Saving Private Ryan ၊ Fast and the Furiousဇာတ်ကားဖြင့် ကမ္ဘာသိသရုပ်ဆောင်ဖြစ်လာသူဗင်ဒီဇယ်သည် နာမည်ကျော် ဟောလိဝုဒ်ဟေးလ်ရှိ နေအိမ်ကိုကန်ဒေါ်လာ ၁ ဒသမ ၃၉၅ သန်းဖြင့် အရောင်းဈေးကွက်တင်လိုက်ကြောင်းနယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်းသုံးခန်း ပါဝင်သည့် နေအိမ်တည်ရှိရာမှာအမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ရှိနာမည်ကျော် ဟောလိဝုဒ်ဟေးတွင် တည်ရှိသည်။
ဗင်ဒီဇယ်သည် အဆိုပါနေအိမ်ကို ၂၀၀၀ ပြည့်နှစ်အတွင်းကကန်ဒေါ်လာ ၅၆၂၀၀၀ ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ရာယခုခေါ်ဈေးဖြင့်သာရောင်းထွက်ခဲ့မည်ဆိုပါကကန်ဒေါ်လာ ၇ သိန်းကျော် မြတ်စွန်းမည် ဖြစ်သည်။
ဗင်ဒီဇယ်သည် ၂၀၁၃ ခုနှစ်အတွင်းကပင် ပြန်လည်ရောင်းထုတ်ရန် ကြိုးပမ်းခဲ့သော်လည်းရောင်းမထွက်ခဲ့ချေ။
ယင်းနောက်ပိုင်းတစ်လလျှင် ကန်ဒေါ်လာ ၅၈၀၀ ဖြင့် အငှားချထားခဲ့သည်။
၁၉၅၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီးအလယ်ခေတ်ဂန္ထ၀င်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။
နေအိမ်အနောက်ဘက်ခြံဝန်းအတွင်းတွင် အုတ်များဖြင့် စီရီမွမ်းမံထားပြီးဆိတ်ငြိမ်အေးချမ်းသည့် အသွင်ဆောင်လျက်ရှိသည်။
မျက်နှာကျက်များမှာအလွန်မြင့်မားလှပြီး၊ ကျယ်ဝန်းသည့် အ၀တ်အစားထားသိုခန်းများ ပါဝင်ကာ တံခါးများမှာ ပြင်သစ်တံခါးများ ဖြစ်ကြသည်။
မီးဖိုဆောင်ကိုကျေးလက်ဟန်ဆောက်လုပ်ထားပြီးနေအလင်းရောင် ကောင်းစွာရရှိသည့် ညစာစားခန်းနှင့် ဆက်သွယ်ထားသည်။
ကြမ်းခင်းများမှာမက္ကဆီကန်ဟန်ဖြစ်ပြီးနေအိမ်ပြင်ပတွင်ကားနေခြည်ဖြာအလင်းအောက်တွင် ရေကူးကန်နှင့် အားကစားလေ့ကျင့်ရာနေရာတို့ရှိရာတောင်ကုန်းများလွှမ်းရာဒေသတွင် အိုအေစစ်တစ်ခုသဖွယ်ဖြစ်နေသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)