ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်

ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင် - Property News in Myanmar from iMyanmarHouse.com
7 Jan 2025 11:03 am တွင် တင်ခဲ့သည်
372 ကြိမ် ကြည့်ရှု့ပြီး

ပရီးမီးယားလိဂ် ထိပ်သီးကလပ်ဖြစ်သော ချယ်လ်ဆီးအသင်း၏ ပူးတွဲပိုင်ရှင်ဖြစ်သူ ဘက်ဒါး အက်ဘားလီ (Behdad Eghbali) သည် ဗြိတိန်၏ ဈေးအကြီးဆုံးဖြစ်သည့် ပေါင် ၅၆ သန်းတန် လူနေခန်းတစ်ခန်း မကြာသေးမီက ဝယ်ယူလိုက်သည်။

အီရန်ဖွား-အမေရိကန်နိုင်ငံသား အက်ဘားလီသည် ချယ်လ်ဆီးအသင်းကို Todd Boehly နှင့်အတူ ၂၀၂၂ ခုနှစ်အတွင်း ပူးတွဲဝယ်ယူခဲ့ခြင်း ဖြစ်သည်။

(ဗြိတိန်၏ ဈေးအကြီးဆုံး လူနေခန်းကို ဝယ်ယူလိုက်သူ အက်ဘားလီ။ ဓာတ်ပုံ-AFP)

Bloomberg သတင်းတွင် ဖော်ပြချက်အရ အက်ဘားလီသည် ရုပ်ရှင်ခန်း၊ ရေကူးကန်နှင့် spa တို့ပါဝင်သော လူနေခန်းကို ပြီးခဲ့သောနွေရာသီက ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အက်ဘားလီ၏ ကြွယ်ဝမှုမှာ ပေါင် ၃ ဘီလီယံရှိသည်ဟု ခန့်မှန်းရသည်။

အက်ဘားလီသည် မေဖဲယားအရပ်တွင်ပင် ပေါင် ၃၄ သန်းတန် လူနေခန်းတစ်ခန်းလည်း ပိုင်ဆိုင်ထားသေးသည်။

အက်ဘားလီနှင့် Todd Boehly တို့သည် ၂၀၂၂ ခုနှစ် နွေရာသီတွင် ချယ်လ်လီးအသင်းကို ရိုမန် အဘရာမိုဗစ်ချ်ထံမှ ပေါင် ၄ ဒသမ ၂၅ ဘီလီယံပေးကာ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

သို့သော် ပိုင်ရှင်သစ်နှစ်ဦးအကြား အချေအတင်ဖြစ်ကာ မသင့်မမြတ်ဖြစ်နေသည်ဟူသော ကောလာဟလများမှာ ဘောလုံးရာသီအစတွင်ပင် ပေါ်ပေါက်လာခဲ့သည်။

အသင်းပိုင်ရှင်နှစ်ဦးမှာ တဇောင်းနှင့်မျက်ချေးသဖွယ်ဖြစ်နေပြီး တစ်ဦး၏ရှယ်ယာကို တစ်ဦးကဝယ်ကာ ကန်ထုတ်ပစ်လိုနေဟန်ရသည်။

ချယ်လ်ဆီးအသင်းမှာ နည်းပြသစ် Enzo Maresca ၏ လက်အောက်တွင် ရလဒ်ကောင်းများရှိလာသည်။

အသင်းပိုင်ရှင်နှစ်ဦးကို နောက်ဆုံးတွဲလျက်တွေ့ခဲ့ရသည်မှာ စက်တင်ဘာလအတွင်း ဝက်စ်ဟမ်းနှင့် အဝေးကွင်း ပွဲစဉ်တွင် ဖြစ်သည်။

အောက်တိုဘာလအတွင်း နော်တင်ဟမ်ဖောရက်စ်နှင့် ၁-၁ သရေကျသော ပွဲစဉ်တွင် ပွဲကို နှစ်ဦးလုံး တက်ခဲ့သော်လည်း တစ်ယောက်တစ်နေရာစီ ထိုင်ခဲ့ကြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Chelsea co-owner Behdad Eghbali buys UK’s most expensive flat as he purchases luxury £56million Mayfair penthouse Photo Credit-AFP

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...

တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...

အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင

ဂျပ်စတင်ဘီဘာနှင့် ဟိုင်လေတို့စုံတွဲ အမေရိကန်ကို ကျောခိုင်းရန်အတွက် ဥရောပတွင် အိမ်လိုက်ရှာနေ

တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး

ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K

တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ

ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ

သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ

CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ

[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန

အမေရိကန်ပြည်တွင် ကျောင်းသူတစ်ဦးက အထက်တန်းကျောင်းမှ စာမေးပွဲအောင်ခဲ့သည့်တိုင် စာမဖတ်တတ်၊ မရေးတတ်ဖြစ်နေ၊ မိမိအား ကောင်းစွာ

imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service