လီဗာပူးအသင်းက နည်းပြများ နေထိုင်ရန် ဝယ်ယူထားသော စံအိမ်တွင် ယာဂန် ကလော့ နေထိုင်ခဲ့သော်လည်း ၎င်းထွက်ခွာသွားပြီးနောက် နည်းပြသစ်က နေထိုင်လိုခြင်းမရှိကြောင်း ငြင်းပယ်ခဲ့ရာ စံအိမ်ကို ပေါင် ၄ သန်း ဖြင့် အရောင်းဈေးကွက်တင်

လီဗာပူးအသင်းက နည်းပြများ နေထိုင်ရန် ဝယ်ယူထားသော စံအိမ်တွင် ယာဂန် ကလော့ နေထိုင်ခဲ့သော်လည်း ၎င်းထွက်ခွာသွားပြီးနောက် နည်းပြသစ်က နေထိုင်လိုခြင်းမရှိကြောင်း ငြင်းပယ်ခဲ့ရာ စံအိမ်ကို ပေါင် ၄ သန်း ဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
2 Jan 2025 10:41 am တွင် တင်ခဲ့သည်
346 ကြိမ် ကြည့်ရှု့ပြီး

၂၀၁၉ ခုနှစ်က လီဗာပူးအသင်းကို ချန်ပီယံလိဂ်ဖလား ရယူပေးခဲ့သော နည်းပြကြီး ယာဂန်ကလော့မှာ ၂၀၂၄ နှစ်ဆန်းပိုင်းတွင် အသင်းမှ ထွက်ခွာတော့မည်ဖြစ်ကာ ဘောလုံးလောကမှ ခေတ္တ အနားယူမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

မိမိတွင် ခွန်အားများမရှိတော့ကြောင်း၊ ယခုအလုပ်ကို မနားနိုင်အောင် ထပ်ဖန်တလဲလဲ မလုပ်နိုင်တော့ကြောင်း ပြောခဲ့သည်။

၎င်းအနေဖြင့် အင်္ဂလန်တွင် လီဗာပူးမှလွဲပြီး အခြားအသင်းများတွင် မန်နေဂျာအဖြစ် လုပ်ကိုင်မည်မဟုတ် ကြောင်းလည်း ယာဂန်ကလော့က ကြေညာသွားသည်။

အင်္ဂလန်နိုင်ငံ၊ မာဆေးဆိုက်ခရိုင်ရှိ Millionaire’s Row တွင် လီဗာပူးအသင်းက နည်းပြများ နေထိုင်ရန် ဝယ်ယူပေးထားသော စံအိမ်ကြီးတစ်လုံးရှိသည်။

အဆိုပါစံအိမ်တွင် နောက်ဆုံးနေထိုင်သွားသူမှာ ယခုနှစ်ဆန်းပိုင်းက နည်းပြအဖြစ်မှ နှုတ်ထွက်သွားသူ ယာဂန် ကလော့ဖြစ်သည်။

နောက်ဆုံးပေါ် ပစ္စည်းများ ထည့်သွင်းပေးထားသော အားကစားလေ့ကျင့်ခန်းမ၊ salon ၊ ဆုတံဆိပ်များ ထားရှိရာအခန်း၊ အရက်ဘား၊ ဖျော်ဖြေရေးနေရာ၊ spa နှင့် အိပ်ခန်း ၆ ခန်း ပါဝင်သော အဆိုပါစံအိမ်ကြီးကို ယာဂန်ကလော့ ထွက်ခွာသွားပြီးနောက်ပိုင်း လီဗာပူးအသင်းက ပေါင် ၄ သန်းဖြင့် အရောင်းဈေးကွက် တင်လာသည်။

လီဗာပူးသို့ အသစ်ရောက်လာသော မန်နေဂျာ အားနေ ဆလော့ (Arne Slot) နှင့် ဇနီးဖြစ်သူ Mirjam တို့က ဤစံအိမ်တွင် မနေလိုကြောင်း ငြင်းပယ်ခဲ့ရာ လီဗာပူးအသင်းက အရောင်းဈေးကွက်တင်ခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၁၉ ခုနှစ်အတွင်း မန်နေဂျာဟောင်း ဘရန်ဒန် ရောဂျာက ယခုစံအိမ်သည် လီဗာပူးနည်းပြများ နေထိုင်ရန် နေရာအဖြစ် အသုံးပြုသင့်ကြောင်း ပြောဆိုခဲ့ပြီးနောက် လီဗာပူးအသင်းက ဝယ်ယူလိုက်ခြင်းလည်း ဖြစ်သည်။

ယာဂန်ကလော့သည် ယခုစံအိမ်ကြီးတွင် အိမ်လခ ပေးစရာမလိုဘဲ နေထိုင်ခဲ့ရခြင်းဖြစ်သည်ဟူသော သတင်းများ ရှိသည်။

