မကြာသေးခင်က ဖွဲ့စည်းထားသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီ လိုင်စင်ရအဆောက်အအုံ ကန်ထရိုက်တာများအသင်းကို မြန်မာနိုင်ငံ ကန်ထရိုက်တာများအသင်းဟုပြောင်းလဲ၍ မှတ်ပုံတင်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါအသင်း၏ ပထမအကြိမ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအခမ်း အနားကို ရန်ကုန်မြို့ အထက်ပန်းဆိုးတန်းလမ်းရှိရတနာမြိုင်ဆောက်လုပ်ရေးရုံး အစည်း အဝေးခမ်းမတွင် နိုဝင်ဘာ (၁)ရက်ညနေပိုင်းကကျင်းပရာတွင်အ ထက်ပါ အတိုင်းပြောင်းလဲရန်ညီညီညွတ်ညွတ် သဘောတူလိုက်ကြခြင်း ဖြစ် သည်။
အခမ်းအနားတွင်အသင်းအတွက်ဥက္ကဌဖြစ်သူဦးကျော်ဝင်း(ရွှေသံလွင်)ကငွေကျပ် သိန်း ၁၀၀ မတည်လှုဒါန်းသည့်အပြင်ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင်များ ကလည်းတစ်ဦးလျှင်ငွေကျပ် ၁၀ သိန်း၊ငွေကျပ် သိန်း ၅၀ စသည်ဖြင့် လှုဒါန်းကြသဖြင့် စုစုပေါင်း အသင်းရန်ပုံငွေ ကျပ်သိန်း (၁၀၀၀)
ကျော် ရှိခဲ့ကြောင်း သိရသည်။
အသင်းဥက္ကဌ ဦးကျော်ဝင်း(ရွှေသံလွင်)က မြန်မာနိုင်ငံကန်ထရိုက်တာ များအသင်း ၏ ရေရှည် အောင်မြင်နိုင်ရေးကို ရှေးရှုကာ အသင်းသားများ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း အခမ်းအနား နိဂုံးနှုတ်ဆက်မိန့်ခွန်းတွင် ရင်းရင်းနှီးနှီးထည့်သွင်းပြောကြားခဲ့သည်။
Credit: Pyi Myanmar