အငြိမ်းစားယူတော့မည့် အသက် ၈၀ အရွယ် ကျောင်းစောင့်ကြီး အိမ်ငှားခ ဈေးတက်သောကြောင့် အလုပ်ခွင် ပြန်ဝင်နေရမှုအပေါ် ကျောင်းသားများက TikTok မှတဆင့် ဒေါ်လာ ၂၀၀၀၀၀ အလှူငွေရှာဖွေ ထောက်ပံ့

အငြိမ်းစားယူတော့မည့် အသက် ၈၀ အရွယ် ကျောင်းစောင့်ကြီး အိမ်ငှားခ ဈေးတက်သောကြောင့် အလုပ်ခွင် ပြန်ဝင်နေရမှုအပေါ် ကျောင်းသားများက TikTok မှတဆင့် ဒေါ်လာ ၂၀၀၀၀၀ အလှူငွေရှာဖွေ ထောက်ပံ့ - Property News in Myanmar from iMyanmarHouse.com
10 Mar 2023 11:07 am တွင် တင်ခဲ့သည်
1067 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(ကျောင်းသူကျောင်းသားများက TikTok မှတဆင့် အလှူငွေရှာဖွေခဲ့သည်။ ဓာတ်ပုံ-TikTok;@grey.thurman)

အမေရိကန်ပြည်ထောင်စု ၊ တက္ကဆပ်ပြည်နယ်မှ Callisburg အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူ များသည် အငြိမ်းစားယူသွားပြီးဖြစ်သော်လည်း အိမ်လခ ဈေးနှုန်းမြင့်တက်မှုများကြောင့် အလုပ်ခွင်သို့ ပြန်ဝင်ခဲ့ ရသူ ကျောင်းစောင့်ကြီး မစ္စတာဂျိမ်းစ် (အသက် ၈၀) ကို ကူညီရန် TikTok မှတဆင့် အလှူငွေ ရှာဖွေခဲ့ကြ သည်။

ပြီးခဲ့သော ကြာသပတေးနေ့အထိ ပါဝင်လှူဒါန်းသူပေါင်း ၇၀၀၀ နီးပါးရှိခဲ့ပြီး အလှူငွေ ကန်ဒေါ်လာ ၂၁၇၀၀၀ ရရှိထားပြီ ဖြစ်သည်။

GoFundMe ဝက်ဘ်ဆိုက်တွင် ကျောင်းသား ၃ ဦးက ဖေဖော်ဝါရီလ ၁၅ ရက်တွင် စတင်အလှူခံခဲ့ခြင်း ဖြစ်သည်။

မစ္စတာဂျိမ်းစ်၏ အိမ်လခ စားသောက်ဖွယ်ရာနှင့် လစဉ်အခွန်အခများအတွက် ဒေါ်လာ ၁၀၀၀၀ ရရှိရေးသာ မူလက ရည်မှန်းခဲ့ခြင်းဖြစ်သည်။

GoFundMe တွင် ကျောင်းသားတစ်ဦးဖြစ်သူ Greyson Thurman က ရေးသားခဲ့သည်မှာ “ဟေး ဘော်ဒါတို့ရေ။ အိမ်လခပေးဖို့ အခက်အခဲဖြစ်နေတဲ့ ကျွန်တော်တို့ရဲ့ ကျောင်းစောင့်ကြီးအတွက် ကျွန်တော် အလှူခံနေပါတယ်။ အိမ်ငှားခ ဈေးတက်သွားတာကြောင့် အငြိမ်းစားယူထားရာကနေ အလုပ်ပြန်ဝင်နေရတာပါ။ နည်းနည်းလောက်ကလေး ဝိုင်းလှူပေးကြမယ်ဆိုရင် သူ့ဘဝ ပြောင်းလဲသွားပါလိမ့်မယ်။”ဟု ရေးသားခဲ့သည်။

