လူနေမှုပုံစံနှင့် ကိုက်ညီမှုမရှိတော့မည့် ရန်ကုန်မြို့တွင်းရှိ တိုက်ခန်းများအတွက် ကြိုတင်ပြင်ဆင်သင့်

လူနေမှုပုံစံနှင့် ကိုက်ညီမှုမရှိတော့မည့် ရန်ကုန်မြို့တွင်းရှိ တိုက်ခန်းများအတွက် ကြိုတင်ပြင်ဆင်သင့် - Property News in Myanmar from iMyanmarHouse.com
3 Nov 2016 9:14 am တွင် တင်ခဲ့သည်
2234 ကြိမ် ကြည့်ရှု့ပြီး
နောင်အနှစ်သုံးဆယ်တွင် လူနေမှုပုံစံနှင့် ကိုက်ညီမှုမရှိတော့မည့် ရန်ကုန်မြို့တွင်းရှိတိုက်ခန်းများ နှင့် ပတ်သက်၍ အစိုးရ၏ကြိုတင်ပြင်ဆင်မှုပိုင်း အားနည်းနေသေးကြောင်း သိရသည်။

လက်ရှိတွင် အိမ်ရာစီမံကိန်းများ ဆောက်လုပ်နေသော်လည်း နောက်ပိုင်းဖြစ်ပေါ်လာသည့် မြို့ ပြအိမ်ရာပြဿနာများအတွက် အစိုးရက ဖြေရှင်းနိုင်သည့်စွမ်းဆောင်နိုင်စွမ်းရည်မရှိသေးသော ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂနှင့် အိမ်ခြံမြေ လုပ်ငန်းရှင်များမှ ကူညီပေးသင့် ကြောင်း UN Hakital မှ အာရှ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အရာရှိကပြောသည်။

‘‘အိမ်ခြံမြေပြဿနာက မြန်မာနိုင်ငံတစ်ခုတည်း ဖြစ်နေတဲ့ ပြဿနာမဟုတ်ဘူး။ ကမ္ဘာတစ်ခုလုံးမှာ ဖြစ်နေတဲ့ တစ်ကမ္ဘာလုံးနဲ့ ဆိုင်တဲ့ ပြဿနာပါ။ အစိုးရက အိမ်ခြံမြေလုပ်ငန်းတွေ ခွင့်ပြုနေတာဆိုတော့ ပြဿနာတွေက သူ နဲ့ပဲဆိုင်တယ်။ မြန်မာအစိုးရက ရေရှည်ဖွံ့ဖြိုးရေးအတွက် စွမ်း ဆောင်ရည်အရမ်းနည်းတယ်’’ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ၏ ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်ကို ပြည်တွင်းမှ ပြည်ပအိမ်ခြံမြေလုပ်ငန်း ရှင်များက စိတ်ဝင်စားနေပြီး နောက်နှစ်သုံးဆယ်အကြာတွင် ကြုံတွေ့ရမည့် ပြဿနာများအ တွက် ကြိုတင်ပြင်ဆင်သင့်ကြောင်း Golden City အိမ်ရာရင်းနှီးမြှုပ်မည့် စင်ကာပူ Goodman Capital မှ မန်နေဂျင်း ဒါရိုက်တာ Jeffrey Lu ကပြောသည်။

‘‘စင်ကာပူက နိုင်ငံသေးသေးလေးပေမယ့် ခိုင်မာတဲ့ ရေရှည်ဖွံ့ဖြိုးမယ့် အိမ်ရာစနစ်ရှိနေတော့ ပတ်ဝန်းကျင်ရော၊ လူရော၊ နေမှုရော ထိခိုက်မှုတွေ မရှိခဲ့သေးဘူး။ မြန်မာနိုင်ငံမှာလည်း ရေရှည်ဖွံ့ဖြိုးရေးကို ဦးစားပေးလုပ်သင့်တယ်’’ဟု ၎င်းကပြောသည်။

လက်ရှိရန်ကုန်မြို့တွင် အစိုးရသစ်လက်ထက်၌ အထပ်မြင့်အိမ်ရာများ ဆောက်လုပ်လားပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက မူအားဖြင့် ခွင့်ပြုထားသော အဆင့်မြင့်လူနေအိမ်ရာအဆောက်အအုံ ၇၀ ကျော် ရှိသည်။

ရန်ကုန်၏ လူနေမှုပုံစံ ပြောင်းလဲလာခြင်းကို ဖြေရှင်းရန် အစိုးရက မြို့သစ်ဧရိယာကို ချဲ့ ထွင်ရန် ပြင်ဆင်နေပြီး နောက်ပိုင်း ဆောက်လုပ်မည့် အဆောက်အအုံများအတွက် Building Codeများ ရေးဆွဲခြင်း၊ အထပ်မြင့် အဆောက်အအုံများဆောက်လုပ်ခြင်းကို ကန့်သတ်ရန် ဇုန်မြေ နေရာများခွဲခြားခြင်းကို ပညာရှင်များနှင့် အစိုးရက အတည်ပြု ပြဋ္ဌာန်းရန် ပြင်ဆင်နေသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

CarsDB
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service