မြန်မာနိုင်ငံတွင်းအိမ်ခြံမြေ၀က်ဘ်ဆိုက်များတွင် http://www.imyanmarhouse.com သည် ထိပ်ဆုံးတွင် ဦးဆောင်လျက်ရှိပြီး ပြည်တွင်းရှိ ၀က်ဘ်ဆိုက်အားလုံးနှင့် နှိုင်းယှဉ်လျှင် အဆင့် ၉ နေရာ၌ ရပ်တည်လျက်ရှိကြောင်း နိုင်ငံတကာဝက်ဘ်ဆိုက်များ ဆန်းစစ်သည့် ၀က်ဘ်ဆိုက်မှ ဖော်ပြသည့်အချက်အလက်များအရသိရှိရသည်။
iMyanmarHouse.com သည် ကမ္ဘာ့အဆင့်အားဖြင့် ၉၆၀၂ တွင် ရပ်တည်လျက်ရှိပြီးမြန်မာနိုင်ငံအတွင်း ၀က်ဘ်ဆိုက်အားလုံးနှင့် နှိုင်းယှဉ်လျှင်အဆင့် ၉ နေရာ၌ ရပ်တည်လျက်ရှိသည်ဟုသိရသည်။
ပြည်တွင်းအိမ်ခြံမြေ၀က်ဘ်ဆိုက်တစ်ခုဖြစ်သော shweproperty.com မှာကမ္ဘာ့အဆင့် ၇၂၁၂၅ ဖြစ်ပြီး ပြည်တွင်းအဆင့်မှာ ၂၆၇ ဖြစ်သည်။
shweproperty.com မှ ၀က်ဘ်ဆိုက်ဆာဗာ၏ IP Address မှာ 128.199.239.51 ဖြစ်ပြီးစင်္ကာပူမှ လွှင့်တင်ခြင်း ဖြစ်သည်။
အခြားအိမ်ခြံမြေ၀က်ဘ်ဆိုက်တစ်ခုဖြစ်သော house.com.mm သည် ကမ္ဘာ့အဆင့် ၁၂၈၁၃၇ ဖြစ်ပြီး ပြည်တွင်းအဆင့် ၂၅၅ ဖြစ်သည်။
house.com.mm မှ ၀က်ဘ်ဆိုက်ဆာဗာ၏ IP Address မှာ54.93.214.204 ဖြစ်ပြီးဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်မြို့မှ လွှင့်တင်ခြင်း ဖြစ်သည်။
alexa.com မှ ဖော်ပြသောအဆင့်သတ်မှတ်ချက်တွင်မူ iMyanmarHouse.com သည် အဆင့် ၁၁ နေရာ (ပြည်တွင်း) တွင် ရပ်တည်နေပြီးအခြားပြည်တွင်း ၀က်ဘ်ဆိုက်တစ်ခုဖြစ်သော Phothutaw.com သည် အဆင့် ၁၆ နေရာတွင် ရပ်တည်လျက်ရှိကြောင်းတွေ့ရသည်။
ပြည်တွင်း အွန်လိုင်းရှော့ပင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သော 365myanmar.com မှာအဆင့် ၃၈ နေရာတွင် ရပ်တည်နေသည်ကိုလည်းတွေ့ရသည်။
အဆိုပါအဆင့်သတ်မှတ်ချက်မှာ နိုင်ငံအတွင်းလူသုံးအများဆုံးမည်မျှရှိသည်ဟူသောအချက်အပေါ် အခြေခံ၍ အဆင့်သတ်မှတ်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လူသုံးအများဆုံးအဖြစ် နံပါတ်တစ်နေရာတွင် ရပ်တည်လျက်ရှိသည်မှာ ဂူဂဲ ဒေါ့ကွန်း Google.com ဖြစ်ပြီးနာမည်ကျော် ဖေ့စ်ဘုတ် facebook မှာစတုတ္ထနေရာတွင် ရပ်တည်လျက်ရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)