Thurman က GoFundMe တွင် အလှူခံထားမှုကို TikTok တွင် ပြန်လည် မျှဝေခဲ့ရာ သူ၏ ဗွီဒီယိုကို ကြည့်ရှုမှုအကြိမ်ရေ ၂၀၀၀၀ နီးပါးရှိခဲ့သည်။

ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်သော Fox affiliate KDFW ၏ ဖော်ပြချက်အရ မစ္စတာဂျိမ်းစ်၏ အိမ်လခသည် တစ်လလျှင် ဒေါ်လာ ၄၀၀ ခန့် မြင့်တက်သွားခြင်း ဖြစ်ပြီး ထိုလခပေးနိုင်ရန်အတွက် ပြီးခဲ့သော ဇန်နဝါရီလမှ စကာ အစောင့်အလုပ်ပြန်ဝင်ခဲ့ရသည်။

Callisburg အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက မစ္စတာဂျိမ်းစ်၏ ဘဝကို သိလာရချိန်တွင် GoFundMe တွင် သူ့ကိုယ်စား အလှူခံရန် ဆုံးဖြတ်ခဲ့ကြသည်။

ယင်းနောက် ၎င်းတို့က Thurman ကို ရေးသားပို့စ်တင်ပေးပါရန် အကူအညီတောင်းခဲ့ကြသည်။

ထိုအချိန်တွင် Thurman မှာ follower ၂၀၀၀ ကျော်ရှိသူဖြစ်ရာ သူတင်ပါက လူသိများမည်ဟု ယူဆခဲ့ခြင်းကြောင့် ဖြစ်သည်။

TikTok သုံးစွဲသူများက ဆယ်ကျော်သက် ကျောင်းသားကျောင်းသူလေးများ၏ ကြင်နာမှုကို ချီးမွမ်းစကားပြောကြသည်။

မင်းတို့တွေ လုပ်ပေးတာကြောင့် သူ့အနာဂတ်က ပိုပြီးတောက်ပသွားပြီ… ဟု TikTok သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။

ကျောင်းသားတစ်ဦးဖြစ်သူ Marti Yousko ၏ ပြောကြားချက်အရ မစ္စတာဂျိမ်းစ်သည် ခင်မင်ဖွယ်ရာကောင်းပြီး အလွန်ရှက်တတ် ၊ အလွန်နှုတ်ဆိတ်တတ်သူ တစ်ဦးဖြစ်သူဟု ဆိုသည်။

Fox4 KDFW သတင်းဌာနက တွေ့ဆုံမေးမြန်းခွင့်တောင်းခဲ့သော်လည်း မစ္စတာဂျိမ်းစ်က ငြင်းပယ်ခဲ့သည်။

Callisburg အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီး Jason Hooper က ပြောသည်မှာ မစ္စတာဂျိမ်းစ်က လူသိများ ကျော်ကြားမှုမျိုးမလိုလားကြောင်း ၊ သို့သော် ကျောင်းသားကျောင်းသူများ လုပ်ဆောင်ပေးခဲ့မှုအပေါ် အလွန်ကျေးဇူးတင်နေကြောင်း ပြောသည်။

ပြီးခဲ့သော ရက်သတ္တပတ်က အလှူငွေမှာ ဒေါ်လာ ၂၈၀၀၀ ခန့်သာ ရှိခဲ့သေးသည်။

Thurman ကပြောသည်မှာ မိမိနှင့် ကျောင်းသားကျောင်းသူများအနေဖြင့် မစ္စတာဂျိမ်းစ်ကို ငြိမ်းချမ်းစွာ အငြိမ်းစားယူနိုင်စေရန်သာ လိုလားကြောင်းပြောသည်။

“သူက နှစ်ပေါင်း ၇၀ အလုပ်လုပ်ခဲ့ပြီးပါပြီ။ တစ်ဘဝလုံး အနားမရဘဲ ဘယ်သူမှ အလုပ်မလုပ်စေသင့်ပါဘူး။”

၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်းက Walmart ကုန်တိုက်မှ ငွေကိုင်တစ်ဦး အငြိမ်းစားယူနိုင်စေရန် TikTok သုံးစွဲသူတို့က အလှူငွေ ဒေါ်လာ ၁၀၀၀၀၀ ကျော် ရှာပေးခဲ့ဖူးသည်။

လေ့လာချက်များအရ အမေရိကန် အလုပ်သမား သန်းပေါင်းများစွာမှာ အလုပ်မှ အနားယူရမည့် အရွယ်တွင် ငြိမ်းချမ်းစွာ နေထိုင်နိုင်မည့် ဘဝမျိုး မရရှိကျသေးကြောင်း တွေ့ရသည်။

ဘော့စတွန် ကောလိပ်မှ ၂၀၂၁ ခုနှစ်အတွင်း လေ့လာချက်အရ အမေရိကန် သက်ကြီးရွယ်အို ၃၆ ရာခိုင်နှုန်းမှာ တစ်နှစ်တာ သုံးစွဲနိုင်မည့် စုဆောင်းငွေပင် မရှိကြောင်း တွေ့ရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Students raised more than $200,000 for their 80-year-old school janitor to retire after a rent hike sent him back into the workforce (insider)

[Zawgyi]

အျငိမ္းစားယူေတာ့မည့္ အသက္ ၈၀ အရြယ္ ေက်ာင္းေစာင့္ၾကီး အိမ္ငွားခ ေစ်းတက္ေသာေၾကာင့္ အလုပ္ခြင္ ျပန္ဝင္ေနရမႈအေပၚ ေက်ာင္းသားမ်ားက TikTok မွတဆင့္ ေဒၚလာ ၂၀၀၀၀၀ အလွဴေငြရွာေဖြ ေထာက္ပံ့

(ေက်ာင္းသူေက်ာင္းသားမ်ားက TikTok မွတဆင့္ အလွဴေငြရွာေဖြခဲ့သည္။ ဓာတ္ပံု-TikTok;@grey.thurman)

အေမရိကန္ျပည္ေထာင္စု ၊ တကၠဆပ္ျပည္နယ္မွ Callisburg အထက္တန္းေက်ာင္းမွ ေက်ာင္းသားေက်ာင္းသူ မ်ားသည္ အျငိမ္းစားယူသြားျပီးျဖစ္ေသာ္လည္း အိမ္လခ ေစ်းႏႈန္းျမင့္တက္မႈမ်ားေၾကာင့္ အလုပ္ခြင္သုိ႔ ျပန္ဝင္ခဲ့ ရသူ ေက်ာင္းေစာင့္ၾကီး မစၥတာဂ်ိမ္းစ္ (အသက္ ၈၀) ကို ကူညီရန္ TikTok မွတဆင့္ အလွဴေငြ ရွာေဖြခဲ့ၾက သည္။

ျပီးခဲ့ေသာ ၾကာသပေတးေန႔အထိ ပါဝင္လွဴဒါန္းသူေပါင္း ၇၀၀၀ နီးပါးရွိခဲ့ျပီး အလွဴေငြ ကန္ေဒၚလာ ၂၁၇၀၀၀ ရရွိထားျပီ ျဖစ္သည္။

GoFundMe ဝက္ဘ္ဆိုက္တြင္ ေက်ာင္းသား ၃ ဦးက ေဖေဖာ္ဝါရီလ ၁၅ ရက္တြင္ စတင္အလွဴခံခဲ့ျခင္း ျဖစ္သည္။

မစၥတာဂ်ိမ္းစ္၏ အိမ္လခ စားေသာက္ဖြယ္ရာႏွင့္ လစဥ္အခြန္အခမ်ားအတြက္ ေဒၚလာ ၁၀၀၀၀ ရရွိေရးသာ မူလက ရည္မွန္းခဲ့ျခင္းျဖစ္သည္။