သို့သော် ယခုအခါ လီဗာပူးအသင်းပိုင်ရှင်တို့က ရောင်းထုတ်ရန် ဆုံးဖြတ်ခဲ့ရာ အင်္ဂလန်အနောက်မြောက်ပိုင်းမှ လူကြိုက်အများဆုံး ဒေသဖြစ်သော Formby တွင် ရှိသည့် ယခုစံအိမ်ကြီးကို စိတ်ဝင်စားသူ များပြားဖွယ် ရှိသည်။

စံအိမ်အတွင်း စကျင်ကျောက်ပြားခင်း ကြမ်းပြင်များရှိပြီး တချိန်က ဘောလုံးကြယ်ပွင့်တို့၏ ချစ်သူ၊ ဇနီးများ ဝင်ထွက်ခြေချရာ နေရာတစ်ခု ဖြစ်ခဲ့သည်။

(ယာဂန်ကလော့က ဂျာမနီသို့ ပြန်ရန် ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း လီဗာပူးအသင်းက မာဆေးဆိုက်ရှိ ပေါင် ၄ သန်းတန် စံအိမ်ကို အရောင်းဈေးကွက်တင်ခဲ့သည်)

(Luxury စံအိမ်အတွင်း မြက်ခင်းတု ဝန်းပတ်ထားသော indoor ရေကူးကန်နှင့် အပန်းဖြေရန်နေရာတို့ ရှိသည်။)

(စံအိမ်ဝန်းအတွင်း နောက်ဆုံးပေါ်ပစ္စည်းများ ထည့်သွင်းပေးထားသော အားကစားလေ့ကျင့်ခန်း ပါဝင်သည့် ၂ ထပ်အဆောက်အအုံတစ်ခုလည်း ရှိသည်)

ကျယ်ဝန်းသော ပင်မအိပ်ခန်းတွင် ကြီးမားသည့် ရေစိမ်ကန်တစ်ခုပါသော ရေချိုးခန်းကြီးလည်း ပါဝင်သည်။

ခြံနောက်ဘက်တွင် မှန်သားနံရံများ ကာရံထားသော သီးခြားအဆောက်အအုံတစ်လုံးရှိပြီး အရက်ဘား၊ ဖျော်ဖြေရေးနေရာနှင့် အကခန်းမတို့ရှိသည်။

ထိုအဆောက်အအုံ၏ အပေါ်ထပ်တွင် အားကစားလေ့ကျင့်ခန်းမရှိပြီး ပြတင်းများဘေးတွင် exercise bike များ ထားရှိထားရာ ထိုနေရာမှ ကြည့်လျှင် ပင်မစံအိမ်ကို တွေ့ရမည် ဖြစ်သည်။

(တချိန်က ဘောလုံးသမားတို့၏ ချစ်သူ၊ ဇနီးများ ဝင်ထွက်သွားလာခဲ့ဖူးသော နေရာတစ်ခုဖြစ်သည်)

(ကြီးမားသော အဝင်ခန်းမ)

(ကျယ်ဝန်းလှသော မီးဖိုဆောင်ကြီးတွင် ညစာစားရန်နေရာလည်း ပါဝင်သည်)

(လီဗာပူးနည်းပြဟောင်း ဂျရတ်က ၂၀၀၅ ခုနှစ်တွင် ဒေသတွင်း အိမ်ခြံမြေ developer တစ်ဦးထံမှ ဝယ်ယူခဲ့သည်)

(ဂျရတ်သည် LA Galaxy ရှိရာ အမေရိကန်ပြည်သို့ ၂၀၁၅ ခုနှစ်တွင် ထွက်ခွာသွားပြီးနောက်ပိုင်း လီဗာပူးသို့ ရောက်ရှိလာသည့် မန်နေဂျာ ရောဂျာကို ယခုအိမ် ရောင်းချသွားခဲ့သည်)

(ဒုတိယမြောက် အိပ်ခန်းမှာ တစ်ခန်းလုံး ပန်းရောင်ဖြင့် မွမ်းမံထားသည်)

(အိပ်ခန်းနှင့်ကပ်လျက်တွင် တည်ရှိသော bathroom)

(အခြားသော အိပ်ခန်း ၁ ခန်း။)

(လီဗာပူးသို့ အသစ်ရောက်ရှိလာသော မန်နေဂျာ အားနေ ဆလော့တို့ ဇနီးမောင်နှံက ယခုစံအိမ်တွင် မနေလိုကြောင်း ငြင်းပယ်ခဲ့သောကြောင့် လီဗာပူးအသင်းက နေအိမ်ကို အရောင်းဈေးကွက်တင်လာခဲ့သည်)

(ဆက်စပ်သတင်း)) လီဗာပူးနည်းပြ ယာဂန်ကလော့၏ ပေါင် ၁၅၀,၀၀၀ တန် Bentley GT Continental ကား

https://www.imyanmarhouse.com/news/read/1082640

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: EXCLUSIVE Inside Jurgen Klopp's £4m Merseyside Millionaire's Row mansion with state-of-the-art gym, salon, trophy room and bar after ex-Liverpool boss put six-bedroom home up for sale

Photo Credit-dailymail

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
Aung Theikdi Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service