ကွန်ဒိုဥပဒေ အတည်ပြုပြီးသော်လည်း နိုင်ငံခြားသား အများစု ဈေးသက်သာသည့် အခန်းများတွင်သာ ငှားရမ်းနေ

ကွန်ဒိုဥပဒေ အတည်ပြုပြီးသော်လည်း နိုင်ငံခြားသား အများစု ဈေးသက်သာသည့် အခန်းများတွင်သာ ငှားရမ်းနေ - Property News in Myanmar from iMyanmarHouse.com
3 Nov 2016 9:38 am တွင် တင်ခဲ့သည်
1201 ကြိမ် ကြည့်ရှု့ပြီး
ကွန်ဒိုဥပဒေအတည်ပြု ပြဋ္ဌာန်းပြီးဖြစ်သော်လည်း နိုင်ငံခြားသား အများစုသည် ဈေးနှုန်းသက်သာသည့် ရပ်ကွက်တွင်းတိုက်ခန်းများတွင်သာ ငှားရမ်းနေထိုင်ကြသူ များပြားကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောသည်။

နိုင်ငံခြားမှ လာရောက်သူအများစုသည် ငွေကြေး သုံးစွဲနိုင်သည့်လူတန်းစားထက် သာမန်ဝင်ငွေအဆင့်ရှိရုံ ကုမ္ပဏီဝန်ထမ်းအများစု ဖြစ်သဖြင့် ယခုကဲ့သို့ ရပ်ကွက်များအတွင်းရှိ လူနေတိုက်ခန်းများသို့ ၀င်ရောက်နေထိုင်ကြခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

‘‘ကျွန်တော်ဆောက်ထားတဲ့ မုဒိတာတန်ဖိုးနည်းအိမ်ရာမှာဆို လူမျိုးစုံပဲ။ လာငှားနေကြတာတွေ အများကြီးရှိတယ်’’ဟု တော်ဝင် ဆောက်လုပ်ရေး လုပ်ငန်းရှင်ဦး ကိုကိုထွေးကဆိုသည်။
အများစုကရပ်ကွက်များအ တွင်းရှိ ဈေးနှုန်းသင့်တင့်သော လူနေတိုက်ခန်းများတွင် ငှားရမ်း နေထိုင်ကြကြောင်း အိမ်ခြံမြေအ ရောင်းအ၀ယ်ပြုလုပ်သူများကဆို သည်။

‘‘ကွန်ဒိုမှာ ငှားနေရင်တစ်လ ၁၀သိန်းကနေ ၁၅သိန်းလောက်ရှိ တယ်။ ရပ်ကွက်ထဲနေရင် နှစ်သိန်း လောက်နဲ့ အခန်းသန့်သန့် ရ တယ်’’ ဟု ရွှေအိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်းရှင်ဦးတိုးနိုင်က ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း က ဂျပန်လူမျိုးများအတွက် လုံး ချင်းအိမ်ပြင်ဆင်ပြီး ပရိဘောဂအ စုံအလင်ပါ တစ်လကျပ်ငါးသိန်းနှုန်းဖြင့် တောင်ဥက္ကလာပမြို့နယ်၌ ငှားရမ်းပေးခဲ့ရကြောင်း ၎င်းကပြောသည်။

ကွန်ဒိုဥပဒေပြဋ္ဌာန်းပြီးပါက လုပ်ငန်းရှင်များက နိုင်ငံခြားသားများအား ငှားရမ်းရဖွယ်ရှိသည်ဟု တွက်ချက်မှန်းဆ၍ အလုံးအရင်းဖြင့် တည်ဆောက်ကြသော်လည်း လတ်တလောတွင် ထင်သလောက်ရောင်းချနိုင်ခြင်းမရှိကြောင်းတော်ဝင်ဆောက်လုပ်ရေးလုပ်ငန်းရှင်ဦးကိုကိုထွေးကဆိုသည်။

နိုင်ငံခြားသားများကို ရောင်း ချရန်အခက်အခဲဖြစ်နေရခြင်းမှာ ကွန်ဒိုဥပဒေပါ အချို့အချက်အ လက်များသည် လက်တွေ့ကျင့်သုံးရန်ခက်ခဲသဖြင့် နိုင်ငံခြားသားများ ၀ယ်ယူမှု နည်းပါးခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။

နေရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမ

Villa Shukhinthar
Maha Nadi Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service