GoFundMe တြင္ ေက်ာင္းသားတစ္ဦးျဖစ္သူ Greyson Thurman က ေရးသားခဲ့သည္မွာ “ေဟး ေဘာ္ဒါတို႔ေရ။ အိမ္လခေပးဖို႔ အခက္အခဲျဖစ္ေနတဲ့ ကၽြန္ေတာ္တို႔ရဲ႕ ေက်ာင္းေစာင့္ၾကီးအတြက္ ကၽြန္ေတာ္ အလွဴခံေနပါတယ္။ အိမ္ငွားခ ေစ်းတက္သြားတာေၾကာင့္ အျငိမ္းစားယူထားရာကေန အလုပ္ျပန္ဝင္ေနရတာပါ။ နည္းနည္းေလာက္ကေလး ဝိုင္းလွဴေပးၾကမယ္ဆိုရင္ သူ႔ဘဝ ေျပာင္းလဲသြားပါလိမ့္မယ္။”ဟု ေရးသားခဲ့သည္။

Thurman က GoFundMe တြင္ အလွဴခံထားမႈကို TikTok တြင္ ျပန္လည္ မွ်ေဝခဲ့ရာ သူ၏ ဗြီဒီယိုကို ၾကည့္ရႈမႈအၾကိမ္ေရ ၂၀၀၀၀ နီးပါးရွိခဲ့သည္။

ေဒသတြင္း သတင္းမီဒီယာတစ္ခုျဖစ္ေသာ Fox affiliate KDFW ၏ ေဖာ္ျပခ်က္အရ မစၥတာဂ်ိမ္းစ္၏ အိမ္လခသည္ တစ္လလွ်င္ ေဒၚလာ ၄၀၀ ခန္႔ ျမင့္တက္သြားျခင္း ျဖစ္ျပီး ထိုလခေပးႏိုင္ရန္အတြက္ ျပီးခဲ့ေသာ ဇန္နဝါရီလမွ စကာ အေစာင့္အလုပ္ျပန္ဝင္ခဲ့ရသည္။

Callisburg အထက္တန္းေက်ာင္းမွ ေက်ာင္းသားေက်ာင္းသူမ်ားက မစၥတာဂ်ိမ္းစ္၏ ဘဝကို သိလာရခ်ိန္တြင္ GoFundMe တြင္ သူ႔ကိုယ္စား အလွဴခံရန္ ဆံုးျဖတ္ခဲ့ၾကသည္။

ယင္းေနာက္ ၎တို႔က Thurman ကို ေရးသားပို႔စ္တင္ေပးပါရန္ အကူအညီေတာင္းခဲ့ၾကသည္။

ထိုအခ်ိန္တြင္ Thurman မွာ follower ၂၀၀၀ ေက်ာ္ရွိသူျဖစ္ရာ သူတင္ပါက လူသိမ်ားမည္ဟု ယူဆခဲ့ျခင္းေၾကာင့္ ျဖစ္သည္။

TikTok သံုးစြဲသူမ်ားက ဆယ္ေက်ာ္သက္ ေက်ာင္းသားေက်ာင္းသူေလးမ်ား၏ ၾကင္နာမႈကို ခ်ီးမြမ္းစကားေျပာၾကသည္။

မင္းတို႔ေတြ လုပ္ေပးတာေၾကာင့္ သူ႔အနာဂတ္က ပိုျပီးေတာက္ပသြားျပီ… ဟု TikTok သံုးစြဲသူတစ္ဦးက မွတ္ခ်က္ျပဳသည္။

ေက်ာင္းသားတစ္ဦးျဖစ္သူ Marti Yousko ၏ ေျပာၾကားခ်က္အရ မစၥတာဂ်ိမ္းစ္သည္ ခင္မင္ဖြယ္ရာေကာင္းျပီး အလြန္ရွက္တတ္ ၊ အလြန္ႏႈတ္ဆိတ္တတ္သူ တစ္ဦးျဖစ္သူဟု ဆုိသည္။

