငှါးခတစ်လစာကို အကျိုးဆောင်ခသဘောမျိုးတောင်းခံတာတွေလည်းရှိတယ်လို့ သိရပါတယ်။
တစ်လချင်းပေးအငှါးတွေနဲ့ သုံးလပြတ်ငှါးတဲ့
အငှါးမှာ အကျိုးဆောင်ခမယူဘဲ အိမ်ရှင်အိမ်ငှါးတိုက်ရိုက်တွေ့ကြတာများပါတယ်။
အရင်က အွန်လိုင်းက တစ်ဆင့် ငှါးရမ်းမှုတွေမှာ အိမ်ရှင်ကတိုက်ရိုက်အငှါးတင်တာမျိုးမရှိပေမဲ့
နောက်ပိုင်းမျာတော့ အွန်လိုင်းကနေ အိမ်ရှင်တိုက်ရိုက်အရောင်းအငှားတင်လာတာမျိုးတွေပို များပြားလာတယ်လို့ သိရပါတယ်။
Credit: The Modern