Fox4 KDFW သတင္းဌာနက ေတြ႔ဆံုေမးျမန္းခြင့္ေတာင္းခဲ့ေသာ္လည္း မစၥတာဂိ်မ္းစ္က ျငင္းပယ္ခဲ့သည္။

Callisburg အထက္တန္းေက်ာင္း၏ ေက်ာင္းအုပ္ၾကီး Jason Hooper က ေျပာသည္မွာ မစၥတာဂ်ိမ္းစ္က လူသိမ်ား ေက်ာ္ၾကားမႈမ်ိဳးမလိုလားေၾကာင္း ၊ သို႔ေသာ္ ေက်ာင္းသားေက်ာင္းသူမ်ား လုပ္ေဆာင္ေပးခဲ့မႈအေပၚ အလြန္ေက်းဇူးတင္ေနေၾကာင္း ေျပာသည္။

ျပီးခဲ့ေသာ ရက္သတၱပတ္က အလွဴေငြမွာ ေဒၚလာ ၂၈၀၀၀ ခန္႔သာ ရွိခဲ့ေသးသည္။

Thurman ကေျပာသည္မွာ မိမိႏွင့္ ေက်ာင္းသားေက်ာင္းသူမ်ားအေနျဖင့္ မစၥတာဂ်ိမ္းစ္ကို ျငိမ္းခ်မ္းစြာ အျငိမ္းစားယူႏိုင္ေစရန္သာ လုိလားေၾကာင္းေျပာသည္။

“သူက ႏွစ္ေပါင္း ၇၀ အလုပ္လုပ္ခဲ့ျပီးပါျပီ။ တစ္ဘဝလံုး အနားမရဘဲ ဘယ္သူမွ အလုပ္မလုပ္ေစသင့္ပါဘူး။”

၂၀၂၂ ခုႏွစ္ ဇန္နဝါရီလအတြင္းက Walmart ကုန္တိုက္မွ ေငြကိုင္တစ္ဦး အျငိမ္းစားယူႏိုုင္ေစရန္ TikTok သံုးစြဲသူတို႔က အလွဴေငြ ေဒၚလာ ၁၀၀၀၀၀ ေက်ာ္ ရွာေပးခဲ့ဖူးသည္။

ေလ့လာခ်က္မ်ားအရ အေမရိကန္ အလုပ္သမား သန္းေပါင္းမ်ားစြာမွာ အလုပ္မွ အနားယူရမည့္ အရြယ္တြင္ ျငိမ္းခ်မ္းစြာ ေနထိုင္ႏိုင္မည့္ ဘဝမ်ိဳး မရရွိက်ေသးေၾကာင္း ေတြ႔ရသည္။

ေဘာ့စတြန္ ေကာလိပ္မွ ၂၀၂၁ ခုႏွစ္အတြင္း ေလ့လာခ်က္အရ အေမရိကန္ သက္ၾကီးရြယ္အို ၃၆ ရာခိုင္ႏႈန္းမွာ တစ္ႏွစ္တာ သံုးစြဲႏုိင္မည့္ စုေဆာင္းေငြပင္ မရွိေၾကာင္း ေတြ႔ရသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Students raised more than $200,000 for their 80-year-old school janitor to retire after a rent hike sent him back into the workforce (insider)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
လီဗာပူးအသင်းက နည်းပြများ နေထိုင်ရန် ဝယ်ယူထားသော စံအိမ်တွင် ယာဂန် ကလော့ နေထိုင်ခဲ့သော်လည်း ၎င်းထွက်ခွာသွားပြီးနောက် နည်းပြသစ်က နေထိုင်လိုခြင်းမရှိကြောင်း ငြင်းပယ်ခဲ့ရာ စံအိမ်ကို ပေါင် ၄ သန်း ဖြင့် အရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service